ဧပြီ-၁၇၊၂၀၂၆။ထားမြတ်/People’s Spring
မြန်မာနှစ်သစ် ၁၃၈၈ ခုနှစ်ဟာ မိဘပြည်သူတို့ မျှော်ရည်တဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ပြီး တော်လှန်ရေးအောင်ပွဲသို့ အရောက်လှမ်းနိုင်တဲ့ နှစ်တနှစ်ဖြစ်စေဖို့ အစွမ်းရှိသရွေ့အားထုတ်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ နှစ်သစ်ကူး ဆုမွန်မှာ ရေးသား ဖော်ပြအသိပေးပါတယ်။
“ကျနော်၊ ကျမတို့ ပြည်သူ့ကာကွယ်ရေးတပ််မတော်သားတွေက ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသမျှ ဆက်လက် ကြိုးပမ်း အားထုတ်သွားပါ့မယ်လို့ ကတိသစ္စာပြုရင်း ဘေးကင်းလုံခြုံပြီး ကိုယ်စိတ်ကျန်းမာတဲ့ နှစ်သစ် ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်”လို့ ရေးသားဖော်ပြထားတာပါ။
ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်အနေနဲ့လည်း နှစ်ဦးသဝဏ်လွှာ ပေးပိုခဲ့ရာ အခုလို နှစ်သစ်အခါသမယမှာ ရဲဘော်များ၊ မိတ်ဆွေများကို အထူးအသိပေးလိုတာကတော်လှန်ရေးဟာသူ့ မဟာဗျူဟာ၊ သူ့အစီအစဉ်အတိုင်း ခြေလှမ်းမှန်မှန်နဲ့ ရှေ့ဆက်နေတယ်ဆိုတဲ့ အချက် ဖြစ်ပါတယ်လို့ အသိပေးပါတယ်။

Public Service Announcement
ဒီကနေ့ ပြည်သူ့တော်လှန်ရေးရဲ့ အားသာချက်က ပြည်သူရဲ့ တခဲနက် ထောက်ခံပါဝင်မှု ဖြစ်ကြောင်း ပြောပါတယ်။
“ ဒီအချက်အပေါ်မှာ တော်လှန်ရေးရဲဘော်တွေရဲ့ ပြည်သူအပေါ် တန်ဖိုးထားမှု၊ ခေတ်စနစ်ပြောင်း တော်လှန်ရေးအပေါ် သက်ဝင်ယုံကြည်မှုထပ်ဆောင်းအားဖြည့်ကြရရင်ဒီတော်လှန်ရေး မအောင်
စရာ အကြောင်းမရှိပါဘူး။”လို့ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
အာရက္ခတပ်တော်(AA)ကလည်းနှစ်သစ်ဆု
တောင်း ပေးခဲ့ရာ မြန်မာနိုင်ငံတဝန်းရှိ အဖိနှိပ်ခံ တိုင်းရင်းသားလူမျိုးများနဲ့အတူ အာရက္ခပြည်
သူလူထုများအားလုံး နှစ်သစ်ကူး အခါသမယမှာ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်းများနဲ့ အတူ လိုအင်ဆန္ဒ အ၀၀ ပြည့်၀ နိုင်ပါစေလို့ ဖော်ပြထားပါတယ်။
ဒါ့အပြင်စစ်ဘေးအပါအဝင်ဘေးအန္တရာယ်အပေါင်းမှ အမြန်ဆုံးကျော်လွှားနိုင်ကြပါစေလို့လည်း AAက ဆုတောင်းပေးခဲ့ပါတယ်။
ဝန်ကြီး ဦးရည်မွန်က နှစ်ဦးသဝဏ်လွှာ ပေးပို့ခဲ့ရာ မကြာသေးမီက ဖွဲကစည်းခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ အမျိုးသားညီညွတ်မှုအားကို အရင်းတည်ပြီး ပန်းတိုင်အရောက်ဆက်လက်ချီတက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
“နိုင်ငံရေး အခြေခံပေါ်မှာ တော်လှန်ရေးအင်အားစုတွေရဲ့ စုစည်းညီညွတ်မှုကို တည်ဆောက်ပြီး ပီပြင်တဲ့ တော်လှန်ရေးဦးဆောင်မှုကို ဖော်ထုတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ SCEF ဟာ One Policy One Strategy တခုတည်းသော မူဝါဒ၊ တခုတည်းသော မဟာဗျူဟာအောက်မှာ အလုပ်လုပ်ကြမှာ ဖြစ်ပါတယ်။ ဦးဆောင်မှု ခိုင်မာဖို့နဲ့ မဟာဗျူဟာ မှန်ကန်ဖို့ဟာ တော်လှန်ရေးအောင်မြင်ဖို့ အသက်တမျှ အရေးကြီးပါတယ်။SCEF မှာ နိုင်ငံရေးစုဖွဲ့မှုနဲ့ စစ်ရေးစုဖွဲ့မှု ပါဝင်မယ်။ စစ်ရေးအပိုင်းမှာ ဗဟိုကွပ်ကဲမှုစနစ်တည်ဆောက်ပြီး တနိုင်ငံလုံး လွှမ်းခြုံတဲ့ စစ်မဟာဗျူဟာတရပ် ရေးဆွဲ အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ SCEF ဟာ အမျိုးသားညီညွတ်မှုအား ပိုကောင်းလာတဲ့ အမှတ်လက္ခဏာလည်း ဖြစ်တယ်။ ဒီအားကို အရင်းတည်ပြီး ခိုင်မာတဲ့ ဦးဆောင်မှု၊မှန်ကန်တဲ့ မဟာဗျူဟာအောက်မှာ စိတ်ဇွဲသန်သန်နဲ့ ပန်းတိုင်အရောက် ဆက်လက်ချီတက်ကြပါစို့” လို့ ဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။
(၅)နှစ်သား ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ အခုဆိုရင် ရင့်ကျက်မှု၊ တည်ငြိမ်မှုအဆင့် တခုကို ရောက်ရှိလာပြီလို့လည်း ဝန်ကြီးက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်းပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းတပ်ဖွဲ့အားလုံးကို စစ်ရုံးချုပ်၊ တိုင်းစစ်ဌာန၊ ခရိုင်စစ်ဌာန ဖြင့် တစ်ခုတည်းသော ကွပ်ကဲမှုစနစ်ကို တည်ဆောက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
“PDF တပ်မတော်ရဲ့ တည်ငြိမ်ရင့်ကျက်မှုဟာ တော်လှန်ရေးရဲ့ အဓိကခွန်အား ဖြစ်ပါတယ်။အခုလို နှစ်သစ်အခါသမယမှာ ရဲဘော်များ၊ မိတ်ဆွေများကို အထူးအသိပေးလိုတာက တော်လှန်ရေးဟာ သူ့ မဟာဗျူဟာ၊ သူ့အစီအစဉ်အတိုင်း ခြေလှမ်းမှန်မှန်နဲ့ ရှေ့ဆက်နေတယ်ဆိုတဲ့ အချက် ဖြစ်ပါတယ်။ တော်လှန်ရေး (၅)နှစ်ကာလမှာ ကျနော်တို့အနေနဲ့ တော်လှန်ရေးတစုံလုံးအပေါ် ပြန်သုံးသပ်၊ ပြုပြင်၊ တည့်မတ်ရတာတွေ ရှိပါတယ်။ အထူးသဖြင့် မဟာဗျူဟာပိုင်း ဦးစားပေးအစီအစဉ်များ ပြန်လည်သတ်မှတ်ခြင်း၊ နည်းဗျူဟာပိုင်းမှာ စစ်ပွဲနဲ့ဆီလျော်အောင် ပြုပြင်ပြောင်းလဲခြင်း လုပ်ရတယ်” လို့ ဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။
ဦးစားပေးအစီအစဉ်တွေအနေနဲ့ တပ်ကို ပိုမာအောင် PDF တပ်ရင်းအလိုက် မွမ်းမံလေ့ကျင့် စုဖွဲ့ရတာ၊ ပကဖကို PDF နဲ့ အတူ တိုက်ပွဲဝင်နိုင်တဲ့ အမာခံ တိုက်ခိုက်ရေး အင်အားဖြစ်အောင် တည်ဆောက်ရတာ၊ အရင်းအမြစ် ရှာဖွေစုစည်းရေးကို ပိုအားစိုက်ရတာ တွေလုပ်ဆောင်ခဲ့ကြောင်း ရှင်းပြပါတယ်။
(အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တပ်ရင်းမှူးဖြစ်စဥ် ဦးဆောင်ခဲ့တဲ့ လေးကေစခန်းကို တော်လှန်ရေးတပ်များကသိမ်းပိုက်ပြီးနောက်အထူးတိုင်းစစ်ဌာနက PDF တွေအောင်ပွဲခံစဥ်။ဓါတ်ပုံ-အထူးတိုင်း စစ်ဌာန)


















































