ဧပြီ-၂၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေမှာ အာဏာသိမ်းစစ်တပ်က အဓမ္မ စစ်သားစုဆောင်းထားတဲ့ တပ်သား တစ်ဦး လက်နက်ချအလင်းဝင် လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။
မတ်လ ၂၉ရက်မှာ ခမရ(၅၈၁)တပ်ရင်းက စစ်မှုထမ်းတပ်သားသစ် ကျော်စိုးလွင်ဟာ ညောင်လေးပင်ခရိုင် မူးမြို့နယ် တောင်စုကျေးရွာမှာ အထိုင်ချစဉ် ကရင်အမျိုသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A)တပ်ရင်း (၉)ထံ အလင်းဝင်လာတာလို့ ဆိုပါတယ်။
အလင်းဝင်လာသူဟာ လက်နက် ၁လက်နဲ့ ကျည်ဘောက်၊ ကျည်တွေ ယူလာခဲ့တာကြောင့် KNU လယ်ဒိုမြို့နယ် တာဝန်ရှိသူတွေက ကျပ် ၁၀ သိန်း ပေးအပ်ထောက်ပံ့ခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement
မိမိဆန္ဒမပါဘဲ အတင်းအဓမ္မစစ်မှုထမ်း စေခိုင်းခံရသူတွေ အနေနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံသို့ လက်နက်ချအလင်းဝင်ရန် အသိပေး တိုက်တွန်းကြောင်းလည်း ထုတ်ပြန်ပါတယ်။
KNU လယ်ဒိုမြို့နယ်ရဲ့ မတ်လ ၁၉ရက် သတင်းထုတ်ပြန်ချက်အရ ၂၀၂၆ နှစ်ဆန်ပိုင်းမှာ စစ်ကောင်စီက စစ်မှုထမ်း တပ်သား ၄၁ဦး KNU လယ်ဒိုမြို့နယ်ထံ အလင်းဝင်လာကြောင်း အသိပေးထားပါတယ်။


















































