Connect with us

Hi, what are you looking for?

သတင်း

မင်းအောင်လှိုင်သမ္မတရာထူးယူမယ့်ကိစ္စ လူ့အခွင့်အရေးဆိုင်ရာအာဆီယံလွှတ်တော် အမတ်များ ကန့်ကွက်

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မြန်မာအစိုးရသစ်ရဲ့ သမ္မတအဖြစ် ခန့်အပ်ဖို့ စစ်တပ်ရဲ့ ကြံစည်နေမှုကို အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ လွှတ်တော် အမတ်တွေက ကန့်ကွက် ရှုတ်ချခဲ့ကြပါတယ်။

ဧပြီ-၁၊၂၀၂၆။People’s Spring

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မြန်မာအစိုးရသစ်ရဲ့ သမ္မတအဖြစ် ခန့်အပ်ဖို့ စစ်တပ်ရဲ့ ကြံစည်နေမှုကို အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ လွှတ်တော် အမတ်တွေက ကန့်ကွက် ရှုတ်ချခဲ့ကြပါတယ်။

အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က စစ်တပ်ရဲ့လွှတ်တော်အသစ်မှာ မင်းအောင်လှိုင်ကို ဒုတိယ သမ္မတ တစ်ဦးအဖြစ် မဲပေးရွေးချယ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ နောက်တစ်ဆင့် အနေနဲ့ မင်းအောင်လှိုင်ကို သမ္မတအဖြစ် တင်မြှောက်နိုင်ဖို့ လမ်းပွင့်သွားစေတဲ့ အခင်း
အကျင်းလို့လည်း ဆိုနိုင်ပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဘဝတုန်းက ပြည်သူလူထုအပေါ် ရက်ရက်စက်စက် ဖိနှိပ်ပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို ချိုးနှိမ်ခဲ့တဲ့ မင်းအောင်လှိုင်သာ သမ္မတ ဖြစ်လာရင် မြန်မာပြည်သူတွေဟာ တူညီတဲ့ အခြေအနေတွေကိုပဲ ဆက်လက် ကြုံတွေ့ ခံစားနေရလိမ့်မယ်လို့ APHRက သတိပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မင်းအောင်လှိုင်ဟာ စစ်တပ်ယူနီဖောင်း ချွတ်ပြီး သမ္မတရာထူး ရယူဖို့ ကြံစည်နေရင်း တခြားတစ်ဖက်မှာလည်းဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို ကာကွယ်ရေး ဦးစီးချုပ်သစ်အဖြစ် ခန့်အပ်ခဲ့ခြင်းက စိုးရိမ်စရာ အခြေအနေ တစ်ခုအဖြစ် APHRက ယူဆထားပါတယ်။ရဲဝင်းဦးဟာအာဏာသိမ်းပြီးနောက်ပိုင်း အတိုက်အခံ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အများအပြားကို ရက်ရက်စက်စက် ဖမ်းဆီးနှိပ်စက်မှုတွေကို ကွပ်ကဲခဲ့သူလည်း ဖြစ်ပါတယ်။

နောက်ပြီး ရဲဝင်းဦးဟာ မင်းအောင်လှိုင်ရဲ့ အနီးကပ်ဆုံး မဟာမိတ်တစ်ဦး ဖြစ်နေတာကြောင့် မင်းအောင်လှိုင်ဟာ အရပ်ဖက် အစိုးရ ရာထူးကိုရော၊ စစ်တပ်ကိုပါ ဆက်လက် လွှမ်းမိုး ချုပ်ကိုင်ထားမှာဖြစ်ပြီး သူနဲ့ သူ့အဖွဲ့အစည်းက ကျူးလွန်ခဲ့တဲ့ ဆိုးယုတ်တဲ့ ပြစ်မှုတွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစရာ မလိုအောင် ဆက်လက် ဖုံးကွယ်ထားလိမ့်မယ်လို့ APHRက ဆိုပါတယ်။

စစ်တပ် ဦးဆောင်ပြီး ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ တရားမဝင်ကြောင်း၊ လူထုအပေါ် ဗုံးကြဲပြီး နေရပ်ရွှေ့ပြောင်းမှုတွေအတွက် ဖိအားပေးနေတဲ့ အခြေအနေမှာကျင်းပခဲ့တဲ့ရွေးကောက်ပွဲရလဒ်ကလည်းလူထုဆန္ဒအမှန်ကိုမထင်ဟပ်ကြောင်းလည်း APHRက ဆိုပါတယ်။

APHR က အာဆီယံ၊ ကုလသမဂ္ဂ (UN)နဲ့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့အာဏာသိမ်းစစ်တပ်အပေါ် ဆက်လက်ရှုတ်ချဖို့၊နိုင်ငံတကာလူ့အခွင့်အရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေတွေအပေါ် ဆက်လက် လေးစား လိုက်နာပေးဖို့၊ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီရေး အားထုတ် ကြိုးပမ်းမှုတွေကို ဆက်လက် ထောက်ခံပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်လို့နိုင်ငံတကာတုံ့ပြန် ကိုင်တွယ်မှုတိုင်းဟာမြန်မာပြည်သူတွေရဲ့သဘောထားဆန္ဒ၊လူ့အခွင့်အရေး၊ဒီမိုကရေစီ အားထုတ်မှု၊ တရားမျှတမှုတွေကိုအလေးထားပြီးစစ်အာဏာရှင် စနစ်အပေါ် နိုင်ငံတကာ စုစုစည်းစည်း တွန်းလှန်မှုကို ထင်ဟပ်စေဖို့ လိုအပ်ကြောင်းလည်း APHRရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

ကိုးကား- APHR

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

သတင်း

မိခင်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်​ပေးဖို့ ၊လွှတ်​ပေးဖို့ လန်ဒန်မြို့ မြန်မာသံရုံးက တစ်ဆင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဆီကိုစာရေးသားပေးပို့ခဲ့တယ်လို့ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက အသိပေးထားပါတယ်။

ဆောင်းပါး

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန် လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့...

သတင်း

အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံကြံခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ နေရာကိုအာဏာသိမ်းမှုထောက်ခံအားပေးသူဦးခင်ရီပဲကိုပါတီညီလာခံမှာ ဆက်လက်ရွေးချယ်ခန့်အပ်လိုက်တယ်လို့ ညီလာခံကို တက်ရောက်ကြတဲ့ပါတီဝင်တွေက သတင်းဖော်ပြလာပါတယ်။

Facebook