Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံခြားငွေလဲလှယ်နှုန်းထိန်းချုပ်ဖို့ဆိုပြီး စစ်ခေါင်းဆောင်က နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီထပ်မံဖွဲ့စည်း

နိုင်ငံခြားငွေလဲလှယ်နှုန်းထိန်းချုပ်ဖို့ဆိုပြီး အာဏာသိမ်းစစ်ခေါင်ဆောင်းမင်းအောင်လှိုင်က နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီကို ထပ်မံဖွဲ့စည်းလိုက်ပါတယ်။

ဧပြီ-၂၃၊၂၀၂၆။ဇော်ဝင်း/People’s Spring

နိုင်ငံခြားငွေလဲလှယ်နှုန်းထိန်းချုပ်ဖို့ဆိုပြီး အာဏာသိမ်းစစ်ခေါင်ဆောင်းမင်းအောင်လှိုင်က နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီကို ထပ်မံဖွဲ့စည်းလိုက်ပါတယ်။

အာဏာသိမ်းပြီး လွန်ခဲ့တဲ့လေးနှစ်ကျော် ၂၀၂၂ ဧပြီ ၄ ရက်က ဖွဲ့စည်းခဲ့တဲ့ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီကို အခု၂၀၂၆ ဧပြီ ၂၁ရက် ရက်စွဲနဲ့ ထပ်မံဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုရဲ့နောက်ဆက်တွဲ ဂယက်ကြောင့် နိုင်ငံတွင်းနိုင်ငံခြားငွေလဲလှယ်နှုန်းတွေ အဆ မတန် မြင့်တက်ခဲ့ပြီးနောက် ဒေါ်လာငွေကို ထိန်းချုပ်ဖို့အတွက် ဥပဒေတချို့ ပြင်ဆင်ခဲ့တာနဲ့ ဒေါ်လာငွေ လက်ဝယ်ကိုင်ဆောင်မှုကို ပမာဏကန့်သတ်ခဲ့တာအပြင် သွင်းကုန်ပစ္စည်းတွေကို နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီက တားမြစ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ပြည်တွင်းကို ပြန်လည်ဝင်ရောက်မှုမရှိတဲ့ ဒေါ်လာငွေနဲ့ပတ်သက်လို့ ပို့ကုန်လုပ်ငန်းရှင်တွေရဲ့ ကုမ္ပဏီတွေကို အမည်မည်းစာရင်းသွင်းတာနဲ့ပြည်ပ ထွက်ခွာခွင့်ပိတ်တာတွေပါ အဲဒီကော်မတီက ဆုံးဖြတ်ခဲ့ပါတယ်။

ထပ်မံဖွဲ့စည်းလိုက်တဲ့ နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီမှာ ဗိုလ်ချုပ်ကြီးဟောင်းဖြစ်တဲ့ ဒုသမ္မတ(၁) ဦးညိုစောက ဥက္ကဌ၊ဘဏ္ဍာအခွန်ဝန်ကြီးက ဒုတိယဥက္ကဌနဲ့ ဗဟိုဘဏ်၊စီးပွား/ကူးသန်း၊စာရင်းစစ်ချုပ်နဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးတွေက အဖွဲ့ဝင်နဲ့ အတွင်းရေးမှူးအဖြစ် ပါဝင်ပါတယ်။

“ အမည်ခံအစိုးရပဲ ပြောင်းသွားတာ။လုပ်ထုံး လုပ်နည်းတွေက အရင်အတိုင်းဆက်သွားတာမျိုးပေါ့။ပိုပြီး ထူးလာတာမရှိနိုင်ဘူး။စီးပွားရေးအကြပ်အတည်းက ဆက်ရှိလိမ့်မယ်” လို့ အသက်(၅၀)အရွယ် ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပကုမ္ပဏီတွေ ထွက်ခွာသွားတာနဲ့ရင်းနှီး မြှုပ်နှံမှုအသစ်တွေ လျော့နည်းသွားတာတွေကြောင်း ငွေကြေးစျေးကွက်အတွင်း ဒေါ်လာငွေ စီးဆင်းမှုတွေ ပြတ်တောက်ခဲ့ပါတယ်။

ဒါ့အပြင် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေကြောင့် လက်နက်ခဲယမ်း၊နည်းပညာလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့အတွက် စစ်တပ်က ဒေါ်လာငွေကို စုဆောင်းနေတာလို့ စီးပွားရေးလုပ်ငန်းရှင်တွေက သုံးသပ်ထားပါတယ်။

စိုက်ပျိုးရေးထွက်ကုန်နဲ့ ကုန်ကြမ်းအဆင့်သာ ထုတ်လုပ်နိုင်တဲ့ နိုင်ငံရဲ့အခြေအနေကြောင့် စက်သုံးဆီ၊ ဆေးဝါး၊ ဓာတ်မြေဩဇာ၊ စားသုံးဆီ နဲ့ အခြားဆက်စပ်တဲ့ ကုန်စည်တွေကို မဖြစ်မနေ တင်သွင်းနေရတာကြောင့်လည်း ဒေါ်လာလိုအပ်ချက်ရှိနေဆဲ ဖြစ်ပါတယ်။

ဒါပေမယ့် စစ်တပ် အာဏာမသိမ်းမီက တစ်ဒေါ်လာ ငွေလဲနှုန်း ကျပ် ၁,၃၀၀ဝန်းကျင်ရှိခဲ့တာက အခု သုံးဆခွဲကျော် ၄၂၇၀ ကျပ်အထိ မြင့်တက်နေတာဖြစ်ပါတယ်။

တဆက်တည်းမှာပဲ ပြည်တွင်းကုန်စျေးနှုန်းတွေ အဆမတန် မြင့်တက်တာနဲ့ ရှားပါးတဲ့ အကျိုးဆက်တွေ ကို ရင်ဆိုင်နေရပါတယ်။

ဆက်စပ်သတင်းများ