Connect with us

Hi, what are you looking for?

သတင်း

တရားလွှတ်တော်ရှေ့နေရဲ့ယာဉ်နံပါတ်ပွားပြီး ဆီထုတ်နေလို့ ဖမ်းဆီးပေးရင် ကျပ်ငါးသိန်းပေးမယ်လို့ ကြေညာနေ

မန္တလေးမြို့က တရားလွှတ်တော်ရှေ့နေတစ်ဦးရဲ့ ယာဉ်နံပါတ်ပွားပြီး ဆီထုတ်နေလို့ ဖမ်းဆီးပေးနိုင်တဲ့သူ ကျပ် ငါးသိန်း ပေးမယ်ဆိုပြီး ကာယကံရှင် တရားလွှတ်တော်ရှေ့နေကိုယ်တိုင် ကြေညာနေရပါတယ်။

မန္တလေးမြို့က တရားလွှတ်တော်ရှေ့နေတစ်ဦးရဲ့ ယာဉ်နံပါတ်ပွားပြီး ဆီထုတ်နေလို့ ဖမ်းဆီးပေးနိုင်တဲ့သူ ကျပ် ငါးသိန်း ပေးမယ်ဆိုပြီး ကာယကံရှင် တရားလွှတ်တော်ရှေ့နေကိုယ်တိုင် ကြေညာနေရပါတယ်။

ဧပြီ ၂၀၊ ၂၀၂၆။မေရီ/People’s Spring

မန္တလေးမြို့က တရားလွှတ်တော်ရှေ့နေတစ်ဦးရဲ့ ယာဉ်နံပါတ်ပွားပြီး ဆီထုတ်နေလို့ ဖမ်းဆီးပေးနိုင်တဲ့သူ ကျပ် ငါးသိန်း ပေးမယ်ဆိုပြီး ကာယကံရှင် တရားလွှတ်တော်ရှေ့နေကိုယ်တိုင် ကြေညာနေရပါတယ်။

မန္တလေးမြို့က တရားလွှတ်တော်ရှေ့နေ ဦးညွန့်ဝေဆိုသူက သူအမည်ပေါက်ပိုင်ဆိုင်တဲ့ ယာဉ်အမှတ် 5G/1657, TOYOTA CROWN, 2005 (Black) ရဲ့ မှတ်ပုံတင်သက်သေခံလက်မှတ် (အပွား) ကို အသုံးပြုပြီး အခြားလိုင်စင်မဲ့ယာဉ်တစ်စီးဟာ ကျောက်ဆည်မြို့အတွင်း အသုံးပြုနေကြောင်း ဒီကနေ့ထုတ် မန္တလေးနေ့စဥ်သတင်းစာမှာ ကြေညာခဲ့တာပါ။

အဆိုပါ လိုင်စင်မဲ့ယာဉ်ဟာ ဧပြီ ၁ရက် နဲ့ ၉ရက်မှာ ကျောက်ဆည်မြို့ရှိ “Start Oil” နဲ့ “Kaythioo-3” စက်သုံးဆီဆိုင်တွေမှာ 92 Ron ဓာတ်ဆီတွေကို ယာဉ်အမှတ်အပွားနဲ့ ဆီထုတ်ယူခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့ကြောင့် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ် (အပွား) ကို သုံးစွဲပြီး၊ လိုင်စင်မဲ့မော်တော်ယာဉ် အသုံးပြုနေတာကို ‘ရပ်ဆိုင်း-ရပ်တန့်’ ရန်နဲ့ လက်မှတ်အပွားကို အမြန်အပ်ဖို့နဲ့ အဆိုပါလိုင်စင်မဲ့မော်တော်ယာဉ်နဲ့ မော်တော်ယာဉ်သက်သေခံလက်မှတ် ‘အပွား’ အသုံးပြုနေသူကို ဖော်ထုတ်ဖမ်းဆီးပေးသူကို ကျပ်ငါးသိန်း ချီးမြှင့်မယ်လို့ ၎င်းတရားလွှတ်တော်ရှေ့နေက ကြေညာပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ စက်သုံးဆီအခက်အခဲကြောင့် ဆီဆိုင်တွေမှာ လိုင်စင်ရှိတဲ့ယာဥ်တွေသာ QR စနစ်နဲ့ ဝယ်ယူခွင့်ရနေတာဖြစ်ပြီး လိုင်စင်မဲ့ယာဉ်တွေကို နံပါတ်ပြားအတု၊ စာရွက်စာတမ်းအတု (အပွား)တွေအသုံးပြုပြီး ဆီထုတ်ယူတာတွေ များပြားနေကြောင်း မော်တော်ယာဥ်ပိုင်ရှင်တွေက ပြောပါတယ်။

မော်တော်ယာဥ်နံပါတ်ကိုပွားပြီး ဆီထုတ်ယူခံနေရတဲ့ ယာဥ်ပိုင်ရှင်တစ်ဦးက “ဆီဆိုင်က ရေနံရုံးသွားပြောရမယ်ဆိုလို့ သွားပြောတယ်။ ရေနံရုံးက ပွားထားတဲ့သူထက်ဦးအောင်ထုတ်လိုက်ပါလို့ ပြောတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် ကညနဝန်ထမ်းတွေနဲ့ မသမာသူတွေ ပေါင်းပြီး လိုင်စင်နဲ့ဝှီးတက် မိတ္တူတွေပြုလုပ်တာတွေရှိနေတယ်လို့လည်း မော်တော်ယာဥ်ပိုင်ရှင်တွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အီတလီနိုင်ငံအခြေစိုက် IDHAE အဖွဲ့က ၂၀၂၄ ခုနှစ်အတွက် နိုင်ငံတကာလူ့အခွင့်အရေးဆု(Ludovic Trarieux)ကို မန္တလေးမြို့မှ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို ပေးအပ်ချီးမြှင့်မည်ဟု သိရသည်။

နိုင်ငံတကာ

အဲဒီနောက် ရုရှားပိုင် ယူရယ်လ် ဒေသမှာ အခြေစိုက်တဲ့ ရုရှား စီးပွားရေး ကုမ္ပဏီ တစ်ခုက ရုရှား စစ်သားတွေသာ စစ်မြေပြင်ရောက် Abramsနဲ့ Leopard 2 တင့်ကားတွေကို ဖျက်ဆီးနိုင်ရင်၊ ဒါမှမဟုတ် သိမ်းပိုက်နိုင်ရင် ရက်ရက်ရောရော ဆုကြေးငွေ ပေးအပ်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။