Connect with us

Hi, what are you looking for?

သတင်း

ဒီတစ်ပတ် ဆီဈေးမတက်၊ တန်းစီတဲ့ကားနည်းသွားဟုဆို

ခြောက်ပတ်ဆက်တိုက်မြင့်တက်ခဲ့တဲ့ စက်သုံးဆီဈေးက ဒီတစ်ပတ်တော့ အပြောင်းအလဲမရှိခဲ့ဘဲ တန်းစီရတဲ့ ကားလည်းနည်းသွားတာကိုတွေ့ရပါတယ်။

(ရန်ကုန်မြို့က ဆီဆိုင်တစ်ခုမှာတန်းစီနေတဲ့ ကားများကို ဒီကနေ့မနက်ကတွေ့ရစဥ်)

ဧပြီ-၁၇၊၂၀၂၆။ရောင်နီ/People’s Spring

ခြောက်ပတ်ဆက်တိုက်မြင့်တက်ခဲ့တဲ့ စက်သုံးဆီဈေးက ဒီတစ်ပတ်တော့ အပြောင်းအလဲမရှိခဲ့ဘဲ တန်းစီရတဲ့ ကားလည်းနည်းသွားတာကိုတွေ့ရပါတယ်။

စစ်‌တပ်ရဲ့ ရည်ညွှန်းဈေးသတ်မှတ်ချက်အရ ဒီတစ်ပတ် ရန်ကုန်မှာ စက်သုံးဆီဈေးက ဓာတ်ဆီ 92 တစ်လီတာ ၄,၇၃၅ကျပ်၊ ဓာတ်ဆီ 95 တစ်လီတာ ၄,၉၄၅ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ ၆,၄၈၅ကျပ်နဲ့ ပရီမီယံဒီဇယ် ၇,၇၅၅ကျပ် သတ်မှတ်ထားတာပါ။

ပုံမှန်ဆိုရင် မ ရက် တန်းစီတဲ့ကားများပေမယ့် ဆိုင်တော်တော်များများမှာ အရင်လို တန်းစီတဲ့ကားတွေပြည့်နေတာမျိုးမရှိတာကို တွေ့မြင်ခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

တချို့ဆီဆိုင်တွေဆို တန်းစီစရာတောင်မလိုပဲ ရောက်တာနဲ့ ဆီတန်းဖြည့်လို့ရတယ်လို့ ယာဉ်မောင်းတစ်ဦးကပြောပါတယ်။

စက်သုံးဆီဈေးတွေက တစ်လကျော်အတွင်းမှာ ဆီအမျိုးအစားအလိုက် တစ်လီတာကို ၂၄၀၀ ကနေ ၅၀၀၀ နီးပါးအထိ ဈေးမြင့်တက်လာခဲ့တာပါ။

ဆက်စပ်သတင်းများ