Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ အုပ်စု ၃စုခွဲပြီး တစ်ရက် ၈နာရီ မီးဖြတ်မယ်

မန္တလေးခရိုင်အတွင်း အလှည့်ကျ လျှပ်စစ်မီး​ဖြတ်မယ့် အချိန်စာရင်း ထုတ်ပြန်လိုက်ပြီး တစ်ရက် ၈ နာရီ မီးဖြတ်မယ်လို့ စစ်ကောင်စီရဲ့လျှပ်စစ်ရုံးတွေက ကြေညာပါတယ်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် တစ်နေရာအား ညပိုင်းအချိန်တွေ့ရစဉ်။ ဓာတ်ပုံ - CJ

မတ်-၁၈၊ ၂၀၂၆။​ဇေအောင်/People’s Spring

မန္တလေးခရိုင်အတွင်း အလှည့်ကျ လျှပ်စစ်မီး​ဖြတ်မယ့် အချိန်စာရင်း ထုတ်ပြန်လိုက်ပြီး တစ်ရက် ၈ နာရီ မီးဖြတ်မယ်လို့ စစ်ကောင်စီရဲ့လျှပ်စစ်ရုံးတွေက ကြေညာပါတယ်။

စစ်ကောင်စီဟာ လျှပ်စစ်သုံးစွဲမှု မြင့်တက်လာတာကို အကြောင်းပြကာ ဝန်အားထိန်းညှိတဲ့အနေနဲ့ ဒီကနေ့ မတ်လ ၁၈ ရက်ကစပြီး လျှပ်စစ်မီးကို ခွဲတမ်းနဲ့သာမီးပေးတော့မယ်လို့ စစ်တပ်ရဲ့ လျှပ်စစ်ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

မန္တလေးမြို့အပါအဝင် မန္တလေးခရိုင်အတွင်းရှိ မြို့နယ်တွေမှာတော့ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ရုံးတွေကနေ ဓာတ်အားပေးဝေမှုကို အုပ်စုခွဲပြီး အချိန်ပိုင်းနဲ့ စတင်ဖြတ်တောက်နေကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

လျှပ်စစ်မီးကို အုပ်စု (A)၊ (B) နဲ့ (C) ဟူ၍ သုံးအုပ်စုခွဲထားကာ တစ်ရက်လျှင် ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ အုပ်စု A၊ မနက် ၄ နာရီမှ မနက် ၈ နာရီ အထိ အုပ်စု B၊ မနက် ၈ နာရီမှ နေ့လယ် ၁၂ နာရီအထိ အုပ်စု C၊ နေ့လယ် ၁၂ နာရီမှ ညနေ ၄ နာရီအထိ အုပ်စု A၊ ညနေ ၄ နာရီမှ ည ၈ နာရီအထိ အုပ်စု B၊ ည ၈ နာရီမှ ည ၁၂ နာရီအထိ အုပ်စု C စသဖြင့် အလှည့်ကျ ၄ နာရီကြာ လျှပ်စစ်ဓာတ်အား ဖြတ်တောက်သွားမှာဖြစ်ကြောင်း လျှပ်စစ်ရုံးတွေရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ ထုတ်ပြန်ထားတဲ့ အချိန်စာရင်းအရ အုပ်စုတစ်စုကို မီး ၄ နာရီပိတ်၊ ၈ နာရီလာတဲ့ စနစ်ကိုအသုံးပြုသွားမယ်လို့ သိရတယ်။

“ဒီနေ့စပေးတာကို ဇယားအတိုင်းမမှန်ဘူး။ မနက်က ၄နာရီကနေ ၈ နာရီအထိ ပြတ်တယ်။ မနက် ၈ နာရီကျလာပြီး နေ့လယ် ၁၂ ကျ ပြတ်ပြန်ရော။”လို့ ချမ်းမြသာစည်မြို့နယ်နေ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အလှည့်ကျစနစ်နဲ့ ဖြတ်တောက်တာကို မတ်လကနေ ဇွန်လအထိ လေးလကြာဆောင်ရွက်သွားဖို့ စီစဉ်ထားတယ်လို့လည်း ထုတ်ပြန်ချက်အရ နားလည်ရပါတယ်။

​ဒါပေမယ့် အများပြည်သူသုံးစွဲတဲ့ လိုင်းတွေကို ဖြတ်တောက်မှာဖြစ်ပေမဲ့ သဘာဝဓာတ်ငွေ့ရည် (LNG) သုံး ဓာတ်အားပေးစက်ရုံတွေက တိုက်ရိုက်သွယ်တန်းထားတဲ့ လိုင်းတွေကို ခြွင်းချက်အနေနဲ့ မီးမဖြတ်ဘဲ ဆက်လက်ဖြန့်ဖြူးပေးသွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ အဲဒီ လိုင်းတွေဟာ အခွင့်ထူးခံ လူတန်းစားတွေနဲ့ စစ်ကောင်စီရဲ့ အဓိကယန္တရား နေရာတွေသာ ဖြစ်နိုင်ကြောင်း ဝေဖန်မှုတွေရှိနေပါတယ်။

​လက်ရှိမှာ မြန်မာနိုင်ငံအနှံ့အပြား လျှပ်စစ်မီးပုံမှန်မရရှိတဲ့အပြင် လောင်စာဆီဈေးနှုန်းတွေလည်း မြင့်တက်နေတာကြောင့် ပြည်သူတွေရဲ့ နေ့စဉ်လူနေမှုဘဝနဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍတွေမှာပါ ကြီးမားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ System Breakdown ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီကနေ့ (စက်တင်ဘာ၁၁ရက်) မှာလျှပ်စစ်မီး ပြတ်တောက်မှုတွေဆက်တိုက်ဖြစ်နေတယ်လို့ ‌ပြည်သူတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ပေါ်တာဆွဲတာတွေ ကြမ်းနေချိန် စစ်တပ်က ဇာတ်သဘင်နဲ့ စတိတ်ရှိုးဖျော်ဖြေပွဲတွေ ဆက်တိုက်ပြုလုပ်ဖို့ စီစဥ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ပုဂ္ဂလိကလုပ်ငန်းတွေက ဝန်ထမ်းစာရင်းတွေကို အာဏာသိမ်းစစ်တပ်က တောင်း​ယူလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်မှာ ဒီနေ့စက်တင်ဘာ ၉ရက် မနက်က သစ်ပင်လဲပြီး ကား၁စီးပေါ်ပိမိပြီး လူ ၁ဦးပိ​တ်မိနေလို့ ကယ်ဆယ်နေရပါတယ်။