Connect with us

Hi, what are you looking for?

သတင်း

ကနီနဲ့ အရာတော်မှာ သင်္ကြန်ကာလအတွင်း ဆူညံစွာပျော်ပါးတာတွေ မပြုလုပ်ဖို့ တော်လှန်ရေးအဖွဲ့တွေ ထုတ်ပြန်

​စစ်ကိုင်းတိုင်းအတွင်းက ကနီမြို့နယ်နဲ့ အရာတော်မြို့နယ်တွေမှာ လာမယ့်သင်္ကြန်ကာလအတွင်း ရေကစားမဏ္ဍပ်တွေ ဆောက်လုပ်တာနဲ့ အသံချဲ့စက်တွေ အသုံးပြုပြီး ဆူညံစွာ ပျော်ပါးခြင်းတွေ မပြုလုပ်ကြဖို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေက ဒီကနေ့ (ဧပြီလ ၁၁ ရက်)မှာ အသီးသီး ထုတ်ပြန်ချက်ထုတ်ကာ မေတ္တာရပ်ခံလိုက်ပါတယ်။

​နေပြည်​တော်ရှိ ရေကစားမဏ္ဍပ် မိုးသက်​လေပြင်း​ကြောင့်ပျက်စီး​နေတာကို ဧပြီ ၇ရက်က တွေ့ရစဉ်။ဓာတ်ပုံ- - ဒေသခံ

​ဧပြီ ၁၁၊၂၀၂၆ ဟာနာဆန်/People’s Spring

​စစ်ကိုင်းတိုင်းအတွင်းက ကနီမြို့နယ်နဲ့ အရာတော်မြို့နယ်တွေမှာ လာမယ့်သင်္ကြန်ကာလအတွင်း ရေကစားမဏ္ဍပ်တွေ ဆောက်လုပ်တာနဲ့ အသံချဲ့စက်တွေ အသုံးပြုပြီး ဆူညံစွာ ပျော်ပါးခြင်းတွေ မပြုလုပ်ကြဖို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေက ဒီကနေ့ (ဧပြီလ ၁၁ ရက်)မှာ အသီးသီး ထုတ်ပြန်ချက်ထုတ်ကာ မေတ္တာရပ်ခံလိုက်ပါတယ်။

​နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ကျေးရွာတွေ မီးရှို့ဖျက်ဆီးခံရမှုတွေကြောင့် ပြည်သူတွေအသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးနေရချိန်ဖြစ်တာကြောင့် ဝမ်းနည်းပူဆွေးနေရတဲ့ ပြည်သူတွေကို စာနာတဲ့အနေနဲ့ ယခုကဲ့သို့ ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ကနီမြို့နယ် အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲ့က အသိပေးပါတယ်။

​ကနီမြို့နယ် အရေးပေါ်အုပ်ချုပ်ရေး (ဗဟို)အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ သင်္ကြန်ကာလအတွင်း ရေကစားမဏ္ဍပ်တွေမှာ ဆောင်းဘောက်နဲ့ အသံချဲ့စက်တွေ အသုံးပြုကာဆူညံစွာ လူစုလူဝေးနဲ့ မြူးတူးပျော်ပါးခြင်းတွေကို ရှောင်ကြဉ်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။

Public Service Announcement

Public Service Announcement

ကနီမြို့နယ်မှာ ဧပြီ ၁၀ရက် မနက်ပိုင်းက တဇယ်ချောင်ကျေးရွာ အနီးတစ်ဝိုက်ကို စစ်ကောင်စီက ဒရုန်းတွေနဲ့ ဗုံးချတိုက်ခိုက်လို့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

​အလားတူ အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ နေရာမရွေးနေ့စဉ်ရှိနေတာကြောင့် လေကြောင်းသတိပေးချက်တွေကို အနှောင့်အယှက်ဖြစ်စေတဲ့ အသံချဲ့စက်ဖွင့်ခြင်းနဲ့လူစုလူဝေးပြုလုပ်ခြင်းတွေကို မပြုလုပ်ကြဖို့ တားမြစ်ထားပါတယ်။

​ဒါ့အပြင် အရာတော်မြို့နယ်မှာ အလှူပွဲနဲ့ မင်္ဂလာပွဲတွေမှာပါ အသံချဲ့စက်ဖွင့်တာကို ကန့်သတ်ထားပြီး လိုက်နာခြင်းမရှိဘဲ ဆောင်ရွက်ခြင်းကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာပါက ဦးဆောင်သူတွေက တာဝန်ယူရမှာဖြစ်သလို တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားပါတယ်။

အရာတော်မြို့နယ်အတွင်းမှာ စစ်ကောင်စီက မတ်လ ၃၀ရက်ကစပြီး ဧပြီ ၁၁ရက်အထိ အရပ်သားပြည်သူနေရာတွေကို အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေကြောင်း၊ ဒါ့ကြောင့် လာမယ့်သင်္ကြန်ကာလမှာလည်း လေကြောင်းနဲ့လက်နက်ကြီးနဲ့ပါ တိုက်ခိုက်မှုတွေရှိလာနိုင်တာကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တိုက်နယ်တာဝန်ခံတွေ၊ ရပ်ကျေးတာဝန်ခံတွေ အနေနဲ့ သင်္ကြန်မဏ္ဍပ် (ရေကစားမဏ္ဍပ်) ဆောက်လုပ်ခြင်း၊ ရေကစားရန်လူစုပေးခြင်းတွေကို မိမိတို့ကိုယ်တိုင်သော်လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း၊သွယ်ဝိုက်၍ သော်လည်းကောင်း ပြုလုပ်ခဲ့ပါက ထိရောက်ပြင်းထန်စွာ အရေးယူမှာဖြစ်ကြောင်း အရာတော်ပကဖက အမိန့် ထုတ်ပြန်ထားပါတယ်။

ဒီကနေ့ ဧပြီ ၁၁ ရက် မနက်ပိုင်းကပဲ အရာတော်မြို့နယ်တောင်ခြမ်းရှိ မင်းရွာကျေးရွာနဲ့ မလဲသာကျေးရွာကြားကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပါသေးတယ်။

စာထုတ်တဲ့အဖွဲ့အစည်းတွေကို လူထုနွေဦးက ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

“သင်္ကြန်ကမလုပ်သင့်သေးဘူး။ ဗုံးကြဲခံရနိုင််တယ်”လို့ ရွှေဘိုခရိုင်က ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာလည်း လာမယ့်သင်္ကြန်ကာလအတွင်း လေကြောင်းအန္တရာယ်အပါအဝင် လုံခြုံရေးအသိ သတိနဲ့ ဖြတ်သန်းကြဖို့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးထားပါတယ်။

စစ်ကောင်စီဟာ ၎င်းတို့ထိန်းချုပ်ထားတဲ့ ရန်ကုန်၊ မန္တလေး မြို့ကြီးတွေမှာတော့ သင်္ကြန်ပွဲတော်ကို ခမ်းခမ်းနားနားပြုလုပ်ဖို့ စီစဥ်နေပြီး လုပ်ငန်းရှင်တွေကိုလည်း မဏ္ဍပ်တွေလုပ်ကြဖို့ ဖိအားပေးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ရွှေဝါရောင်တော်လှန်ရေး (၁၉)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု စက်တင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ တိုက်ပွဲအတွင်း ထွက်‌ပြေးရာက မိသားစုနဲ့ ကွဲပြီး တစ်ဦးတည်းကျန်ရစ်ခဲ့တဲ့ အဖွားအိုတစ်ဦးကို PDF ရဲဘော်တွေက ကယ်ထုတ်ခဲ့တဲ့ ရုပ်သံမှတ်တမ်းဟာ အခုရက်ပိုင်းအတွင်း လူပြောများနေပါတယ်။ အဲဒီ ရုပ်သံမှာ အားနည်းနေတဲ့အဖွားအိုကို ရဲဘော်တစ်ဦးက ပြောဆိုတာ ဖြစ်ပါတယ်။

Facebook