Connect with us

Hi, what are you looking for?

သတင်း

မြိတ်မှာ ကိုရင်လေး အားပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့တဲ့ ဘုန်းကြီးကို ဖမ်းဆီးစစ်ဆေးနေ

တနင်္သာရီတိုင်း၊ မြိတ်မြို့၊ ကျောက်ဖြူတောင်ကျေးရွာက ပဋိပတ္တိတောရကျောင်းတိုက်မှာ ကိုရင်လေးတစ်ပါးကို ပြင်းပြင်းထန်ထန်ရိုက်နှက်ခဲ့တဲ့ ဘုန်းကြီးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ကိုရင်လေးအမှုကူညီ‌ပေးနေတဲ့ ဆရာတော် ဦးသုနန္ဒက မိန့်ကြားပါတယ်။

ကိုရင်လေးကို ရိုက်နှက်နေတဲ့ ဘုန်းကြီးကို တွေ့ရစဉ်။ ဓာတ်ပုံ - Screengrab

ဧပြီ-၂၂၊၂၀၂၆။တေဇ/People’s Spring

တနင်္သာရီတိုင်း၊ မြိတ်မြို့၊ ကျောက်ဖြူတောင်ကျေးရွာက ပဋိပတ္တိတောရကျောင်းတိုက်မှာ ကိုရင်လေးတစ်ပါးကို ပြင်းပြင်းထန်ထန်ရိုက်နှက်ခဲ့တဲ့ ဘုန်းကြီးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ကိုရင်လေးအမှုကူညီ‌ပေးနေတဲ့ ဆရာတော် ဦးသုနန္ဒက မိန့်ကြားပါတယ်။

ထိထိရောက်ရောက် အရေးယူပေးဖို့ ဒီအမှုအတွက်ကူညီ‌ပေးနေတဲ့ ဦးသုနန္ဒကတောင်းဆိုထားပါတယ်။

“ခံဝန်လောက်နဲ့သာ ပြီးသွားရင် ဒီကိစ္စကို စတင်ပြီး ဖော်ထုတ်ပေးတဲ့ သံဃာ ရိုက်ကူးခဲ့တဲ့ ဒကာမ ။သူတို့ရဲ့ လုံခြုံရေး ဘယ်သူတာဝန်ယူမလဲ။ခံဝန်ထိုးပြီးတော့ တရားခံက အဲကျောင်းမှာရော ဆက်ပြီးနေလို့ရမယ်ထင်လား။ထိထိရောက်ရောက် အရေးယူပေးပါဆိုတာကိုရင်လေးတစ်ပါးထဲအတွက် တောင်းဆိုနေတာ မဟုတ်ဘူး။သာသနာတစ်ခုလုံး နောက်ပြီး လူသားတစ်ယောက်အနေနဲ့ ဘယ်သူမှ လက်မခံတဲ့အလုပ်မို့တောင်းဆို နေတာ”လို့ ဦးသုနန္ဒက ‌သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

ကိုရင်လေးတစ်ပါးကို ဘုန်းကြီးတစ်ပါးက အကြိမ်​ရေများစွာပြင်းပြင်းထန်ထန်ရိုက်နှက်နေတဲ့ ဗီဒီယိုရုပ်သံဖိုင်တစ်ခု မနေ့ည(ဧပြီ၂၁)က လူမှုကွန်ရက်မှာပြန့်နှံ့လာခဲ့ပြီး ဦးသုနန္ဒက ကိုရင်လေးရိုက်ခဲ့တဲ့ ဘုန်းကြီးကို အရေးယူနိုင်ဖို့ ကူညီနေတာဖြစ်ပါတယ်။

ကိုရင်လေး လူမဆန်စွာရိုက်ခဲ့တဲ့ ဘုန်းကြီးဟာ မြိတ်မြို့ ၊ ကျောက်ဖြူတောင် ၊ ပဋိပတ္တိတောရကျောင်းက ဘုန်းကြီးဦးတေဇဖြစ်ပြီး လက်တလောမှာ ဖမ်းဆီးထားကာ သံဃာ့နာယက ဆရာတော်တွေနဲ့စစ်ဆေးနေတယ်လို့ သိရပါတယ်။

“ကိုရင်လေး ကျန်းမာပါတယ်။ ယခုချိန်ထိ တရားခံကိုလဲ လူဝတ်မလဲရသေးပါ”လို့ ဒီနေ့(ဧပြီ၂၂)နေ့လည်က ဦးသုနန္ဒက အသိပေးထားပါတယ်။

အမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး တနင်္သာရီတိုင်းက တိုင်းသံဃာ့နာယက ဆရာတော်ကြီးတွေ၊ မဟန တာဝန်ရှိ ဆရာတော်ကြီးတွေနဲ့ နေပြည်တော်က သာသနာရေးဆိုင်ရာအရာရှိတွေ အနေနဲ့ အလေးထားဆောင်ရွက်ပေးဖို့လည်း ဦးသုနန္ဒကတောင်းဆိုထားပါတယ်။

“လက်ရှိ ဖြစ်ပေါ်နေသော သာသနာရေးဆိုင်ကိစ္စသည် နယ်မြို့ရဲ့ ရပ်ကျေးလေးမှာဖြစ်သော်လည်းကိစ္စ အရမ်းကြီးပါသည်။ရပ်/ကျေး သံဃာ့နာယက/ မြို့နယ်သံဃာ့နာယက/ခရိုင် သာသနာရေး လောက်နဲ့ ဆုံးဖြတ်၍ မရပါ။အထက်ညွှန်ကြားမှုဖြင့်သာ ဆောင်ရွက်၍ရနိုင်သော ကိစ္စမို့ အလေးတယူ အရေးယူဖို့အမြန်ဆုံး ဆောင်ရွက်တော်မူကြ ဆောင်ရွက်ကြပါရန် အချိန်မှီ တိုက်တွန်းအပ်ပါတယ်။” လို့ ဦးသုနန္ဒက တောင်းဆိုထားပါတယ်။

ကိုရင်လေးတစ်ပါး ရိုက်နှက်လို့ တောင်းဆိုတာထက် လူ့အဖွဲ့အစည်းက လက်မခံနိုင်တဲ့ ကိစ္စဖြစ်တာကြောင့် ဥပဒေအရအရေးယူပေးဖို့လည်း တိုက်တွန်းထားပါတယ်။

အဲဒီဖြစ်ရပ်ဟာ သင်္ကြန်ကာလမှာဖြစ်ခဲ့တာဖြစ်ပြီး ကိုရင်လေးက ဖုန်းအသုံးပြုတာကြောင့် ရိုက်နှက်ခဲ့တာလို့ သိရပါတယ်။

ကိုရင်လေး ရိုက်နှက်ခဲ့တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး လူထုနွေဦးအနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိပါဘူး။

လူမဆန်စွာ ရိုက်နှက်ခဲ့တဲ့အပေါ် ပြည်သူအများစုကလည်း ဝေဖန်ထားကြပြီး ပြစ်မှုကျူးလွန်သူကို ဥပဒေအရအရေးယူပေးဖို့ တောင်းဆိုထားကြပါတယ်။

ဆက်စပ်သတင်းများ