“တော်လှန်ရေးတပ်ဖွဲ့တွေအရှင်လိုချင်နေတာက လိုင်းပေါ်မှာအာတက်ချောင်နေတဲ့ ဗိုလ်ကြီးစစ်မင်းအောင်”
— စစ်ရေးသတင်းရင်းမြစ်
ဧပြီ-၂၄၊၂၀၂၆/။နွေဦး/People’s Spring
မြန်မာ-ထိုင်းနယ်စပ် စစ်တပ်ရဲ့ အရေးပါတဲ့ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာမှာ စစ်တပ်အထိနာနေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။
“ဝေါ်လေက မကြာခင်ရတော့မှာ။ ဝေါ်လေအထိနာနေပြီ။ စကစ အပြင်မထွက်ရဲတော့ဘူး။ ကျင်းတွေထဲမှာ ဝပ်နေကြတာ။ စတိုက်တိုက်ချင်းမှာ တော်လှန်ရေးအဖွဲ့ကလက်နက် ၁၇လက်ရခဲ့တယ်။တော်လှန်ရေးတပ်တွေချတာတော့ဒရုန်းအစုံပဲ”လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဝေါ်လေဗျူဟာစခန်းသာ တော်လှန်ရေးတပ်တွေ သိမ်း မြဝတီဒေသက မင်းလက်ပံနဲ့ ဖလူးရွာမှာ ရှေ့မတိုးနိုင်ဘဲရပ်တန့်နေတဲ့ တပ်မ(၂၂)စစ်ကြောင်း ကံကြမ္မာဟာ မတွေးဝံ့စရာလို့ အထက်ပါ ပုဂ္ဂိုလ်က သုံးသပ်ပါတယ်။ စစ်တပ်က ဝေါလေဗျူဟာကို စစ်ကူပို့နိုင်ဖို့ လပေါင်းများစာကတည်းကစစ်ကူပို့ဖို့ ကြိုးစားနေတာဖြစ်ပေမယ့် မင်းလက်ပံ နဲ့ ဖလူးရွာကနေ ရှေ့မတိုးနိုင်ပဲ KNLA ၊PDF ၊KNDF ပူးပေါင်းတပ်တွေရဲ့ ဖြတ်တောက်တိုက်ခိုက်မှုကိုခံနေရတာဖြစ်ပါတယ်။

Public Service Announcement
ဝေါလေဗျူဟာကိုသိမ်းနိုင်ဖို့ တော်လှန်ရေးတပ်တွေကထိုးစစ်အရှိန်တင်လိုက်ပြီး အဓိက ကာကင်းစခန်းတွေကို ဧပြီ လဆန်း မှာသိမ်းပိုက်ခဲ့ပါတယ်။
“တော်လှန်ရေးတပ်ဖွဲ့တွေအရှင်လိုချင်နေတာက လိုင်းပေါ်မှာအာတက်ချောင်နေတဲ့ ဗိုလ်ကြီးစစ်မင်းအောင်”လို့ ပြောပါတယ်။
တိုက်ပွဲမှာနေ့စဉ်ဖြစ်နေပြီး စစ်တပ်ကလည်း လေကြောင်းကနေ ဗုံးကြဲပစ်ကူပေးနေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဝေါ်လေ ဗျုဟာစခန်းကုန်းကို ပူးပေါင်းတပ်တွေက ဝန်းရံပိတ်ဆို့ထားတာကြောင့် အခုရက်ပိုင်းအတွင်း ခဲယမ်းရိက္ခာကို လေယာဉ်နဲ့ စစ်ကောင်စီက ချပေးနေတယ်လို့ ကရင်သတင်းရင်းမြစ်က အသိပေးပါတယ်။
ဝေါ်လေဗျူဟာကုန်းကို တော်လှန်ရေးတပ်ဖွဲ့တွေကကာလရှည် ပိတ်ဆို့ဖြတ်တောက်ထားပြီးမှ စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ဝေါ်လေဗျူဟာကုန်းဟာ ဝေါ်လေကျေးရွာရဲ့ တောင်ဘက်မှာ တည်ရှိပါတယ်။
ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA)၊ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)နဲ့ PDFပူးပေါင်း စစ်ကြောင်းတွေက မြန်မာ -ထိုင်း နယ်စည်းမျဉ်းဘေးက စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက် နေတာဖြစ်ပါတယ်။
KNU တပ်မဟာ(၆)နယ်မြေမှာ စစ်ကောင်စီရဲ့ နယ်စပ်တပ်စခန်းတွေကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ဆက်တိုက်သိမ်းပိုက်လျက်ရှိရာ ၂၀၂၅ မေလ ၂၃ရက်နောက်ပိုင်းမှာ ဘလက်ဒိုတပ်စခန်း၊ ကနဲလေးတပ်စခန်း၊ ရွှေအေးမြိုင်တပ်စခန်း၊ ဘုရင့်နောင်တပ်စခန်း၊ မော်ခီးတပ်စခန်း၊ သေ့ဘောဘိုးတပ်စခန်းနဲ့ ထိကပလယ်တပ်စခန်းတို့ကိုဆက်တိုက် သိမ်းပိုက်ခဲ့ပါတယ်။

















































