Connect with us

Hi, what are you looking for?

သတင်း

ဝေါမြို့နယ်က ကျေးရွာတွေကို စစ်တပ် စစ်ကြောင်းထိုး

ပဲခူးတိုင်း၊ ဝေါမြို့နယ်က ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးတာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်တပ်ဖွဲ့ဝင်တွေမီးရှို့ဖျက်ဆီးခဲ့တဲ့ ဆင်ရွာနဲ့ဂျိုးလေးရွာ ချင်းဆက်တံတား။ ဓာတ်ပုံ - ပေးပို့

ဧပြီ-၂၃၊၂၀၂၆။ ဒလပန်း/People’s Spring

ပဲခူးတိုင်း၊ ဝေါမြို့နယ်က ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးတာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီ ၂၂ ရက် မနေ့ကစပြီး စစ်တပ်က ဝေါမြို့နယ် ဆင်ရွာနဲ့ စက်စုရွာတွေဘက်ကို စစ်ကြောင်းထိုးနေတာလို့ သိရပါတယ်။

“စက်စုဘက်စစ်ကြောင်းထိုးနေတာ။ ဒိုက်ဦးဘက်ကလာတဲ့စစ်ကြောင်းတွေပါ“လို့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကြောင်းထိုးနေတဲ့ စစ်တပ်တပ်ဖွဲ့ဝင်တွေဟာ မနေ့ ညပိုင်းမှာ ကျိုက်မရမ်းလယ်သမားတံတား၊ဂျိုးလေးနဲ့ ဆင်ရွာတံတားတို့ကို မီးရှို့တာတွေလုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“PDF တွေ ၀င်လာမှာ စိုးလို့ ရွာသားတွေ ကိုယ်ထူကိုယ်ထ ဆောက်ထားတဲ့ လူကူးဝါးတံတားကို စစ်တပ်က မီးရှို့ဖျက်ဆီးလိုက်တာပါ“လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဧပြီ ၂၁ ရက်မှာ ဝေါမြို့နယ်နဲ့ ညောင်လေးပင်မြို့နယ်ကြားမှာရှိတဲ့ စက်စုနဲ့ဆင်ရွာကြား အရိုင်းကုန်းမှာ ကင်းပုန်းဝပ်နေတဲ့ စစ်တပ်တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးတပ်တွေကြားတိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း စစ်တပ်ဘက်က တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

တိုက်ပွဲဖြစ်ပွါးပြီးနောက် စစ်တပ်က အဲ့ဒီဒေသကိုစစ်ကြောင်းထိုးတာတွေ လုပ်ဆောင်လာတာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ