Connect with us

Hi, what are you looking for?

သတင်း

မန္တလေးက သုံးဘီးတွေ တစ်ရက်ခြား ဆီ ၄ လီတာသာဝယ်ခွင့်ရလို့ အခက်တွေ့နေ

မန္တလေးမြို့မှာ သုံးဘီးယာဥ်တွေ တရက်ခြား ဆီ ၄ လီတာသာ ဝယ်ခွင့်ရလို့ အခက်အခဲရှိနေကြောင်း ယာဥ်မောင်းအချို့က ပြောပါတယ်။

ဓာတ်ဆီဝယ်ယူရန်တန်းစီနေသော သုံးဘီးယာဥ်အချိူ့အား တွေ့ရစဥ်။ ဓာတ်ပုံ - CJ

မတ်-၁၇၊ ၂၀၂၆။မေရီ/People’s Spring

မန္တလေးမြို့မှာ သုံးဘီးယာဥ်တွေ တရက်ခြား ဆီ ၄ လီတာသာ ဝယ်ခွင့်ရလို့ အခက်အခဲရှိနေကြောင်း ယာဥ်မောင်းအချို့က ပြောပါတယ်။

မန္တလေးမြို့မှာ မီနီအိုးဝေလို့ အလွယ်ခေါ်ကြတဲ့ သုံးဘီးအငှားယာဥ်တွေကို စစ်ကောင်စီက တစ်ရက်ခြား ဆီ ၄လီတာသာ ဝယ်ယူခွင့်ကန့်သတ်ထားတာကြောင့် ပြေးဆွဲဖို့ အခက်အခဲရှိနေကြောင်း သုံးဘီးယာဥ်မောင်းအချို့က ပြောပါတယ်။

“တစ်ရက်ခြား ၄ လီတာ၊ တစ်ရက် ၂ လီတာက ဘယ်လိုမှ မလောက်ဘူး။ ကျောက်ဆည်တို့ စသဖြင့် အဝေးဆို လိုက်တောင်မလိုက်တော့ဘူး။”လို့ သုံးဘီးယာဥ်မောင်းတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဆီဆိုင်အချို့ကလည်း ၄ လီတာအပြည့်ရောင်းမပေးဘဲ တစ်သောင်းဝန်းကျင်ဖိုးသာ ရောင်းပေးတာတွေ၊ ဆီထုတ်ဖို့ QR လုပ်လို့မရတဲ့ပြဿနာတွေလည်း ဖြစ်ပွားနေကြောင်း သုံးဘီးယာဥ်မောင်းအချို့က ပြောပါတယ်။

ဒါ​ပေမယ့်စက်သုံးဆီဆိုင်အချို့မှာတော့ သုံးဘီးယာဥ်တွေကို တစ်ရက်ခြားမဟုတ်ဘဲ နေ့စဥ် လေးလီတာအပြည့် ရောင်းချပေးနေပြီး ဆိုင်ပေါ်မူတည်ကာ ရောင်းချမှုစနစ် ကွာခြားနေတာဖြစ်ကြောင်း ယာဥ်မောင်းအချို့က ပြောပါတယ်။

အလားတူ စစ်ကိုင်းမြို့ဘက်ကလာတဲ့ သုံးဘီးအပါအဝင် ယာဥ်အမျိုးမျိုးကိုလည်း မန္တလေးမြို့က စက်သုံးဆီရောင်းချမပေးလို့ အခက်အခဲတွေရှိနေကြောင်း စစ်ကိုင်းမြို့ဒေသခံအချို့က ပြောပါတယ်။

ပုဂ္ဂလိက ယာဥ်လိုင်းစနစ်မရှိတဲ့ မန္တလေးမြို့မှာ သုံးဘီးအငှားယာဥ်တွေကို အများဆုံး အသုံးပြုနေကြတာဖြစ်ပါတယ်။

စစ်ကောင်စီဟာ ယာဥ်အမျိုးအစားအလိုက် တစ်ကြိမ်ဝယ်ရင် ဆိုင်ကယ် ၂ လီတာ၊ သုံးဘီးနဲ့ အိုးဝေ ၄လီတာ၊ အိမ်စီးကားများ ၁၂ လီတာ၊ Light Truck (အိမ်စီးကားအမျိုးအစား)၂၀ လီတာ၊ ခရီးသည်တင်ယာဉ်နဲ့ ကုန်ကားကြီးများ ၅၀ လီတာသာ တစ်ရက်ခြား ဝယ်ယူခွင့် ကန့်သတ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။