Connect with us

Hi, what are you looking for?

သတင်း

ဘီးလင်း ဝင်းတာပန်ဒေသက ကျေးရွာတွေကို စစ်တပ် ထပ်မံ ဗုံးကြဲ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ဘီးလင်းမြို့နယ် ဝင်းတာပန်ကျေးရွာအုပ်စုအတွင်း ပြည်သူလူထုနေထိုင်ရာတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ထပ်မံ ပြုလုပ်ကာ ဗုံးသီးအများအပြား ကြဲချခဲ့တယ်လို့ သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်ထိခိုက်ပျက်စီးမှုတချို့

ဧပြီ-၂၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ဘီးလင်းမြို့နယ် ဝင်းတာပန်ကျေးရွာအုပ်စုအတွင်း ပြည်သူလူထုနေထိုင်ရာတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ထပ်မံ ပြုလုပ်ကာ ဗုံးသီးအများအပြား ကြဲချခဲ့တယ်လို့ သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

KNU ပူးပေါင်းတပ်က ဝင်းတာပန် စခန်းကို သိမ်းပိုက်နိုင်ဖို့ကြိုးပမ်းနေချိန်မှာ အာဏာသိမ်းစစ်ကောင်စီက တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ကျေးရွာတွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်နေတာလည်းဖြစ်ပါတယ်။

ဧပြီ ၂၂ရက်က ဘီးလင်းမြို့နယ်ကျောက်ဖျာရွာ၊ ဝင်းတာပန်ကျေးရွာ၊ ဝင်းတာပန် အထက်ရွာ နဲ့ အဲဒီကျေးရွာအနီးဝန်းကျင်တွေကို Y12 လေယာဉ်နဲ့ ဗုံးသီး ၃၅လုံး ကြဲချတိုက်ခိုက်ခဲ့လို့ ပြည်သူလူထု နေအိမ်တွေ ပျက်စီးခဲ့ရတယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်ဟာ ဧပြီ ၁၉ရက်ကလည်း ဝင်းတာပန်၊ ဝင်းတာပန်အထက်ရွာနဲ့ ကျောက်ဖျာရွာတွေကို ဗုံးသီး ၂၆လုံး ကြဲချတိုက်ခိုက်ခဲ့လို့ ပြည်သူလူထုနေအိမ်တွေ ပျက်စီးခဲ့ပါသေးတယ်။

KNU ပူးပေါင်းတပ်ဟာ ဝင်းတာပန်စစ်ကောင်စီ စခန်းနဲ့ (၉)မိုင်ခန့် ကွာဝေးတဲ့ လေးကေတပ်စခန်းကို ဧပြီ ၁၂ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ ဝင်းတာပန် စစ်ကောင်စီစခန်းကိုလည်း တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီက ဒေသတွင်းကို စစ်ကူတွေဖြည့်တင်းနေလို့ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ