Connect with us

Hi, what are you looking for?

သတင်း

ဝမ်းတွင်းမှာ စစ်တပ် ပေါ်တာလာဆွဲလို့ ခြုံထဲပုန်းနေတဲ့ အမျိုးသား ပိုးထိသေဆုံး

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ စစ်တပ်က ပေါ်တာလာဆွဲဖမ်းဆီးလို့ ခြုံအတွင်းပုန်းခိုနေတဲ့ အမျိုးသားတစ်ဦး ပိုးထိသေဆုံးခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ စစ်တပ်က ပေါ်တာလာဆွဲဖမ်းဆီးလို့ ခြုံအတွင်းပုန်းခိုနေတဲ့ အမျိုးသားတစ်ဦး ပိုးထိသေဆုံးခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

မတ်-၂၅၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ စစ်တပ်က ပေါ်တာလာဆွဲဖမ်းဆီးလို့ ခြုံအတွင်းပုန်းခိုနေတဲ့ အမျိုးသားတစ်ဦး ပိုးထိသေဆုံးခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

မတ်လ ၂၂ ရက် ည ၉နာရီခန့်က ဝမ်းတွင်းမြို့နယ်က ဖလန်ကန်ကျေးရွာကို စစ်ကောင်စီတပ်က ပေါ်တာဆွဲဖို့ ဝင်လာတယ်လို့ သတင်းကြားတာကြောင့် ရွာကလူငယ်တွေအားလုံး ရွာအပြင်ထွက်ပြေးကာ ခြုံတွေကြားထဲ ပုန်းအောင်းခဲ့ကြကြောင်း၊ အဲဒီပုန်းအောင်းကြတဲ့သူတွေထဲက အသက်(၄၂)နှစ်အရွယ် အမျိုးသားတစ်ဦးဟာ မြွေကိုက်ခံရပြီး သေဆုံးသွားခဲ့ကြောင်း Voice Of Wundwin အဖွဲ့က ပြောပါတယ်။

“အိမ်ပေါ်တွေတက်ဆွဲနေတာကြာပြီ။ ပုံမှန်လိုကိုဖြစ်နေပြီ”လို့ ဝမ်းတွင်းဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ မတ်လ ၁၈ရက်ကစပြီး ဝမ်းတွင်းမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်တပ်က ပေါ်တာလိုက်ဆွဲခဲ့ရာမှာ လေးရက်အတွင်း လူငယ်လေးဆယ်ကျော်ဖမ်းဆီးခံလိုက်ရကြောင်း Voice Of Wundwin အဖွဲ့ရဲ့မှတ်တမ်းတွေအရ သိရပါတယ်။

ဖမ်းဆီးခံရသူတွေဟာ နေအိမ်အတွင်း အိပ်ပျော် နေသူတွေနဲ့ ဘုန်းကြီးကျောင်း အရုဏ်ဆွမ်းပို့သူတွေပါ ပါဝင်ခဲ့ကြောင်း၊ စစ်တပ်ဟာ ကျေးရွာတွေကို လှည့်လည်မွှေနှောက်ပြီး လမ်းပေါ်တွင်တွေ့သမျှ လူငယ်တွေကို ကားပေါ်ဆွဲတင်တာတွေ၊ အိမ်ပေါ်ထိတက် ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်တပ်က စစ်မှုထမ်းဥပဒေပြဌာန်းပြီး ၂၀၂၄ ဧပြီကစတင်ကာ လူငယ်တွေကို စစ်မှုထမ်းဖို့ အတင်းအကျပ် ဖမ်းဆီးမှုတွေပြုလုပ်ခဲ့တာပါ။

စစ်မှူထမ်းအပတ်စဉ် တစ်ခုမှာ လူဦးရေငါးထောင်ခေါ်ယူမယ်လို့ ကြေညာထားရာ ဖေဖော်ဝါရီမှာ စစ်မှုထမ်းအပတ်စဉ် (၂၂)ရောက်ရှိနေပြီဖြစ်ပါတယ်။

စစ်တပ်ရဲ့စစ်မှုထမ်းတာကို ငွေပေးပြီးရှောင်ရှားသူများပြားလာတာကြောင့် ပေါ်တာဆွဲတာ၊ ငွေလိုသူတွေကိုငွေပေးပြီး အစားထိုးမယ့်သူကို ရောင်းစားတာစတဲ့ လူစားထိုးမှုတွေလည်းများလာပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့အနီးကို စစ်တပ်က ဒရုန်းနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး အရပ်သားတချို့ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။