Connect with us

Hi, what are you looking for?

သတင်း

NUGနဲ့ တိုင်းရင်းသား တော်လှန်ရေးတပ်တွေ ပူးပေါင်းမှုကိုအီတလီ-မြန်မာချစ်ကြည်ရေးအသင်း ကြိုဆို

စစ်အာဏာသိမ်းမှုကို တွန်းလှန်နေတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ(NUG)နဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်တွေပူးပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)ဖွဲ့စည်းတာဟာမြန်မာနိုင်ငံအတွက်နိုင်ငံရေး အခင်းအကျင်းသစ်တစ်ခု၊ အရေးပါတဲ့ ခြေလှမ်းတစ်ခုလို့အီတလီ-မြန်မာချစ်ကြည်ရေး အသင်းက သဘောထားကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

(ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ-SCEF မှာပါဝင်တဲ့ PDF ၊KIA ၊KNLA ၊ KA ၊ CNA တပ်ဖွဲ့ဝင်​တွေ။ ဓါတ်ပုံ-​EPA ၊အမှတ်(၁)စစ်​ဒေသ၊ KNU၊CNF၊KNPP)

မတ်-၃၁၊၂၀၂၆။People’s Spring

စစ်အာဏာသိမ်းမှုကို တွန်းလှန်နေတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ(NUG)နဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်တွေပူးပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)ဖွဲ့စည်းတာဟာမြန်မာနိုင်ငံအတွက်နိုင်ငံရေး အခင်းအကျင်းသစ်တစ်ခု၊ အရေးပါတဲ့ ခြေလှမ်းတစ်ခုလို့အီတလီ-မြန်မာချစ်ကြည်ရေး အသင်းက သဘောထားကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဒီထုတ်ပြန်ချက်ဟာ NUG /PDF နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)တို့က အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့​တွေဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်​ရေးတပ်မ​တော် (KIO/KIA)၊ ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသားကာကွယ်​ရေးတပ် (KNU/KNLA)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ/ကရင်နီတပ်မ​တော် (KNPP/KA)၊ ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မ​​တော် (CNF/CNA)တို့နဲ့အတူ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကော်မတီ (SCEF)လို့ နာမည်ပေးထားတဲ့ တပ်ပေါင်းစု ဖွဲ့စည်းကြောင်း ကြေညာမှုကို ရည်ညွှန်းထားတာ ဖြစ်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့ အီတလီနိုင်ငံရဲ့ မြန်မာ့အရေး ကူညီဆောင်ရွက်ပေးနေသော လွှတ်တော်အမတ်များ အသင်း ဥက္ကဋ္ဌဟောင်း အယ်လ်ဘာတီနာ ဆိုလီယာနီက NUGနဲ့ ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း အင်အားကြီး လက်နက်ကိုင် တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေကြား စစ်ရေးနဲ့ နိုင်ငံရေးဆိုင်ရာ အားကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုး ရရှိဖို့ သဘောတူညီခဲ့ခြင်းဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး ရည်မှန်းချက်တွေမှာ အရေးပါတဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်လာလိမ့်မယ်လို့ မှတ်ချက်ပေးထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အီတလီ-မြန်မာ ချစ်ကြည်ရေး အသင်းကအဲဒီ လုပ်ဆောင်ချက်ဟာ တန်းတူညီမျှမှု၊ ကိုယ်ပိုင် ဆုံးဖြတ်ခွင့်၊ စည်းလုံး ညီညွတ်မှုနဲ့ စုပေါင်း ခေါင်းဆောင်မှု ရည်မှန်းချက်တွေနဲ့ ကိုက်ညီပြီး မြန်မာ့ နိုင်ငံရေး မူဘောင်အသစ် တစ်ခုကို ပုံဖော်ပေးရာမှာ အကူအညီ ဖြစ်စေလိမ့်မယ်လို့လည်း ဆိုပါတယ်။

နောက်ပြီး တော်လှန်ရေးမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ ပိုမိုကျယ်ပြန့်လာတာကို အသိအမှတ် ပြုထားပြီးဆင့်ကဲပြောင်းလဲလာတဲ့နိုင်ငံရေး မဟာဗျူဟာတွေမှာ ထင်ရှားမြင်သာတဲ့ အရွေ့တစ်ခု အဖြစ်လည်း မီးမောင်းထိုးပြထားခဲ့ပါတယ်။

နောက်ပြီး SCEFရဲ့စုစည်းမှုနဲ့ ရည်မှန်းချက်တွေကိုလည်း ဒုတိယကမ္ဘာစစ်ကာလအတွင်း အီတလီမှာ ဖက်ဆစ်အာဏာရှင်တွေကို တော်လှန်ဖို့ အမျိုးသား လွတ်မြောက်ရေး ကော်မတီ (LBC) ဖွဲ့စည်းခဲ့ပုံနဲ့ နှိုင်းယှဉ်ပြထားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အသစ်ပေါ်ထွန်းလာတဲ့ တော်လှန်ရေး ခေါင်းဆောင်မှု ပုံစံနဲ့ ပတ်သက်ပြီး ဒီမိုကရေစီ လိုလားတဲ့ပြည်သူတွေရဲ့ဆန္ဒအမှန်ကို ထင်ဟပ်စေတဲ့ ခြေလှမ်းမျိုးလို့ အီတလီ-မြန်မာ ချစ်ကြည်ရေး အသင်းကထောက်ခံခဲ့ပြီးနိုင်ငံတကာ အသိုက်ဝန်းက ထိတွေ့ ဆက်ဆံမှုတွေ လုပ်ဆောင်စေလိုကြောင်း တိုက်တွန်းခဲ့ပါတယ်။

အဲဒီအသင်းရဲ့ အဖွဲ့ဝင်တွေဟာ ထိုင်း-မြန်မာ နယ်စပ်ကို ခရီးစဉ်တစ်ခု သွားရောက်ခဲ့ပြီး အဲဒီနောက် မကြာခင်မှာ အခုကြေညာချက် ထွက်ပေါ်လာတာပါ။ အဖွဲ့ဝင်တွေဟာ စစ်ရှောင်ပြည်သူတွေ၊ တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေရဲ့ နိုင်ငံရေးနဲ့ အရပ်ဖက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့လည်း နယ်စပ်မှာ တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ