Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်နဲ့ ခင်ဦးမှာ စစ်သည်တော်ကျင့်ဝတ် (CoC)နဲ့ နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေ (IHL) ဆိုင်ရာသင်တန်းတွေ ကျင်းပပြီးစီး

​စစ်ကိုင်းတိုင်း၊ ဝက်လက်နဲ့ ခင်ဦးမြို့နယ်တွေမှာ အခြေခံစစ်သည်တော်ကျင့်ဝတ် (CoC)နဲ့ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေ (IHL)ဆိုင်ရာ ဆင့်ပွားအသိပညာပေးသင်တန်းတွေကို ကျင်းပပြုလုပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သင်တန်းသားများအား သင်ကြားပို့ချနေစဥ် ဓာတ်ပုံ-MoHR

ဧပြီ ၁ရက်၊ ၂၀၂၆။ဟာနာဆန်/People’s Spring

​စစ်ကိုင်းတိုင်း၊ ဝက်လက်နဲ့ ခင်ဦးမြို့နယ်တွေမှာ အခြေခံစစ်သည်တော်ကျင့်ဝတ် (CoC)နဲ့ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေ (IHL)ဆိုင်ရာ ဆင့်ပွားအသိပညာပေးသင်တန်းတွေကို ကျင်းပပြုလုပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

၂၀၂၆ မတ်လ ဒုတိယအပတ်က ဝက်လက်နဲ့ ခင်ဦးမြို့နယ်တွေမှာ လူ့အခွင့်အရေးအခြေခံမူများ၊ ဂျီနီဗာကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များအပြင် စစ်အတွင်းရှိ အရပ်သားပြည်သူများ၊ အမျိုးသမီး၊ ကလေးသူငယ်များနဲ့ LGBTIQ+ အစုအဖွဲ့ဝင်များကို အကာအကွယ်ပေးရမယ့် လက်တွေ့ကျတဲ့ နည်းလမ်းတွေကို အသေးစိတ်ဆွေးနွေးခဲ့ကြတယ်လို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက အသိပေးပါတယ်။

​သင်တန်းကို ပြည်သူ့ကာကွယ်ရေးရဲဘော်များ၊ LGBTIQ+ အဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များနဲ့ ဒေသခံပြည်သူ စုစုပေါင်း ၇၀ ဦးခန့် တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သင်တန်းကာလအတွင်း လေကြောင်းအန္တရာယ်ကြောင့် နေရာပြောင်းရွှေ့ရခြင်း၊ စက်သုံးဆီဈေးနှုန်း အဆမတန်မြင့်မားခြင်းနဲ့ နည်းပညာဆိုင်ရာ အကန့်အသတ်တွေ ရှိခဲ့သော်လည်း သင်တန်းသားတွေက တက်ကြွစွာ ပါဝင်ခဲ့ကြတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက အသိပေးပါတယ်။

​သင်တန်းသားတစ်ဦးက “စစ်ကောင်စီက ဥပဒေချိုးဖောက်နေတိုင်း ကိုယ်တို့က လိုက်ပြီးချိုးဖောက်စရာ မလိုပါဘူး။ လူ့အခွင့်အရေးကို ချိုးဖောက်တာဟာ အင်မတန် သေးသိမ်တဲ့ လုပ်ရပ်ဖြစ်တယ်ဆိုတာ သိသွားရတယ်”လို့ သင်တန်းမှာပြောကြားခဲ့တယ်လို့ သိရပါတယ်။

​”လူ့အခွင့်အရေးသင်တန်းအပြင် ဂျီနီဗာကွန်ဗင်းရှင်း၊ နိုင်ငံတကာ စစ်ဥပ‌ဒေ ဒီသင်တန်းတွေကို

အောက်ခြေ ရဲဘော်တွေထက် ရင်းမူးတွေကိုပါ သင်တန်းပေးစေချင်တယ်”လို့ ဝက်လက်အခြေစိုက် ရဲဘော်တစ်ဦးက ပြောပါတယ်။

ယခုသင်တန်းတွေကို လူ့အခွင့်အရေးတာဝန်ခံတွေ နည်းပြသင်တန်း ပေးပြီးနောက် လူထုအတွင်း ပြန်လည်မျှဝေတဲ့ ဆင့်ပွားသင်တန်းတွေအဖြစ် လုပ်ဆောင်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အသိပညာပေးလုပ်ငန်းစဉ်တွေကို ၂၀၂၄က စတင်ကာ (၃)နှစ်တာ ကာလအတွင်း ဆက်လက်အကောင်အထည်ဖော်နေခြင်း ဖြစ်ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအရှိန်မြှင့်ရန် ပခုက္ကူခရိုင်အတွင်းရှိ Local တပ်ရင်းများပေါင်းစည်းပြီး အပတ်စဥ်(၁) သင်တန်းပြုလုပ်ခဲ့ကြောင်း Earthquake People's Defence Forceက ယနေ့(မေ ၁ရက်) ထုတ်ပြန်သည်။