မတ်-၂၆၊၂၀၂၆။ သုည/People’s Spring
ရန်ကုန်မြို့၊ တာမွေမြို့နယ် သမိန်ဗရမ်းလမ်းပေါ်ရှိ အကြည်တော်ဟိုတယ်ပေါ်ကနေ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံးမှု ဒီကနေ့ (မတ်လ ၂၆) နံနက်ပိုင်းက ဖြစ်ပွားကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။
ဒီကနေ့ နံနက် ၁၀ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူမှာ အသက်(၃၀) အရွယ် ရှမ်းပြည်နယ်ဇာတိမှ အမျိုးသမီးတစ်ဦးဖြစ်ကြောင်း တာမွေမြို့နယ်နေပြည်သူတစ်ဦးက ဆိုပါတယ်။
“ဟိုတယ် ၇ လွှာကနေ ပြုတ်ကျတာလို့ သိရတယ်။ ၇ လွှာအမြင့်ကနေ ကျတာဆိုတော့ ပွဲချင်းပြီးပဲ သေသွားပါတယ်။ ပြုတ်ကျတာလား ခုန်ချတာလား ဆိုတာတော့ သေချာမသိပါဘူး။ ဟိုတယ်မှာ တစ်ယောက်ထဲ လာတည်းပြီး ခုန်ချတယ်လို့တော့ ပြောနေကြတယ်။ ရဲတွေလည်း အများကြီးရောက်နေပါတယ်” လို့ မျက်မြင်တွေ့ရှိခဲ့သူ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
သေဆုံးရခြင်းအကြောင်းကို စစ်ဆေးမှုတွေ ပြုလုပ်နေဆဲဖြစ်ပြီး သေဆုံးသူရုပ်အလောင်းကို ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြောင်း ပရဟိတအဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
“ပြုတ်ကျတာ အရှိန်ပြင်းတော့ နေရာမှာတင် ပွဲချင်းပြီး သေသွားပါတယ်။ ဘာကြောင့်လဲဆိုတာတော့ သေချာမသိပါဘူး။ ရုပ်အလောင်းကိုတော့ ရင်ခွဲရုံ ပို့ပေးခဲ့ပါတယ်” လို့ ၎င်းက ပြောပါတယ်။

















































