Connect with us

Hi, what are you looking for?

သတင်း

လေပြင်းတိုက်လို့ ဒီးမော့ဆိုစစ်ရှောင်တွေရဲ့ နေအိမ် ၅၀ကျော် ပျက်စီး

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ လေပြင်းတိုက်ခတ်တာကြောင့် စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ် ၅၀ ကျော် ပျက်စီးခဲ့ရတယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ CTER-Karenni က ဒီကနေ့ ဧပြီ ၂၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဒီးမော့ဆိုမြို့နယ်မှာ လေပြင်းတိုက်ခတ်တာကြောင့် စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေ ပျက်စီးနေစဉ်။ ဓာတ်ပုံ - CTER-Karenni

ဧပြီ-၂၄၊၂၀၂၆။မိုမို/People’s Spring

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ လေပြင်းတိုက်ခတ်တာကြောင့် စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ် ၅၀ ကျော် ပျက်စီးခဲ့ရတယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ CTER-Karenni က ဒီကနေ့ ဧပြီ ၂၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဧပြီ ၂၁ရက်က လေပြင်းတိုက်ခတ်မှုကြောင့် ဒီမော့ဆိုအရှေ့ခြမ်းက ဒေသတစ်ခုမှာ လေးနှစ်ကျော်ကြာစစ်ရှောင်နေရတဲ့ ပြည်သူတွေရဲ့နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တာလို့ ဆိုပါတယ်။

” ခန့်မှန်းခြေအရတော့ ၅၀ကျော်လောက်ပျက်စီးတယ်။အခက်အခဲတော့ အများကြီးပါ။တဲအိမ်ကိုပြန်ပြင်ဖို့ အမိုးအကာတွေ ရှိလားမသိဘူး”လို့ CTER-Karenni အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ဘေးရှောင်စခန်းတွေက နေအိမ်တွေအများစုဟာ ဝါးတိုင်၊ ဝါးထရံနဲ့ မိုးကာစတွေနဲ့သာ ဆောက်လုပ်ထားတဲ့ ယာယီအဆောက်အအုံဖြစ်တာကြောင့် အခုလို ဆိုးရွားတဲ့ ရာသီဥတုဒဏ်ကို အလွယ်တကူ ခံစားခဲ့ရတာလို့ အသိပေးပါတယ်။

ဒါ့အပြင် မိုးသည်းထန်စွာရွာသွန်းမှုပါရှိခဲ့ပြီး သီးနှံနဲ့မျိုးစေ့တချို့ ပျက်စီးခဲ့ရသလို လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်တွေလဲကျပြီး လမ်းပိတ်ဆို့တာရှိခဲ့တယ်လို့ သိရပါတယ်။

“ဒီမော့ဆိုအရှေ့ဘက်ခြမ်းမှာပါ။စစ်ရှောင်တွေက နှစ်ကျော်ရှိပါပြီ။ဘောလခဲ၊လွိုင်ကော်၊ ဒီမော့ဆိုအရှေ့ခြမ်းဘက်ကစစ်ရှောင်တွေပါ။စစ်ရှောင်တဲအိမ်က ၃၀၀ နီးပါရှိတယ်”လို့ လေပြင်းတိုက်ခတ်ခံရတာကို သွား​ရောက်ကူညီခဲ့တဲ့ စေတနာ့ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ လေပြင်းတိုက်ခံရတဲ့ စစ်ရှောင်တွေအတွက် မိုးကာ၊ဆန်နဲ့ အခြေခံရိက္ခါတွေ အရေးပေါ် လိုအပ်တယ်လို့ ဆိုပါတယ်။

အပူချိန်မြင့်နေတာနဲ့ နွေရာသီနဲ့ မိုးကြိုကာလတွေမဇာ မိုးတိမ်တောင်တွေ ဖြစ်ပေါ်ပြီး မြန်မာနိုင်ငံတစ်ဝန်း လေပြင်းတိုက်ခတ်မှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။

အခုလ တတိယပတ် က ပဲခူးတိုင်း၊ကြို့ပင် ကောက်မြို့နယ်၊ ချောင်းဝရွာ၊ မြို့ကိုင်ရွာနဲ့ ကွပ်သစ်ရွာတွေမှာ လေပြင်းတိုက်ခတ်လို့ နေအိမ် ၃၀၀ နီးပါးပျက်စီးခဲ့ရပါတယ်။

ဧပြီ ၂၂ ရက်ကလည်း စစ်ကိုင်းတိုင်း၊ရေဦးမြို့နယ်မီးမောင်းကုန်းကျေးရွာက အသက် ၈၀ ကျော် အဖွားအို တစ်ဦး လေပြင်းတိုက်လို့ ထွက်ပြေးချိန် သစ်ပင်ပိသေဆုံးခဲ့ရပါတယ်။

ဆက်စပ်သတင်းများ