မတ်-၂၆၊၂၀၂၆။ထားမြတ်/People’s Spring
မကွေးတိုင်း၊ ချောက်မြို့နယ်မှာ စစ်တပ် ယာဉ်တန်းနဲ့ စစ်ကူတပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့ရာ အရာရှိ ၄ဦးနဲ့ တပ်သား ၆ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိတယ်လို့ ချောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်ပါတယ်။
မတ်လ ၁၆ရက်က ချောက်မြိုနယ် အမှတ်(၃)၊ ပြည်ထောင်စုလမ်းပိုင်းတနေရာမှာ စစ်သားတွေလိုက်ပါလာတဲ့ စစ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် ချောက်မြို့နယ် ဂွေးချိုတိုက်နယ် ရဲစခန်းကို Drone ဗုံးသီး လေးလုံး ၊ စစ်ကူလာတဲ့ ယာဉ်တန်းကို Drone ဗုံးသီး နှစ်လုံးနဲ့ တိုက်ခိုက်ခဲ့ကြောင်း အသိပေးပါတယ်။

Public Service Announcement
စစ်ဆင်ရေးအတွင်း စစ်တပ်က အရာရှိ ၄ဦးနဲ့ တပ်သား ၆ဦး သေဆုံးကြောင်း သိရတယ်လို့ ဖော်ပြကာ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အဲဒီ စစ်ဆင်ရေးကို ချောက် ပကဖ ၊ မကွေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ဦးဆောင်ပြီး ချောက်မြို့နယ် ပကဖ လက်ရုံးစစ်ကြောင်း (Chauk Guerrilla Force )၊ မကွေးတိုင်း ပကဖ ရွေ့လျှားစစ်ကြောင်း ( Yenather Column )၊ မကွေးခရိုင် ပကဖ တပ်ခွဲ – ၁ (အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့)၊ မကွေးခရိုင် ပကဖ တပ်ခွဲ – ၅ ( Chauk Spacial Attack Force) ၊မကွေးခရိုင် ပကဖတပ်ခွဲ – ၆ (သခင်ဖိုးလှကြီးအဖွဲ့)တို့ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ခိုက်ခံရတဲ့ စစ်တပ်ကလည်း ပစ်ခတ်မှုဖြစ်ပွားရာ နေရာအပါအဝင် ချောက်မြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုးတာ၊ ရွာမီးရှို့တာ၊ ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူတာတွေ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
စစ်တပ်ဟာ ချောက်မြို့နယ်က တလုံးသွေးရွာ၊ ကတောက်ချောင်းရွာနဲ့ ပြရွာတွေက ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာရှိခဲ့ကြောင်း ဒေသခံက ပြောပါတယ်။
ချောက်မြို့နယ်အတွင်း စစ်တပ် ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းတွေကို ဆက်လက် ကာကွယ်လျှက်ရှိကြောင်းလည်း ချောက်ပကဖက သတင်းထုတ်ပြန်ပါတယ်။
(ချောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ – People Defense Force Chauk)


















































