Connect with us

Hi, what are you looking for?

သတင်း

ဖက်ဒရယ်ဦးဆောင်ကောင်စီ-SCEF ဖွဲ့စည်းမှုကို မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ ကြိုဆို

တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ NUG၊ CRPH တို့ ကနဦးစုဖွဲ့ထားတဲ့ ဖက်ဒရယ်ဦးဆောင်ကောင်စီ-SCEF ဖွဲ့စည်းမှုကို ကြိုဆိုကြောင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိကြောင်း မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ(MIGC)က ဒီနေ့ ထုတ်ပြန်ပါတယ်။

မတ်-၃၁၊ ၂၀၂၆။ People’s Spring

တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ NUG၊ CRPH တို့ ကနဦးစုဖွဲ့ထားတဲ့ ဖက်ဒရယ်ဦးဆောင်ကောင်စီ-SCEF ဖွဲ့စည်းမှုကို ကြိုဆိုကြောင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိကြောင်း မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ(MIGC)က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဖက်ဒရယ်ဦးဆောင်ကောင်စီ-SCEFအနေနဲ့ “မူဝါဒ တရပ်တည်း၊ မဟာဗျူဟာ တရပ်တည်း – One policy, one strategy” မူဝါဒနဲ့ လက်ရှိတော်လှန်ရေး အခင်းအကျင်းအရ အရေးတကြီးလိုအပ်လျက်ရှိတဲ့ စုစည်းညီညွတ်မှုကို အကောင်အထည်ဖော်ကာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းတွေကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ပါစေကြောင်း ဆန္ဒပြုတယ်လို့ MIGC က ဖော်ပြပါတယ်။

MIGC ဟာ မန္တလေးဒေသမှ ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များအပါအဝင် တော်လှန်ရေးအင်အားစုအသီးသီး ပါဝင်ရေးဆွဲခဲ့တဲ့ မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံအရ ဖွဲ့စည်းခဲ့တဲ့ ဖက်ဒရယ်ယူနစ်အဆင့် ကြားကာလအစိုးရဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ အသင့်ရှိကြောင်းလည်း ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

လူထုသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာတေဇာစန်းကလည်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF) စုဖွဲ့ပေါ်ပေါက်လာခြင်းကို ထောက်ခံကြိုဆိုတယ်လို့ သူရဲ့လူမှုကွန်ရက်ကတဆင့် အသိပေးပါတယ်။ အခုလို ကမကထပြု စုဖွဲ့ပေါ်ပေါက်လာသည်နှင့်အမျှ အမှန်တကယ်လည်း အလုပ်ဖြစ်စေချင်တယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် အမှန်တကယ် စွမ်းဆောင်ရည်ရှိ၊ အလုပ်ဖြစ်၊ ထိရောက်သလို လွှမ်းခြုံကိုယ်စားပြုမှု အားကောင်းတဲ့ တော်လှန်ရေးဦးဆောင်အဖွဲ့အစည်းဖြစ်လာစေရေး မျှော်ရည်ကြောင်း ဒေါက်တာတေဇာစန်းက ရေးသားပါတယ်။ အခုလို စုဖွဲ့မှုကို ကမကထပြုကြတဲ့ အဖွဲ့အစည်းတွေအနေနဲ့လည်း ပါဝင်ဖို့ ကျန်ရှိနေသေးတဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ်/လူမျိုး ကိုယ်စားပြုအဖွဲ့အစည်းများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ အမြန်ဆုံး ပါဝင်လာစေရေးအတွက် ဆက်လက် ကြိုးပမ်းကြမယ်လို့ ယုံကြည်ကြောင်း အထက်ပါလူထုသပိတ်ခေါင်းဆောင်က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နဲ့ ကရင်အမျိုးသားအစည်းအရုံး( KNU)၊ ကချင်လွတ်လပ်​ရေးအဖွဲ့( KIO)၊ ကရင်နီ အမျိုးသားတိုးတက်​ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)စတဲ့ ​တော်လှန်​ရေးအဖွဲ့​တွေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(Steering Council for the Emergence of a Federal Democratic Union–SCEF)ကို မတ်လ ၃၀ရက် မနေ့က ကနဦးစတင်ဖွဲ့စည်းခဲ့တာပါ။

တော်လှန်ရေးကိုအရှိန်အဟုန်မြှင့်တင်ပြီး အမြန်ဆုံးအောင်ပွဲရယူနိုင်ဖို့၊ လက်ရှိတော်လှန်ရေးကို အဆင့်တက်၍ အသွင်ကူးပြောင်းမှုကာလ အစီအမံတွေကို အတည်ပြုပြီးအသွင်ကူးပြောင်းရေးအစိုးရ တရပ်အောင်မြင်စွာ ဖွဲ့စည်းနိုင်ဖို့၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော်နိုင်စေဖို့တို့အတွက် စစ်ရေး၊ နိုင်ငံရေး၊ဖက်ဒရယ်ရေးနဲ့ အင်စတီကျူးရှင်းဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်းဦးဆောင်လမ်းညွှန်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး SCEFကို ဖွဲ့စည်းခဲ့တာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)က ဖက်ဒရယ်ယူနစ် လွှတ်တော်အစိုးရတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ တော်လှန်ရေးအင်အားစုတွေနဲ့ တွေ့ဆုံမှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ဇူလိုင် ၁၇ရက်ကနေ ၂၃ရက် ၈ရက်တာအတွင်း အဖွဲ့အစည်း ၁၁ ဖွဲ့ထက်မနည်းကို တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)တို့ တနာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEF ကဒီက​နေ့သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့ ဇူလိုင် ၂၅ရက်မှာ ထုတ်ပြန်ပါတယ်။