Connect with us

Hi, what are you looking for?

သတင်း

ကျောက်တံခါးမှာ စစ်တပ် လက်နက်ကြီးကြောင့် ကလေးငယ်၂ဦးအပါအဝင် မိသားစုဝင် ၄ဦး သေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် လယ်ဒိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ကလေးငယ်၂ဦး အပါအဝင် ၄ဦးသေဆုံးကာ ၃လအရွယ် ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - KNU

မတ်-၁၇၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် လယ်ဒိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ကလေးငယ်၂ဦး အပါအဝင် ၄ဦးသေဆုံးကာ ၃လအရွယ် ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

မတ်လ ၁၃ရက်ညပိုင်းမှာ ခမရ(၃၀၇)တပ်ရင်းက သဲဖြူကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အသက် ၁၀နှစ်နဲ့ ၁၂နှစ်အရွယ် ကလေးငယ် ၂ဦးနဲ့ အသက် ၄၀ကျော်အရွယ် အမျိုးသား ၁ဦး၊ အမျိုးသမီး ၁ဦး သေဆုံးကာ ၃ လသားကလေးငယ် ဒဏ်ရာရခဲ့ကြောင်း ဓာတ်ပုံတွေနဲ့အတူ ဖော်ပြပါတယ်။

စစ်တပ် လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့တဲ့ သဲဖြူရွာသစ်ဟာ KNU အုပ်ချုပ်နယ်မြေ သတ်မှတ်ချက်အရ လယ်ဒိုမြို့နယ်ထဲက ဖြစ်ပေမယ့် ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်အတွင်းက ကျေးရွာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီဖြစ်စဉ်ကို ကျောက်တံခါး PDFက သတင်းထုတ်ပြန်ထားရာ သေဆုံးခဲ့တဲ့သူ ၄ဦးဟာ မိသားစုဝင်တွေဖြစ်တယ်လို့ အသိပေးထားပါတယ်။

မတ်လ ၁၃ရက်ည ၉နာရီကျော်မှာ ပဲနွယ်ကုန်း အခြေစိုက် ၃၀၇ တပ်က လက်နက်ကြီး ပစ်ခတ်တဲ့အပြင် ဒရုန်းဗုံးသီး ၄လုံးကြဲချခဲ့တာလို့ အသိပေးပါတယ်။ စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ သဲဖြူရွာသစ် ကျေးရွာကို အကြောင်းမဲ့ တိုက်ခိုက်ခဲ့တာလို့လည်း ကျောက်တံခါး PDFက ထုတ်ပြန်ပါတယ်။

ပဲနွယ်ကုန်းမြို့ ရွှေဝါကျေးရွာအခြေစိုက် ခမရ(၃၀၇) တပ်ရင်း၊ ပိန်းဇလုတ်အခြေစိုက် ခမရ(၂၆၄) တပ်ရင်းနဲ့ ကျောက်တံခါးမြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျောက်တံခါးမြို့နယ်အတွင်းက ကျေးရွာတွေ အပါအဝင် စစ်တောင်းမြစ်တလျှောက် ရွာတွေကို လက်နက်ကြီးပစ်ခတ်တာတွေ နေ့စဉ်နီးပါး လုပ်ဆောင်နေကြောင်းကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးတပ်တွေရဲ့ မြေပြင်ရိက္ခာလမ်းကြောင်း ဖြတ်တောက်ခံထားရတဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်က အမှတ်(၃)တပ်မတော်အကြီးစားစက်ရုံ(တစခ -၃)ကို စစ်တပ်က လေယာဉ်နဲ့ ရိက္ခာတွေ ချပေးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု တာဝန်ရှိသူက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ချင်းပြည်နယ်တောင်ပိုင်းမြို့တွေ ဖြစ်တဲ့ မင်းတပ်နဲ့ မတူပီမြို့ကို လေကြောင်းက ဗုံးကြဲမှု ထပ်မံပြုလုပ်ခဲ့သလို မကွေးတိုင်း၊ ဆောမြို့နယ် ကျောက်ထုဒေသကိုလည်း လေကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း၊ ပြည်မြို့မှာ ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း နေအိမ်ပေါ်တက် ပေါ်တာဆွဲခံလိုက်ရပါတယ်။

သတင်း

အမှတ်(၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၆) ဦးတည်တဲ့ ထိုးစစ်တွေကြောင့် တိုက်ပွဲတွေပြင်းထန်နေတဲ့ ပန်းတောင်းမြို့နယ်မှာ စစ်တပ်ဂိတ်တွေကို အစစ်အဆေးမရှိဖြတ်ကျော်လာတဲ့ စိတ်ကြွဆေးပြား သိန်း ၃၀‌ကျော်ကို အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေက ဖမ်းဆီးနိုင်ခဲ့ပါတယ်။