ဧပြီ-၂၃၊၂၀၂၆။သတိုး/People’s Spring
မကွေးတိုင်း၊ မင်းဘူးခရိုင် စလင်းမြို့နယ်မှာ အင်အား ၂၀လောက်ပါတဲ့ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ညီနောင်(စလင်း)က အသိပေးထားပါတယ်။
ဧပြီ ၂၁ ရက် ညနေ ၆ နာရီလောက်မှာ စလင်းမြို့နယ်က စီရင်ဦးကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို မင်းဘူးခရိုင် အမှတ်(၅) တပ်ရင်း ၊ စလင်းမြို့ပြ(UG)ကျားပေါက်အဖွဲ့ နဲ့ ပြည်သူ့ညီနောင်(စလင်း)တို့ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်တပ်က ထိခိုက်သေဆုံးမှုတွေရှိပြီးနောက် ထပ်မံအင်အားဖြည့်တင်းလာတဲ့ စစ်တပ်က ထိခိုက်ဒဏ်ရာရရှိသူတွေကို စလင်းမြို့ဘက်ကိုသယ်သွားတယ်လို့ ဆိုပါတယ်။

Public Service Announcement
ဒီစစ်ဆင်ရေးမှာ ပါဝင်တဲ့ ရဲဘော်အားလုံး ဘေးကင်းစွာနဲ့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြည်သူ့ညီနောင်(စလင်း)က ထုတ်ပြန်ထားပါတယ်။


















































