ဧပြီ-၂၃၊၂၀၂၆။သတိုး/People’s Spring
နေပြည်တော် ဇေယျာသီရိမြို့နယ်က ရန်ကုန် – မန္တလေးလမ်းဟောင်းမှာ ကရိန်ကားဘီးပေါက်ပြီး လမ်းဘေးမှာရပ်ထားတဲ့ သုံးဘီးဆိုင်ကယ်တွေတိုက်မိရာက အမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇေယျာသီရိမြို့နယ် ပြည်စံအောင်ဈေးရှေ့မှာ ကရိန်းကား ညာဘက်အရှေ့ဘီး ပေါက်ခဲ့တာဖြစ်ပြီး ရပ်ထားတဲ့ သုံးဘီးဆိုင်ကယ်နှစ်စီးနဲ့ ဆိုင်ကယ်နှစ်စီးကို ဝင်တိုက်ခဲ့တာလို့ သိရပါတယ်။
ဖြစ်စဉ်မှတ်တမ်းတွေမှာတော့ ဆိုင်ကယ်တစ်စီး ကရိန်းအားရဲ့အောက်ကိုရောက်နေတာတွေ့ရပါတယ်။

Public Service Announcement
အဲဒီဖြစ်စဉ်ကြောင့် အခင်းနေရာမှာ အမျိုးသမီးတစ်ဦးသေဆုံးပြီး အမျိုးသားတစ်ဦး ခြေထောက်မှာ ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လူနာအမျိုးသားကို ကုတင်၃၀၀ ပြည်သူ့ဆေးရုံ ၊ သေဆုံးသွားတဲ့ အမျိုးသမီးကို ကုတင် ၁၀၀၀ ဆေးရုံ အမှတ်၂ ငြိမ်းအေးဇရပ်ကိုကရုဏာရှင်လူမူကူညီရေးပရဟိတအသင်းက ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။


















































