Connect with us

Hi, what are you looking for?

သတင်း

ကဘောတူစခန်းသိမ်းတိုက်ပွဲ လက်နက် ၂၀ခန့် KNU ပူးပေါင်းတပ် သိမ်းရ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) ဖာပွန်(မူတြော်)ခရိုင်ရှိ ကဘောတူစစ်ကောင်စီတပ်စခန်း ကို ဧပြီ ၂၅ရက်မှာ သိမ်းပိုက်နိုင်ခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးတာ၊ လက်နက်ကြီးလက်နက်ငယ်နဲ့ ကျည်ခဲယမ်းတွေ သိမ်းရတာ ရှိခဲ့ကြောင်း ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

ကဘောတူစစ်ကောင်စီတပ်စခန်းက သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - Thunder Kawthoolei

ဧပြီ ၂၇၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) ဖာပွန်(မူတြော်)ခရိုင်ရှိ ကဘောတူစစ်ကောင်စီတပ်စခန်း ကို ဧပြီ ၂၅ရက်မှာ သိမ်းပိုက်နိုင်ခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးတာ၊ လက်နက်ကြီးလက်နက်ငယ်နဲ့ ကျည်ခဲယမ်းတွေ သိမ်းရတာ ရှိခဲ့ကြောင်း ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ထံက သိမ်းရတဲ့ မှတ်တမ်းဓာတ်ပုံနဲ့ သိမ်းပိုက်ရရှိတဲ့ တပ်စခန်းကို ရှင်းလင်းရေးလုပ်ဆောင်နေတဲ့ ရုပ်သံအရ လက်နက် မျိုးစုံ ၁၈လက်ထက်မနည်း ရရှိခဲ့သလို စစ်ကောင်စီတပ်သားအချို့ရဲ့ အလောင်းတွေကိုလည်းတွေ့ရပါတယ်။

ဒါအပြင် စစ်သားအချို့ စခန်းကနေထွက်ပြေးသွားတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ ကဘောတူတပ်စခန်းသိမ်းပိုက်နိုင်မှုကို KNU တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက အတည်ပြုထားပါတယ်။

ကဘောတူတပ်စခန်းဟာ KNU တပ်မဟာ(၃)နဲ့ တပ်မဟာ(၅) နယ်စပ် မူတော်ခရိုင်လူသောနဲ့ ကျောက်ကြီးမြို့နယ်အစပ်မှာ တည်ရှိတယ်လို့ ဆိုပါတယ်။

KNU တပ်မဟာ(၅)နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီ တပ်စခန်း တခုပြီးတခု သိမ်းပိုက်ခဲ့ရာ ၅နှစ်တာအတွင်းတပ်စခန်း ၇၀နီးပါးသိမ်းရခဲ့ပြီး လက်ရှိ တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင်မှာ စစ်ကောင်စီတပ်စခန်း ၁၀ခုသာကျန်တော့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

အာဏာသိမ်းသစ်တပ်က ကရင်ပြည်နယ်၊ဘားအံမြို့နယ်ကသံလွင်မြစ်ကြောင်းမှာမြစ်တွင်းသွား တိုက်ရေယာဉ်တစ်စီးစစ်ရေးလေ့ကျင့်သွားမယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ