Connect with us

Hi, what are you looking for?

သတင်း

နတ်မောက်ဂဠုန် PDF တပ်ဖွဲ့စခန်းဆီ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်

အမှတ် (၉၀၃) တပ်ရင်း၊ နတ်မောက်ဂဠုန် PDF တပ်ဖွဲ့စခန်းဆီ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုရှိတယ်လို့ နတ်မောက်ဂဠုန် PDF တပ်ဖွဲ့က ဗိုလ်အောင်ဒင်က ပြောပါတယ်။

နတ်မောက်ဂဠုန်တပ်ဖွဲ့က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ − Screengrab

ဧပြီ ၆၊ ၂၀၂၆ ဟာနာဆန်/People’s Spring

အမှတ် (၉၀၃) တပ်ရင်း၊ နတ်မောက်ဂဠုန် PDF တပ်ဖွဲ့စခန်းဆီ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုရှိတယ်လို့ နတ်မောက်ဂဠုန် PDF တပ်ဖွဲ့က ဗိုလ်အောင်ဒင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၄ ရက် ညနေ ၃ နာရီခန့်မှာ အင်အား ၂၀၀ ကျော်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ အမှတ် (၉၀၃) တပ်ရင်းစခန်း ရှိရာကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာဖြစ်ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။

အဲဒီစစ်ကြောင်းကို အမှတ် (၉၀၃)တပ်ရင်းနဲ့ (၉၀၂)တပ်ရင်းတို့ ပူးပေါင်းပြီး ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ စစ်တပ်က အနည်းဆုံး ၇ဦးထက်မနည်း သေဆုံးနိုင်ကြောင်း ဗိုလ်အောင်ဒင်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“စခန်းကလည်း ဆုံးရှုံးစရာလည်း မရှိတော့ပါဘူး။ ပထမတစ်ခေါက်ကလည်း ပေါင် ၅၀၀ နဲ့ လေယာဥ်နဲ့ လာကြဲသွားတယ်လေ။ လက်နက်သိမ်းဆည်းရမိတာတော့မရှိပါဘူး။ အနည်းဆုံး ၆ ယောက် ၇ ယောက် ကျဆုံးနိုင်တယ်။ ကျွန်တော်တို့ဘက်က ကျည်ထိဒဏ်ရာတော့ မရပါဘူး။”လို့ ဗိုလ်အောင်ဒင်က ပြောပါတယ်။

သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ အလောင်းတွေကို ဆိုင်ကယ် ၃စီးနဲ့ သယ်ဆောင်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ စစ်တပ်က ထိခိုက်သေဆုံးမှုနဲ့ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်ပါဘူး။

​စစ်တပ်ဟာ အောင်လံမြို့အခြေစိုက် အမှတ်(၁၇)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ−၁၇ )က စစ်ကြောင်းတစ်ကြောင်းနဲ့ နေပြည်တော်ကလာတဲ့ စစ်ကြောင်းတွေဖြစ်ပြီး ဒေသတွင်းတော်လှန်ရေးအင်အားစုတွေနဲ့ ဧပြီလဆန်းပိုင်းကစပြီး တိုက်ပွဲတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

အခုနှစ်ဆန်းပိုင်းကလည်း နတ်မောက်နဲ့ မြို့သစ်မြို့နယ်တွေမှာ စစ်တပ်ရဲ့အရာရှိအဆင့်တွေအပါအဝင် ပြည်ထောင်စုအဆင့်ရွေးကောက်ပွဲအရာရှိ ယာဥ်တန်းတိုက်ခံရပြီး သေဆုံးမှုတွေရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ