Connect with us

Hi, what are you looking for?

သတင်း

ကြို့ပင်ကောက် NLD မြို့နယ် အမျိုးသမီးလုပ်ငန်းကော်မတီ ဥက္ကဌ သတ်ဖြတ်ခံရ

ပဲခူးတိုင်း အနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD )မြို့နယ် အမျိုးသမီးလုပ်ငန်းကော်မတီဥက္ကဌ ဒေါ်တင်တင်နု သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက​ပြောပါတယ်။

​​​သေနတ်ဖြင့်ပသ်သတ်ခံခဲ့ရတဲ့ဒေါ်တင်တင်နု ။ဓါတ်ပုံ-FB

​မတ်-၂၂၊ ၂၀၂၆။ဒလပန်း/People’s Spring

ပဲခူးတိုင်း အနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD )မြို့နယ် အမျိုးသမီးလုပ်ငန်းကော်မတီဥက္ကဌ ဒေါ်တင်တင်နု သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက​ပြောပါတယ်။

အသက် ၅၄ နှစ် အရွယ် ​ဒေါ်တင်တင်နုဟာ မတ်လ ၂၂ ရက် နေ့လည် ၁၂ နာရီအချိန်မှာ သဲကုန်းရပ်ကွက်ကနေအိမ်မှာ အမည်မသိလက်နက်ကိုင်တစ်ဦးက သေနတ်နဲ့ပစ်ခတ်သွားတာလို့သိရပါတယ်။

“၁၀ နှစ်ကျော်သမီးလေးနဲ့သူနဲ့က သူတို့နေအိမ်မှာ ကလေးမလေးက အရှေ့မှာ ခုံတန်းလျားလေးမှာ ထိုင်နေတဲ့အချိန် သေဆုံးသူ အမျိုးသမီးက ဟင်းချက်နေတာ အဲ့အချိန်မှာ လူတစ်ယောက်ဝင်လာပြီးတော့သေနတ်နဲ့ ငါးချက်ပစ်သွားတယ်။ ပွဲချင်း ပြီးဆုံးသွားတယ်”လို့ဒေသခံတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဘယ်သူ ဘယ်အဖွဲ့အစည်းက ပစ်ခတ်သွားတယ်ဆိုတာကို မသိရှိရသေးဘူးလို့ ဒေသခံတွေကဆိုပါတယ်။ဒေသခံအချို့က​တော့စစ်တပ်လက်အောက်ခံပျူ​စေထီး​ ကသတ်တာလို့​ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လပိုင်းမှာ ပထမအကြိမ်် လုပ်ကြံခဲ့ရဖူးတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိပါတယ်။

သေဆုံးသွားတဲ့ဒေါ်တင်တင်နုဟာကြို့ပင်ကောက်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါတီဒုတိယဥက္ကဌလည်းဖြစ် ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိထားတဲ့ ကြို့ပင်ကောက်မြို့နယ် တိုင်းဒေသကြီး အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ်ဦးတင်ထွဋ်(လက်ရှိတိမ်းရှောင်နေရ)ရဲ့ ဇနီးလည်းဖြစ်ပါတယ်။

“အရင်တခါ ၁၇.၇.၂၀၂၅ တုန်းက တကြိမ်လုပ်ကြံခံရသေးပါတယ်။ နောက်ရက်တွေမှာတနေရာကိုပြောင်းရွေ့ထားခဲ့ပါတယ်။ ကျွန်တော်လဲ မနေတော့ဖို့အတန်တန်ပြောပြီး ခုလကုန်လောက်မှပြောင်းရွေ့ဘို့စီစဥ်နေဆဲမှာလုပ်ကြံခံခဲ့ရတာပါ”လို့ ​​ဒေါ်တင်တင်နုရဲ့ မိတ်​ဆွေတဦးက​ပြောပါတယ်။

စစ်အုပ်စုရဲ့ ဥပဒေမဲ့ကျူးလွန်မှုတွေကြောင့် သေဆုံးခဲ့ကြရတဲ့ ပြည်သူပေါင်း ၅၈၆၂ ဦးမှာ NLD အဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ် ၈ ဦး၊ ပါတီဝင် ၁၁၄ စုစုပေါင်း ၁၂၂ ဦး ပါဝင်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။

ဆောင်းပါး

နေပြည်တော် အာဏာသိမ်းစစ်အုပ်စုက ငြိမ်းချမ်းရေးလို့ ခေါင်းစဥ်တပ်ကာ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်နေချိန်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ‘တွေ့ဆုံညှိနှိုင်းအဖြေရှာရေး’မူကို ကိုင်စွဲကြောင်း ထုတ်ပြန်လာပါတယ်။

သတင်း

အာဏာစစ်အုပ်စုကို အသိအမှတ်မပြုမိစေဖို့ အရေးကြီးဟု NLD ပြော

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းပေးမှုတွေကို ကျေးဇူးတင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက် ရေးလှုံ့ဆော်မှုအဖွဲ့ (CRPP-NLD)က ဒီကနေ့ ထုတ်ပြန်ပါတယ်။