Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့နဲ့ နိုင်ကျဥ်းတွေလွှတ်ပေးဖို့ စစ်ကိုင်းက ပြည်သူတွေ ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့နဲ့ နိုင်ကျဥ်းတွေလွှတ်ပေးဖို့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၂၂) မှာ ပြုလုပ်ခဲ့ပါတယ်။

ဧပြီ-၂၂၊၂၀၂၆။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့နဲ့ နိုင်ကျဥ်းတွေလွှတ်ပေးဖို့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၂၂) မှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာ ပင်မသပိတ်အဖွဲ့နဲ့ ပြည်သူတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြပေးဖို့ တောင်းဆိုတဲ့ “Proof of Life” ကမ်ပိန်းလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ဒေသခံပြည်သူတွေဟာ “Proof of Life” စာသားကိုင်ဆောင်ပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း၊ ကျန်းမာနေကြောင်း သက်သေပြပါ လို့ တောင်းဆိုဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တန့်ဆည်မြို့နယ်မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အဖွဲ့ဝင်လူငယ်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဥ်းသားအားလုံး လွတ်မြောက်ရေးအတွက် ယမန်နေ့က ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

တန့်ဆည် NLD လူငယ်တွေက “Free All Political Prisoners” စာသားကို လက်ဖဝါးနဲ့ စာရွက်မှာ ရေးသားကာ အမေစုနဲ့တကွ နိုင်ကျဥ်းများ လွတ်မြောက်ရေးအတွက် ဆုတောင်းတာနဲ့ ပန်းသပိတ်ကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။

ဆားလင်းကြီးမြို့နယ် ကျေးရွာတစ်ရွာမှာလည်း ၅/ဆလကလူထုသပိတ်စစ်ကြောင်းဖော်ဆောင်ရေးကွန်ရက်မှ တော်လှန်ပြည်သူတွေနဲ့ပူးပေါင်းပြီး နိုင်ငံရေးအကျဥ်းသားအားလုံးလွတ်မြောက်ရေး ကမ်ပိန်းကို ပါဝင်လုပ်ဆောင်ခဲ့ကြပါတယ်။

ဓာတ်ပုံ – Blue Shirt Movement-Myanmar (BSMM)၊ GSCB

ဆက်စပ်သတင်းများ