Connect with us

Hi, what are you looking for?

သတင်း

မြိုင်တောင်ပိုင်းက သရက်ကန်ပျူစောထီးရွာကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းက သရက်ကန်ပျူစောထီးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာ သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းအချို့သိမ်းရရှိတယ်လို့ TYK ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

မြိုင်မြို့နယ်တောင်ပိုင်းက သရက်ကန်ပျူစောထီးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို တိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - TYK ပြောက်ကျားတပ်ဖွဲ့

ဧပြီ-၂၂၊၂၀၂၆။မိုမို/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းက သရက်ကန်ပျူစောထီးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာ သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းအချို့သိမ်းရရှိတယ်လို့ TYK ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ဧပြီ ၂၀ ရက် ညနေ ၄နာရီဝန်းကျင်က သရက်ကန်ရွာနဲ့ မီတာ ၃၀၀ အကွာက ကင်းပတ်လာတဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“သူတို့က အင်အား ဘယ်လောက်နဲ့ ထွက်လာလဲ ကျွန်တော်တို့ မသိရဘူး။အဲတာကြောင့် လက် နက်ငယ်နဲ့တိုက်ခိုက်ဖို့ ထပ်မိုင်းဆွဲတိုက်ခိုက်ဖို့ပဲရွေးချယ်ပြီး မိုင်းဆွဲခဲ့တာ မိုင်းဆွဲလိုက်တော့ တစ်ကောင် လဲကျသွားတာကိုမြင်လိုက်ရတယ်။ ပြန်ပစ်တာမရှိတာနဲ့ မိုင်းကွဲတဲ့နေရာကိုတက်ပြီး ရှင်းလင်းတော့ အလောင်းတစ်လောင်း ကိုတွေ့ရတယ်”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုအတွင်း G3တစ်လက် ၊ကျည် ဘောက်နှစ်ခု နဲ့ ကျည်တွေ သိမ်းဆည်းရရှိခဲ့ပေမယ့် မိုင်းပြင်းအားကြောင့် သေနတ်နဲ့ ကျည် ဘောက်တွေ ပျက်စီးသွားတယ်လို့ အသိပေးပါတယ်။

“သေသွားတာက ကိုင်းတောမရဲစခန်းမှာ တာဝန်ကျနေတဲ့ ရဲပါ။ကျန်တဲ့သူတွေကတော့ ကြောက် အားလန့်အားနဲ့ တစ်ချက်မှတောင်ပြန်မပစ်နိုင်ပဲ ခွေးပြေးဝက်ပြေး ပြန်ဝင်ပြေးသွားတယ်”လို့ တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ ရဲဘော်တစ်ဦးက ပြောပါတယ်။

TYK ပြောက်ကျားတပ်ဖွဲ့၊ ဇာမဏီပြောက်ကျား တပ်ဖွဲ့ (အရှေ့ပိုင်းဇုန်)၊ ဒေါင်းညီနောင်တပ်ဖွဲ့ နဲ့ ဒေါင်းမာန် တပ်ဖွဲ့ တို့ပူးပေါင်းပြီး စစ်အုပ်စုရဲ့ ပျူစောထီးကျေးရွာတွေကို ပိတ်ဆို့တိုက်ခိုက်နေတယ်လို့ သူက ဆက်ပြောပါတယ်။

ကိုင်းတောမရဲစခန်းကို ဒေသခံတော်လှန်ရေးအင်အားစုတွေက ၂၀၂၄ သြဂုတ်ကတည်းက သိမ်းပိုက်ခဲ့တာဖြစ်ပြီး အဲဒီစခန်းက စစ်အုပ်စုတပ်ဖွဲ့ဝင်တွေဟာ (၂)မိုင်ဝန်းကျင်အကွာမှာရှိတဲ့ သရက်ကန်ကျေးရွာကို ပြောင်းရွှေ့တပ်စွဲထားတာ ဖြစ်ပါတယ်။

“သရက်ကန်မှာက စစ်တပ်ဘက်က အင်အား ၇၀ အနည်းဆုံးရှိနိုင်တယ်”လို့ မြိုင်မြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ် ၂၀၂၅ ဒီဇင်ဘာကစပြီး မြိုင်မြို့နယ်တောင်ပိုင်းက စစ်တပ်က ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်ရွာ ဒေသအခေါ် ပျူစောထီးရွာတွေကို တပ်မ(၉၉) လက်အောက်ခံတပ်တွေက အင်အားဖြည့် တာရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ