ဧပြီ-၂၃၊၂၀၂၆၊ရှိန်း/People’s Spring
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ ဧပြီ ၂၂ရက်ညပိုင်းက လေပြင်းတိုက်ပြီး သစ်ပင်ပိလို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေဦးမြို့နယ် မီးမောင်းကုန်းကျေးရွာမှာ ဧပြီ၂၂ရက် ညနေ ၅နာရီမှာ လေပြင်းတိုက်ခတ်ခဲ့ပြီး နေအိမ်ပြိုလို့ ထွက်ပြေးတဲ့ (၈၅)နှစ်အရွယ် ဒေါ်ခင်ရီဟ သစ်ပင်ပိမိပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
“မနေ့ညနေက လေတော်တော်ကြမ်းတာ။အိမ်တွေလည်းပြိုတယ်။သစ်ပင် တွေကျိုးကြနဲ့ လေရော၊မိုးရော ပြင်းတယ် “လို့ ရေဦးဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
လေပြင်းဒဏ်ကြောင့် ရေဦးမြို့နယ်အခြေစိုက်၊ဓူဝံပြည်သူ့ကာကွယ်ရေးအဖွဲ့ စခန်းအဆောက်အဦးတွေပျက်စီးခဲ့တယ်လို့ သိရပါတယ်။
လေပြင်းတိုက်ခတ်ပြီးတဲ့နောက် တော်လှန်ရေးတပ်တွေနဲ့ ဒေသခံ တွေပူးပေါင်းကာ ရှင်းလင်းရေးတွေလုပ် ဆောင်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။





















































