Connect with us

Hi, what are you looking for?

သတင်း

မန္တလေး စည်ပင်အမှိုက်ပုံမီး ညလုံးပေါက်ငြိမ်းသတ်ရ

မန္တလေးမြို့ရဲ့မြောက်ဘက် ၁၀ မိုင်ခန့်အကွာ က ကြာနီကန်ရွာမှာရှိတဲ့ စည်ပင်အမှိုက်ပုံ မီးလောင်ပြီး ညလုံးပေါက် မီးငြိမ်းသတ်ခဲ့ရတယ်လို့ လူမှုကူညီရေးအဖွဲ့ဝင်ဆီကသိရပါတယ်။

ဧပြီ – ၂ ၊၂၀၂၆ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးမြို့ရဲ့မြောက်ဘက် ၁၀ မိုင်ခန့်အကွာ က ကြာနီကန်ရွာမှာရှိတဲ့ စည်ပင်အမှိုက်ပုံ မီးလောင်ပြီး ညလုံးပေါက် မီးငြိမ်းသတ်ခဲ့ရတယ်လို့ လူမှုကူညီရေးအဖွဲ့ဝင်ဆီကသိရပါတယ်။

ပုသိမ်ကြီးမြို့နယ် ၊ ကြာနီကန်ရွာက မန္တလေးစည်ပင် ရဲ့ အမှိုက်ပုံဟာ မနေ့ (ဧပြီလ ၁ရက်) ည ၇ နာရီဝန်းကျင်ခန့်က မီးစလောင်တာပါ။

အဲဒီမီးကို ဒီမနက်ပိုင်း ၇ နာရီအချိန်မှာအပြီးသတ် မီးငြိမ်းနိုင်ခဲ့တာလို့ မီးသတ်က လည်းထုတ်ပြန်ပါတယ်။မီးသတ်ယာဉ်ငါးစီး အပြင် လူမှုကူညီရေးအသင်းတွေရဲ့ရေသယ်ယာဉ်တွေပါ သုံးခဲ့ရတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

“အမှိုက်ပုံဆိုတော့ အတွင်းထဲလှိုက်လောင်တာလည်းရှိတော့ မီးငြိမ်းတာ အခက်အခဲလေးတွေ ရှိတာပေါ့ “ လို့ လူမှုကူညီရေး အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ကြာနီကန်အမှိုက်ပုံဟာ မန္တလေးမြို့ရဲ့ မြောက်ဖက်မှာရှိပြီး မြို့နဲ့ ၁၀ မိုင်ကျော်လောက် ဝေးပါတယ်။ မန္တလေးမြို့က ထွက်ရတဲ့ အမှိုက်တွေကို စုပုံတဲ့နေရာလည်းဖြစ်ပါတယ်။

ဓာတ်ပုံ – Than Htay/FB

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook