ဧပြီ-၂၂၊၂၀၂၆။ရွက်ဝါ/People’s Spring
တနင်္သာရီတိုင်း တနင်္သာရီမြိုနယ်က လမ်းပိုင်းအချို့မှာ စစ်ကောင်စီတပ်ဖြန့်ထားလို့ အချိန်မရွေး တိုက်ပွဲဖြစ်နိုင်သလို လေကြောင်း တိုက်ခိုက် မှုတွေလည်း ရှိလာနိုင်လို့ ပြည်သူတွေအနေနဲ့ သတ်မှတ်လမ်းပိုင်းတွေ အသုံးမပြုဖို့ ၊ ဘေးကင်းရာပြောင်းရွှေ့ဖို့ အသိပေးကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ်ခရိုင် တပ်ရင်း(၂)က သတင်းထုတ်ပြန်ပါတယ်။
တနင်္သာရီမြို့ဘောဓိကမ်း-ညောင်ပင်ကွင်းရွာလမ်းပိုင်းရှိ ဘန်လော၊ ၅ မိုင်၊ ၆ မိုင် ၊ ထုံတော်ကျေးရွာတလျှောက်မှာစစ်တပ်တွေကအင်အားသုံးတပ်ဖြန့်ထားတာလို့ ဆိုပါတယ်။
ဒါကြောင့်အဲဒီလမ်းပိုင်းတွေမှာတိုက်ပွဲများ ၊ရန်သူတပ်များရဲ့ ဒရုန်း၊ လေယာဉ်အန္တရယ်များ အချိန်မရွေးဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားပါတယ်။

Public Service Announcement
လတ်တလောဖြစ်ပေါ်နေသော စစ်ရေးအခြေအနေ တင်းမာမှုတွေကြောင့် ပြည်သူတွေရဲ့အသက်အန္တရာယ် ဘေးကင်းလုံခြုံမှုအတွက် စာထုတ်ပြန်တဲ့ ဒီကနေ့ ဧပြီ ၂၂ရက်မှစပြီး လမ်းပိုင်းတွေ အသုံးမပြုဖို့နဲ့ တိုက်ပွဲအချိန်မရွေးဖြစ်ပေါ်နိုင်သောကြောင့် ဘေးကင်းရာသို ပြောင်းရွှေ့ကြဖို့ အသိပေးထားပြီး ထုတ်ပြန်ချက်အားလေးစားလိုက်နာကြဖို့၊ လိုက်နာခြင်းမရှိပါက အန္တရာယ် ကျရောက်ခဲ့ရင် PDF တပ်တွေနဲ့ လုံး၀ မသက်ဆိုင်ကြောင်း ဖော်ပြထားပါတယ်။
အခုထုတ်ပြန်ချက်မှာ ပါဝင်တဲ့ နေရာအချို့ဟာ အရင်ကလည်းPDFနဲ့ စစ်ကောင်စီအကြား တိုက်ပွဲဖြစ်ပွားမှု အချို့ရှိခဲ့ပါတယ်။
“တိုက်ပွဲဖြစ်နေကျပဲ။(စစ်ကောင်စီတပ်)ထိုးစ်လို့ ပြောလို့ရပါတယ်”လို့ မြိတ်ခရိုင် တပ်ရင်း(၂) တာဝန်ရှိသူက ဒေသတွင်း စစ်ကောင်စီရဲ့ လှုပ်ရှားလာမှုကြောင့် စစ်ရေးတင်းမာနေတဲ့ အခြေအနေကို ပြောပါတယ်။
မတ်လ ၃ရက်ကလည်း တနင်္သာရီမြို့နယ် ၆မိုင်ကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို မြိတ်ခရိုင်တပ်ရင်း(၂)က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က သေဆုံးထိခိုက်ရှိသလို စစ်ကောင်စီထံက လက်နက်အချို့ သိမ်းရခဲ့ဟု အသိပေးထားပါတယ်။
ဧပြီ ၁၁ ရက်ကလည်း ၆မိုင်နဲ့ ၅မိုင်အနီးတိုက်ပွဲဖြစ်ခဲ့ရာ နှစ်ဖက်ထိခိုက်မှု အချို့ ရှိခဲ့ပါတယ်။


















































