ဧပြီ-၂၇၊၂၀၂၆။မိုမို/People’s Spring
စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်မှာ စစ်ရေးအရ အရေးပါတဲ့ စစ်တပ်အထိုင်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်နဲ့ ရဲဘော်အချို့က လူထုနွေဦးကို ပြောပါတယ်။
ကလေးဝမြို့နဲ့ စစ်ကိုင်းတိုင်းအတွင်းပိုင်းမြို့နယ်တွေ ချိတ်ဆက်ထာတဲ့လမ်းပိုင်းပေါ်က အောင်ချမ်းသာကျေးရွာအနီးမှာ အထိုင်ချထားတဲ့စစ်တပ်စခန်းကို မနေ့က(ဧပြီ ၂၆ရက်)မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
စစ်တပ်က စခန်းမကျရေးအတွက် လေကြောင်းကနေ အကြိမ်ကြိမ်ပစ်ကူပေးခဲ့တယ်လို့ ပြောပါတယ်။

Public Service Announcement
ကလေးဝဒေသမှာ အရေးပါတဲ့စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက် ဧပြီ-၂၇၊၂၀၂၆။မိုမို/People's Spring စစ်ကိုင်းတိုင်း၊…
Posted by People's Spring on Sunday 26 April 2026
“၂၅ ရက်ည၁၀နာရီလောက်က စခန်းစွန့်သွားတယ်။မနေ့ကအလုံးစုံ သိမ်းတာလို့ကြားရတယ်”လို့ ကလေးဝမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အောင်ချမ်းသာစစ်တပ်အထိုင်စခန်းဟာ ကလေးဝဒေသတွင်း အဓိကလမ်းပိုင်းပေါ်မှာရှိတဲ့အတွက် ခရီးသွားပြည်သူတွေအပါအဝင် စစ်ရေးအရ အရေးပါတဲ့ နေရာတစ်ခုလို့ သူက ဆက်ပြောပါတယ်။
” တော်လှန်းရေးစကတည်းက စစ်တပ်က အဲဒီမှာ အထိုင်ချထားတာ။အရင်ကလည်း သိမ်းတော့သိမ်းတယ်။အခွင့်မသာလို့မသိမ်းရတာ။အခုမှသာအရယူသိမ်းတာပါ”လို့ ကလေးခရိုင် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
အောင်ချမ်းသာစစ်တပ်အထိုင်စခန်းမှာ စစ်တပ်က အင်အား ၆၀ဝန်းကျင်နဲ့တပ်စွဲထားတာဖြစ်ပြီး စခန်းသိမ်းခံရပြီးနောက် ဆင်အိုင်မ (ပြည်သူ့စစ်ရွာ) ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
စခန်းသိမ်းမှုမှာ စစ်တပ်ရဲ့သေဆုံးထိခိုက်မှု အပါအဝင် ခဲယမ်းသိမ်းဆည်းရရှိမှုနဲ့ အသေးစိတ်အခြေအနေကို ကလေးဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ လူထုနွေဦးက ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

















































