Connect with us

Hi, what are you looking for?

သတင်း

အင်းတော်မြို့အနီးမှာ တိုက်ပွဲတွေဖြစ်လာနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေ သတိပေး

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ထိန်းချုပ်ထားတဲ့ အင်းတော်မြို့ကို တိုက်ခိုက်ဖို့ စစ်ကောင်စီတပ်စစ်ကြောင်းတွ ပြင်ဆင်နေပြီး မြို့နယ်တွင်းနဲ့အနီးပတ်ဝန်းကျင်နေရာတွေမှာ တိုက်ပွဲအချိန်မရွေးဖြစ်ပွားနိုင်တာကြောင့် သတိပြုကြဖို့ ဒေသခံတွေကို အင်းတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကသတိပေးချက် ထုတ်ပြန်ပါတယ်။

(အင်းတော်မြို့သိမ်းတိုက်ပွဲပါဝင်ခဲ့တဲ့ ပခုက္ကူခရိုင်တပ်ရင်းရဲဘော်များ။ ဓာတ်ပုံ- ပခုက္ကူ ခရိုင် အမှတ် ၁၇ တပ်ရင်း)

ဧပြီ-၂၁၊၂၀၂၆။ဇော်ရမ်း/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ထိန်းချုပ်ထားတဲ့ အင်းတော်မြို့ကို တိုက်ခိုက်ဖို့ စစ်ကောင်စီတပ်စစ်ကြောင်းတွ ပြင်ဆင်နေပြီး မြို့နယ်တွင်းနဲ့အနီးပတ်ဝန်းကျင်နေရာတွေမှာ တိုက်ပွဲအချိန်မရွေးဖြစ်ပွားနိုင်တာကြောင့် သတိပြုကြဖို့ ဒေသခံတွေကို အင်းတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကသတိပေးချက် ထုတ်ပြန်ပါတယ်။

ဒီနေ့ ဧပြီ၂၁ရက် ညနေပိုင်းသတိပေးချက်မှာ ဒေသတွင်းမှာ အချိန်မရွေးဖြစ်ပွားလာနိုင်တဲ့တိုက်ပွဲတွေအတွက် ကြိုတင်ပြင်ဆင်ကြဖို့ တိုက်တွန်းထားပါတယ်။

ဒေသတွင်း စစ်ရေးနဲ့လုံခြုံရေးသတင်းတွေကို ဖော်ပြပေးနေတဲ့ Indaw Revolution -IR ကလည်း မြေပြင်တိုက်ပွဲနဲ့ လေကြောင်းအန္တရာယ်ကို ကြိုတင်သတိပြုကြဖို့ ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

” အင်းတော်မြို့နယ်ကို စစ်ကြောင်းထိုးဖို့အတွက် သေချာသလောက်တော့ရှိနေပါပြီ။ ဒီရက်ပိုင်းအတွင်း စစ်ကြောင်းထိုးမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ စစ်ကြောင်းထိုးတဲ့အချိန် တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပေါ်လာနိုင်သလို လေကြောင်းတိုက်ခိုက်မှုတွေလည်း အပြင်းအထန်ပြုလုပ်နိုင်ပါတယ်။ ‌ဒါကြောင့် မိဘပြည်သူများ အရေးပေါ်၊ ဆေးဝါး၊ ရိက္ခာနဲ့ လိုအပ်တဲ့ အရေးကြီးပစ္စည်းများ ထုတ်ပိုးပြင်ဆင်ထားသင့်ပါတယ”လို့ သတိပေးထားပါတယ်။

အင်းတော်မြို့ကို PDFတပ်ရင်း၊တပ်ဖွဲ့တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မ‌တော်(KIA)၊ ကျောင်းသားတပ်မ‌တော်(ABSDF)ပူးပေါင်းတပ်တွေက ၂၀၂၅ ဧပြီ ၇ရက်မှာ သိမ်းယူခဲ့ပြီး တပ်မ(၇၇)တပ်မမှူး ဗိုလ်မှူးချုပ်အောင်သက်ဦးနဲ့စစ်သုံ့ပန်းအများပြားကိုလည်း ဖမ်းမိခဲ့ပါတယ်။

မြို့သိမ်းတိုက်ပွဲကာလမှာ မြို့ခံတွေကိုဓားဆာခံအဖြစ် စစ်တပ်က ဖမ်းဆီးထားခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့မတ်လမှာ တကောင်းမြို့နယ် ထီးချိုင့်မြို့ပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်တွေက ပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်ပိုင်း အင်းတော်မြို့ကိုပြန်လည်တိုက်ခိုက်ဖို့အတွက် စစ်ရေးပြင်ဆင်လာတာဖြစ်ပါတယ်။

မန္တလေးတိုင်းက တကောင်းမြို့နဲ့ စစ်ကိုင်းတိုင်းက ထီးချိုင့်မြို့၊ အင်း‌တော်မြို့တွေဟာ မန္တလေး-မြစ်ကြီးနား ကားလမ်းပိုင်းပေါ်မှာ တည်ရှိနေပါတယ်။

ဆက်စပ်သတင်းများ