Connect with us

Hi, what are you looking for?

သတင်း

ဆိပ်ဖြူမှာ စစ်တပ်စစ်ကြောင်းက ကျေးရွာ ၂ရွာကို မီးရှို့ဖျက်ဆီး

​မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်က ကျေးရွာ ၂ရွာကို စစ်တပ်စစ်ကြောင်းက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ် ၉၀ နီးပါးမီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆိပ်ဖြူမြို့နယ်၊ရေပုတ်ကျေးရွာနှင့် ဇီးဖြူကောင်းရွာရှိ မီးလောင်ပျက်စီးသွားသော နေအိမ်များအား တွေ့ရစဥ်။ ဓါတ်ပုံ-ပခုက္ကူခရိုင် တပ်ရင်းအမှတ် (၁၉)

​ဧပြီ-၂၇ ရက်၊ ၂၀၂၆။ဟာနာဆန်/People’s Spring

​မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်က ကျေးရွာ ၂ရွာကို စစ်တပ်စစ်ကြောင်းက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ် ၉၀ နီးပါးမီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်က ဆိပ်ဖြူမြို့နယ် အခြေစိုက် အမှတ်(၂၁)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၁)၊ အမှတ်(၉)လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (လစခ-၉)နဲ့ လေကြောင်းရန်ကာကွယ်ရေးတပ် (လကတ -၂၀၃၆)တို့ကနေ အင်အား ၁၂၀ခန့်ပါဝင်တဲ့ ပူးပေါင်းစစ်ကြောင်းဟာ ရေပုတ်ကျေးရွာနဲ့ ဇီးဖြူကောင်းကျေးရွာတွေကို ဝင်ရောက်လာပြီး နေအိမ်တွေကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပခုက္ကူခရိုင် တပ်ရင်းအမှတ် (၁၉)က အသိပေးပါတယ်။

“ဘာမှလုပ်ချိန်မရဘူး။ စစ်ကြောင်းလမ်းနဲ့ တအားနီးတယ်။ ရွာတွေက ကြက်သွန်အဓိကလုပ်တာ။ အိမ်ပေါ်တင်ပြီး တစ်နှစ်လုံး စားကြတဲ့ရွာတွေ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကြောင်းရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ရေပုတ်ကျေးရွာနဲ့ ဇီးဖြူကောင်းကျေးရွာရှိ နေအိမ် စုစုပေါင်း ၈၇လုံး မီးလောင်ပြာကျခဲ့ကြောင်း ပခုက္ကူခရိုင် တပ်ရင်းအမှတ် (၁၉) က ထပ်မံအသိပေးပါတယ်။

ဒေသခံပြည်သူတွေလည်း ဘေးလွတ်ရာသို့ အရေးပေါ် တိမ်းရှောင်နေရကြောင်း သိရပါတယ်။

ဧပြီ ၁၂ရက်ကလည်း ပခုက္ကူမြို့နယ်က အိမ်ခြေရာချီရှိတဲ့ မြောက်လူးကန်ကျေးရွာကို စစ်တပ်က မီးရှို့လို့ ရွာလုံးကျွတ်နီးပါး ပြာကျခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ