Connect with us

Hi, what are you looking for?

သတင်း

ပရီမီယံဒီဇယ် တစ်လီတာ ၇၀၀၀ နီးပါးအထိ ရှိလာ

စက်သုံးဆီဈေးက ဆက်လက်မြင့်တက်နေပြီး ပရီမီယံဒီဇယ်တစ်လီတာ ကျပ် ၇၀၀၀ နီးပါးအထိ မြင့်တက်လာခဲ့ပါတယ်။

ဧပြီ-၃၊၂၀၂၆။ရောင်နီ/People’s Spring

စက်သုံးဆီဈေးက ဆက်လက်မြင့်တက်နေပြီး ပရီမီယံဒီဇယ်တစ်လီတာ ကျပ် ၇၀၀၀ နီးပါးအထိ မြင့်တက်လာခဲ့ပါတယ်။

ဒီတစ်ပတ်မှာ စက်သုံးဆီဈေးက ဓာတ်ဆီ 92 တစ်လီတာ ၄,၆၂၅ ကျပ်၊ ဓာတ်ဆီ 95 တစ်လီတာ ၄,၇၈၀ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ ၅,၆၈၀ကျပ်နဲ့ ပရီမီယံဒီဇယ် ၆,၈၀၅ကျပ် အထိရှိနေတာပါ။

ဒီဈေးနှုန်းတွေက ပြီးခဲ့တဲ့တစ်ပတ် ရည်ညွှန်းဈေးနဲ့ယှဉ်ရင် တစ်လီတာကို 92က ၁၇၅ ကျပ် ၊ ဒီဇယ်ဆီက ၂၃၀ ကျပ် နဲ့ ပရီမီယံဒီဇယ်က ၇၂၀ ကျပ် အထိမြင့်တက်ခဲ့ပြီး 95 ကတော့ ၁၉၅ ကျပ် ဈေးလျော့ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အရှေ့အလယ်ပိုင်းတိုက်ပွဲတွေကြောင့် စက်သုံးဆီဈေးနှုန်းတွေက ငါးပတ်ဆက်တိုက်မြင့်တက်နေခဲ့တာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်ဈေးနှုန်းတွေနဲ့ ယှဉ်ရင် စက်သုံးဆီအမျိုးအစားအလိုက် တစ်လီတာကို ၂၃၀၀ ကနေ ၄၀၀၀ နီးပါးအထိ ဈေးတွေမြင့်တက်လာခဲ့တာပါ။

ဒီလိုဈေးတွေ တတ်နေပေမယ့်လည်း စက်သုံးဆီဆိုင်အချို့မှာတော့ ဆီအမျိုးအစားအစုံရောင်းချပေးနိုင်တာတွေ မရှိဘူးလို့ ယာဉ်ပိုင်ရှင်တွေကပြောပါတယ်။

တချို့ဆီဆိုင်တွေက 92 နဲ့ 95 ကိုရောင်းချပေးနေပေမယ့် ဒီဇယ် နဲ့ ပရီမီယမ် ဒီဇယ်ကို ၇ ရက်နေ့ ညနေလောက်မှ ရောင်းချနိုင်မယ်လို့ ကြေညာထားတာရှိပါတယ်။

ဒီနေ့မနက် ဆီဆိုင်တချို့မှာလည်း ဆီဖြည့်ဖို့ တန်းစီနေပေမယ့် ဆီရောင်းချမပေးသေးတာတွေလည်းတွေ့ခဲ့ရပါတယ်။

ဆက်စပ်သတင်းများ