Connect with us

Hi, what are you looking for?

သတင်း

မြန်မာဖက်ကတိုက်ပွဲတွေကြောင့် ထိုင်းမြောက်ပိုင်းက ပြည်နယ်၄ ခုမှာနယ်စပ်လုံခြုံရေးတင်းကျပ်

နိုင်ငံမြောက်ပိုင်း နယ်စပ်ပြည်နယ် ၄ ခုမှာ လုံခြုံရေး တင်းကျပ်ဖို့၊ အိမ်နီးချင်း မြန်မာနိုင်ငံဖက်က စစ်ပွဲတွေကြောင့် ထိခိုက် ခံစားရသူတွေကို အကူအညီပေးဖို့ ထိုင်း ပြည်ထဲရေး ဝန်ကြီးဌာနက ညွှန်ကြားလိုက်ပါတယ်။

ထိုင်း-မြန်မာ နယ်စပ်တစ်​နေရာမှ လုံခြုံ​ရေးတ္ဝနယူ​နေတဲ့ထိုင်းစစ်သား​တွေ။ဓါတ်ပုံ-The Nation

ဧပြီ-၂၁၊၂၀၂၆။People’s Spring

နိုင်ငံမြောက်ပိုင်း နယ်စပ်ပြည်နယ် ၄ ခုမှာ လုံခြုံရေး တင်းကျပ်ဖို့၊ အိမ်နီးချင်း မြန်မာနိုင်ငံဖက်က စစ်ပွဲတွေကြောင့် ထိခိုက် ခံစားရသူတွေကို အကူအညီပေးဖို့ ထိုင်း ပြည်ထဲရေး ဝန်ကြီးဌာနက ညွှန်ကြားလိုက်ပါတယ်။

ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ ပြည်နယ် ကွပ်ကဲရေးဌာနခွဲက မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ ချင်းရိုင်နဲ့ တက်ခ်ပြည်နယ်တွေမှာ နယ်စပ် အခြေအနေကို အလေးအနက် စောင့်ကြည့်ပြီး လုံခြုံရေး အစီအမံတွေကိုမြှင့်တင်သွားမယ်လို့ပြောပါတယ်။အကြောင်းကတော့ မြန်မာနိုင်ငံဖက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ထိုင်းပိုင်နက်ထဲ ပျံ့နှံ့ရောက်ရှိမလာအောင် တားဆီးဖို့ ဖြစ်ပါတယ်။

အဲဒီလို အစီအမံတွေ တင်းကျပ်ဖို့အတွက် ဒေသဆိုင်ရာ အာဏာပိုင်တွေ အနေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေ၊ ရွာသူကြီးတွေ၊ ဒေသခံ စေတနာ့ဝန်ထမ်း ကာကွယ်ရေး အဖွဲ့တွေနဲ့ ပူးပေါင်းညှိနှိုင်းပြီး လိုအပ်သလို အရေးပေါ် တုံ့ပြန်မှုတွေ လုပ်ဆောင်ဖို့လည်း ညွှန်ကြားချက်ထဲမှာ ဖော်ပြထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဓိက လုပ်ဆောင်မှုတွေအဖြစ် တရားဝင်နဲ့ တရားမဝင်နယ်စပ် အဝင်အထွက် နေရာတွေမှာ ကင်းလှည့်မှု၊ စောင့်ကြည့်မှုတွေ ပိုမို တင်းကျပ်ဖို့၊ ကျေးရွာတွေဆီ လူစိမ်းတွေ ရောက်ရှိလာရင် စစ်ဆေး စောင့်ကြည့်ဖို့၊ ထူးခြားဖြစ်စဉ်တိုင်းကို သက်ဆိုင်ရာဆီ အမြန်ဆုံး သတင်းပို့ပြီး လိုအပ်သလို ကိုင်တွယ်ဖို့ ဆိုတာတွေကို ထည့်သွင်း လမ်းညွှန်ထားခဲ့ပါတယ်။

မြန်မာဖက်ကတိုက်ပွဲတွေကြောင့် နယ်စပ် ဒေသခံ ထိုင်းပြည်သူတွေရဲ့ နေအိမ်တွေ၊ ပိုင်ဆိုင်မှုတွေ ထိခိုက်လာတဲ့အခါ အမြန်ဆုံးသင့်တော်သလို တုံ့ပြန်ဖို့လည်း သက်ဆိုင်ရာဌာနတွေကိုအမိန့်ပေးထားပါတယ်။

အဲဒီထိခိုက်မှုတွေနဲ့ ပတ်သက်ရင်ချက်ချင်းစုံစမ်းစစ်ဆေးဖို့၊ အစိုးရ စည်းမျဉ်း စံနှုန်းတွေနဲ့အညီ ကနဦး အကူအညီတွေ ပေးဖို့၊ သက်ဆိုင်ရာ အေဂျင်စီတွေနဲ့ ညှိနှိုင်းပြီး ရေရှည်မှာ ပြန်လည်ထူထောင်ရေး အထောက်အပံ့တွေ ပံ့ပိုးပေးဖို့ ဆိုတာတွေ ပါဝင်တယ်လို့လည်း သိရပါတယ်။

ကိုးကား- The Nation

ဆက်စပ်သတင်းများ