Connect with us

Hi, what are you looking for?

သတင်း

မြန်မာပြည်တွင်းစစ်မှာပါဝင်တိုက်ခိုက်ဖို့ စီစဉ်ခဲ့တယ်လို့စွပ်စွဲချက်နဲ့ဩစတြေးလျအမျိုးသားတဦးအဖမ်းခံရ

(ဩစတြေးလျ ဖက်ဒရယ် အစိုးရ ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်တဦး ​လေဆိပ်မှာလုံခြုံ​ရေးတာဝန်ထမ်း​ဆောင်စဥ်။ဓါတ်ပုံ- The Australian)

​မတ်-၂၆၊၂၀၂၆။People’s Spring

မြန်မာနိုင်ငံ ပြည်တွင်းစစ်မှာပါဝင် တိုက်ခိုက်ဖို့ စီ

စဉ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဩစတြေးလျမှာ အ

မျိုးသား တစ်ဦးဟာ စွဲချက်တင်အဖမ်းခံထားရပါတယ်။

Public Service Announcement

Public Service Announcement

သူဟာ ပြည်ပ စစ်ရေးပဋိပက္ခတွေမှာ စွက်ဖက်ဖို့ ကြံစည်မှုနဲ့ တရားရင်ဆိုင်ရမယ်လို့ ကွင်းစလန်ပြည်နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။ ကွင်းစလန် ဒေသခံ အသက် ၃၃ နှစ်အရွယ် အိုင်ဗော် ဖိလစ် ဒယ်လာဗေးလ်ဟာ ဇန်နဝါရီလမှာ ထိုင်းနိုင်ငံကို သွားရောက်ခဲ့ပြီး အဲဒီကနေတဆင့် ပြည်တွင်းစစ် ဖြစ်ပွားနေရာ မြန်မာနိုင်ငံထဲက လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဆီ ချိတ်ဆက်ပြီးပါဝင်တိုက်

ခိုက်ဖို့ စီစဉ်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

သူဟာ ကွင်းစလန်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ ဘရစ္စဘိန်းကို မတ်လ ၂၅ ရက်နေ့မှာ လေကြောင်းကနေ ပြန်လာပြီးတဲ့နောက် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ဩစတြေးလျ ဖက်ဒရယ် အစိုးရ ရဲတပ်ဖွဲ့နဲ့ ကွင်းစလန်ပြည်နယ် ရဲတပ်ဖွဲ့ ပူးပေါင်းပြီး ရော့ခ်ဟမ်တန်မြို့မှာ ရှိနေတဲ့ သူ့ရဲ့ အိမ်ကိုလည်း ရှာဖွေခဲ့တယ်လို့ သိရပါတယ်။

ဩစတြေးလျနယ်ခြားစောင့်အရာရှိတွေဟာ လေ

ဆိပ်မှာပဲ ဒယ်လာဗေးလ်ကို စစ်ဆေး မေးမြန်းခဲ့ကြပါတယ်။သူ့ရဲ့ ခရီးဆောင် သေတ္တာထဲမှာလည်း ညကြည့်မှန်ပြောင်းနဲ့ တခြားစစ်သုံးကရိယာတချို့

ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ အီလက်ထရောနစ် ပစ္စည်းတွေမှာလည်း အကြမ်း

ဖက် တိုက်ဖျက်ရေး အဖွဲ့တွေက စိတ်ဝင်စားစေနိုင်လောက်တဲ့အကြောင်းအရာ၊အချက်အလက် တချို့ကို သဲလွန်စရထားတယ်လို့ ဆိုပါတယ်။

ဖက်ဒရယ် ရဲတပ်ဖွဲ့ ကော်မရှင်နာ စတီဖန်နတ်က နိုင်ငံခြားကို သွားရောက်ပြီး အစိုးရ ခွင့်ပြုချက်

မပါဘဲစစ်ပွဲတွေမှာပါဝင်တိုက်ခိုက်ခြင်းဟာ ကြီး

မားတဲ့ ရာဇဝတ် ပြစ်မှုတစ်ခုလို့ ပြောကြားခဲ့ပါတယ်။ ဒီလုပ်ရပ်မျိုးကို ရွေးချယ်တဲ့ ဘယ်သူမဆို စုံစမ်းစစ်ဆေးခံရပြီးအကျိုးဆက်ကိုရင်ဆိုင်ရမယ်လို့ သူက ဆိုပါတယ်။

ဒယ်လာဗေးလ်ကို ချုပ်နှောင်ထားဖို့ ဘရစ္စဘိန်း တရားရုံး တစ်ခုက မတ်လ ၂၆ ရက်နေ့မှာ ခွင့်ပြုခဲ့ပြီး မေလထဲမှာ ရုံးချိန်းခေါ်ယူထားပါတယ်။ နိုင်ငံရပ်ခြား စစ်ပွဲတွေမှာ ကျူးကျော်ပါဝင် တိုက်ခိုက်မှုဟာ ဩစတြေးလျမှာတော့ အမြင့်ဆုံး ထောင်ဒဏ်တစ်သက်ပြစ်ဒဏ်ထိကျခံရနိုင်ကြောင်းသိရပါတယ်။

ကိုးကား-ABC

ဆက်စပ်သတင်းများ