Connect with us

Hi, what are you looking for?

သတင်း

ဝမ်းတွင်းမှာ စစ်တပ် ပေါ်တာလာဆွဲလို့ ခြုံထဲပုန်းနေတဲ့ အမျိုးသား ပိုးထိသေဆုံး

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ စစ်တပ်က ပေါ်တာလာဆွဲဖမ်းဆီးလို့ ခြုံအတွင်းပုန်းခိုနေတဲ့ အမျိုးသားတစ်ဦး ပိုးထိသေဆုံးခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ စစ်တပ်က ပေါ်တာလာဆွဲဖမ်းဆီးလို့ ခြုံအတွင်းပုန်းခိုနေတဲ့ အမျိုးသားတစ်ဦး ပိုးထိသေဆုံးခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

မတ်-၂၅၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ စစ်တပ်က ပေါ်တာလာဆွဲဖမ်းဆီးလို့ ခြုံအတွင်းပုန်းခိုနေတဲ့ အမျိုးသားတစ်ဦး ပိုးထိသေဆုံးခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

မတ်လ ၂၂ ရက် ည ၉နာရီခန့်က ဝမ်းတွင်းမြို့နယ်က ဖလန်ကန်ကျေးရွာကို စစ်ကောင်စီတပ်က ပေါ်တာဆွဲဖို့ ဝင်လာတယ်လို့ သတင်းကြားတာကြောင့် ရွာကလူငယ်တွေအားလုံး ရွာအပြင်ထွက်ပြေးကာ ခြုံတွေကြားထဲ ပုန်းအောင်းခဲ့ကြကြောင်း၊ အဲဒီပုန်းအောင်းကြတဲ့သူတွေထဲက အသက်(၄၂)နှစ်အရွယ် အမျိုးသားတစ်ဦးဟာ မြွေကိုက်ခံရပြီး သေဆုံးသွားခဲ့ကြောင်း Voice Of Wundwin အဖွဲ့က ပြောပါတယ်။

“အိမ်ပေါ်တွေတက်ဆွဲနေတာကြာပြီ။ ပုံမှန်လိုကိုဖြစ်နေပြီ”လို့ ဝမ်းတွင်းဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ မတ်လ ၁၈ရက်ကစပြီး ဝမ်းတွင်းမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်တပ်က ပေါ်တာလိုက်ဆွဲခဲ့ရာမှာ လေးရက်အတွင်း လူငယ်လေးဆယ်ကျော်ဖမ်းဆီးခံလိုက်ရကြောင်း Voice Of Wundwin အဖွဲ့ရဲ့မှတ်တမ်းတွေအရ သိရပါတယ်။

ဖမ်းဆီးခံရသူတွေဟာ နေအိမ်အတွင်း အိပ်ပျော် နေသူတွေနဲ့ ဘုန်းကြီးကျောင်း အရုဏ်ဆွမ်းပို့သူတွေပါ ပါဝင်ခဲ့ကြောင်း၊ စစ်တပ်ဟာ ကျေးရွာတွေကို လှည့်လည်မွှေနှောက်ပြီး လမ်းပေါ်တွင်တွေ့သမျှ လူငယ်တွေကို ကားပေါ်ဆွဲတင်တာတွေ၊ အိမ်ပေါ်ထိတက် ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်တပ်က စစ်မှုထမ်းဥပဒေပြဌာန်းပြီး ၂၀၂၄ ဧပြီကစတင်ကာ လူငယ်တွေကို စစ်မှုထမ်းဖို့ အတင်းအကျပ် ဖမ်းဆီးမှုတွေပြုလုပ်ခဲ့တာပါ။

စစ်မှူထမ်းအပတ်စဉ် တစ်ခုမှာ လူဦးရေငါးထောင်ခေါ်ယူမယ်လို့ ကြေညာထားရာ ဖေဖော်ဝါရီမှာ စစ်မှုထမ်းအပတ်စဉ် (၂၂)ရောက်ရှိနေပြီဖြစ်ပါတယ်။

စစ်တပ်ရဲ့စစ်မှုထမ်းတာကို ငွေပေးပြီးရှောင်ရှားသူများပြားလာတာကြောင့် ပေါ်တာဆွဲတာ၊ ငွေလိုသူတွေကိုငွေပေးပြီး အစားထိုးမယ့်သူကို ရောင်းစားတာစတဲ့ လူစားထိုးမှုတွေလည်းများလာပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကြွီတဲ၊ ရေချမ်းပြင်၊ အမြင့်ကျွန်းဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေ

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ အောက်တိုဘာ ၂၉ရက်ညနေပိုင်းနဲ့ ညပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်ခဲ့လို့ အဆောက်အအုံများစွာ ပျက်စီးခဲ့ရကြောင်း မင်းတပ်ဒေသခံက ပြောပါတယ်။

သတင်း

ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး ရဲ့ စစ်သုံ့ပန်းစခန်းကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံထားရတဲ့ စစ်သား ၁၀ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းပြည်ကောင်စီ(CC) ချင်းပြည်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွန်ကိန်းက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ကျေးရွာအုပ်စုမှာ အောက်တိုဘာ ၂၈ရက်ကတိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်က ၁၅ဦး ထက်မနည်းသေဆုံးကာ လေယာဉ်ပစ်ကူအကြိမ်ကြိမ်ယူခဲ့တယ်လို့ တလုပ် PDFအဖွဲ့က ပြောပါတယ်။