Connect with us

Hi, what are you looking for?

သတင်း

တပခနဲ့ တောင်ငူလေတပ်စခန်းတိုက်ခိုက်မှု ထိခိုက်မှုရှိဟု BWMပြော

စစ်ကောင်စီ​၏ တောင်ပိုင်တိုင်းစစ်ဌာနချုပ် (တပခ)နှင့် တောင်ငူလေတပ်စခန်း တိုက်ခိုက်သည့် ဖြစ်စဉ်များအတွင်း စစ်ကောင်စီတပ်ထိခိုက်မှုများရှိကြောင်း Brave Warriors for Myanmar (BWM)က အသိပေးထားသည်။

စစ်ကောင်စီ လေတပ်စခန်းအား BWM အဖွဲ့ ပစ်ခတ်တိုက်ခိုက်နေစဉ်။ ပုံအဟောင်းဖြစ်ပါသည်

မေ ၄၊၂၀၂၅။သတိုး/People’s Spring

စစ်ကောင်စီ​၏ တောင်ပိုင်တိုင်းစစ်ဌာနချုပ် (တပခ)နှင့် တောင်ငူလေတပ်စခန်း တိုက်ခိုက်သည့် ဖြစ်စဉ်များအတွင်း စစ်ကောင်စီတပ်ထိခိုက်မှုများရှိကြောင်း Brave Warriors for Myanmar (BWM)က အသိပေးထားသည်။

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)ကို ဧပြီ ၃၀ ရက် နံနက် ၁နာရီခွဲခန့်တွင် ၁၀၇ မမ ရှော့တိုက် ဒုန်း ရှစ်လုံးဖြင့်တိုက်ခိုက်ခဲ့ပြီး တောင်ငူလေတပ်စခန်းကို ည ၉နာရီခွဲခန့်တွင် ၁၀၇ မမရှော့တိုက်ဒုန်း ၆လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိခိုက်မှုများအနေဖြင့် တပခ တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ၈ဦးသေဆုံးပြီး ၁၇ဦးခန့် ဒဏ်ရာရရှိကာ တိုင်းငွေစာရင်းရုံး ၊ တိုင်းရုံးစစ်ဦးစီးဌာန ၊အရာရှိလိုင်းခန်းများ ပျက်စီးမှုရှိသည်ဟု BWM က ဆိုသည်။

Public Service Announcement

Public Service Announcement

တောင်ငူလေတပ်စခန်းတိုက်ခိုက်မှုအတွင်း လေယာဉ်သိုလှောင်ရုံ အဆောက်အဦနှစ်ခုပျက်စီးခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံးမှူများရှိသော်လည်း သတင်းဖုံးထားသောကြောင့် အတိအကျစုံစမ်း၍ မရကြောင်း ယင်းအဖွဲ့ကဆိုသည်။

အထက်ပါထိခိုက်မှုများနှင့်ပတ်သတ်၍ လူထုနွေဦး အနေဖြင့် သီးသန့်အတည်ပြုနိုင်ခြင်းမရှိပေ။

ယင်းတိုက်ခိုက်မှုများကို BWM၏ ဦးဆောင်မှုဖြင့် Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF) ၊ သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကျောင်းသား ၂၀ကျော်သေဆုံးခဲ့ရသည့် စစ်ကောင်စီ၏ အိုးတိန်တွင်းရွာစာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှုကို လက်တုန့်ပြန်သည့်အနေဖြင့် ပဲခူးတိုင်း၊တောင်ငူမြို့ရှ်ိ လေတပ်စခန်းကို ရှော့တိုက်ဒုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar(BWM)အဖွဲ့တာဝန်ရှိသူက ပြောသည်။

သတင်း

တောင်ပိုင်းတော်လှန်ရေးအင်အားစုများနှင့် ပြည်သူများကို နေ့စဉ်လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသည့် စစ်ကောင်စီ၏ တောင်ငူလေတပ်စခန်းကို ၁၀၇ မမရှော့တိုက်ဒုန်း ခြောက်လုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း Mountain Knight Civilian Defense Forces (MKCDF)မှတာဝန်ရှိသူက ပြောသည်။

သတင်း

ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်ရှိ တော်လှန်ရေးအင်အားစုများအပါအဝင် ပြည်သူများကို အကြမ်းဖက်မှုများလုပ်ဆောင်နေသည့် စစ် ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ) ကို ၁၀၇ မမရှော့တိုက်ဒုန်းရှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Mountain Knight Civilian Defense Forces (MKCDF) တာဝန်ရှိသူက ပြောသည်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ​၏ ခမရ(၅၈၈) တပ်ရင်းမှူးနေအိမ်နှင့်လက်နက်တိုက်ကို တော်လှန်​ရေးတပ်များ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ(၃၃) စစ်ဆင်ရေးမှူး၊ ဒေါနစစ်ကြောင်းမှူးလည်းဖြစ်သူ စောဒါးကိုက လူထုနွေဦးသို့ပြောသည်။

Facebook