Connect with us

Hi, what are you looking for?

သတင်း

လွတ်ငြိမ်းကို စောင့်နေကြသူတွေ

စစ်တပ်က နှစ်ဆန်းတစ်ရက်နေ့မှာ လွတ်ငြိမ်းသက်သာခွင့်ပေးမယ်လို့ ကြေညာထား‌တာကြောင့် ရာသီဥတုပူပြင်းနေပေမယ့် အင်းစိန်ထောင်ရှေ့မှာ မိသားစုဝင်အများအပြားလာစောင့်နေကြပါတယ်။

ဧပြီ-၁၇၊၂၀၂၆။သတိုး/People’s Spring

စစ်တပ်က နှစ်ဆန်းတစ်ရက်နေ့မှာ လွတ်ငြိမ်းသက်သာခွင့်ပေးမယ်လို့ ကြေညာထား‌တာကြောင့် ရာသီဥတုပူပြင်းနေပေမယ့် အင်းစိန်ထောင်ရှေ့မှာ မိသားစုဝင်အများအပြားလာစောင့်နေကြပါတယ်။

စစ်တပ်က ဒီကနေ့ မနက်မှာ လွတ်ငြိမ်းအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် လူဦးရေ လေးထောင်ကျော်ပေးမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

မိသားစုဝင်တွေကတော့ လက်ရှိအချိန်အထိ ထောင်ရှေ့ နေပူပူမှာ ရပ်စောင့်နေကြရပြီး ဆယ်နာရီကျော်သည်အထိ လွှတ်ပေးတာတော့မရှိသေးပါဘူး။

Public Service Announcement

Public Service Announcement

ဒီလိုနေ့တွေမှာ လွတ်ငြိမ်းပေးလေ့ရှိတာကြောင့် မိသားစုဝင်တွေက ထောင်ရှေ့မှာ နံနက်အစောကတည်းကလာရောက်စောင့်ဆိုင်းနေကြတာဖြစ်ပါတယ်။

ဓာတ်ပုံ – PS

ဆက်စပ်သတင်းများ