ဧပြီ-၂၇၊၂၀၂၆။ သုည/People’s Spring
ပြင်သစ်နိုင်ငံ လိုင်ယွန်မြို့က မြန်မာတွေ စုပေါင်းပြီး ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေး ဦးဆောင်ကောင်စီ (Steering Council for the Emergence of a Federal Democratic Union – SCEF) ထောက်ခံကြိုဆိုသောဆန္ဒပြပွဲကို ဧပြီ၂၆ရက်က ပြုလုပ်ခဲ့ပါတယ်။
ပြင်သစ်နိုင်ငံရောက် မြန်မာတွေက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနဲ့ လွှတ်တော်တို့မှ ဖွဲ့စည်းလိုက်သော တရားမဝင် အစိုးရအား ကန့်ကွက်ရှုတ်ချကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ပြီး တိုင်းရင်းသားတွေနဲ့ CRPH၊ NUG တို့ ပူးပေါင်းဖွဲ့စည်းလိုက်တဲ့ SCEF ကောင်စီကိုလည်း ထောက်ခံကြိုဆိုကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဒါ့အပြင် ပြင်သစ်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်နန်းဆုမွန်အောင်ကလည်း SCEF အကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။

Public Service Announcement
ဓာတ်ပုံ – NUG Representative Office – France

























































