ဧပြီ၂၇၊၂၀၂၆၊ရှိန်း/ People’s Spring
TRIဗျူဟာကနာမည်ပျက်စာရင်း ကြေညာထားတဲ့တပ်ပြေးရဲဘော်၃၅ဦးမှာ တဝက်ခန့်ဟာ စစ်တပ်နဲ့ ပူးပေါင်းသွားပြီး တဝက်က တပ်ပြေးသွားတဲ့သူ တွေဖြစ်တယ်လို့တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
TRIဗျူဟာက ရဲဘော်၃၅ဦးဟာ သစ္စာဖောက်မှု တွေကိုကျူးလွန်ခဲ့တာမို့ အမည်ပျက်စာရင်းသွင်းခြင်း ကြေညာခဲ့တာလို့ ဧပြီ၂၇ ရက်မှာ တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။အဲဒီလိုထုတ်ပြန်တာမှာ တော်လှန်ရေးအမည်နဲ့ အမည်ရင်း ၊ဖခင်အမည် ၊နေရပ်၊ တပ်သားနံမှတ် စတဲ့ အချက်အလက်
တွေနဲ့ ဓါတ်ပုံတွေကိုပါ PDF TRI ဗျူဟာရဲ့ဖေစ်ဘွခ်မှာ https://www.facebook.com/share/p/1D2zpBAo77 ကြေညာထားပါတယ်။

Public Service Announcement
“၂၀၂၅နဲ့၂၀၂၆ကြား ပေါ့နော်။၂၀၂၅မှာဆိုရင်ကျွန်တော်တို့က သပိတ်ကျင်းစစ်ခွင်မှာ စစ်အရမ်းပန်းတဲ့အချိန် ပြေးတဲ့ တပ်မှူးတချို့လည်းရှိပါတယ်။တပ်မှူးပြေးတာလည်းကျွန် တော်တို့ထည့် ရေးထားတယ်။ဒီမှာ တဝက်လောက်က တော့ရန်သူနဲ့ ပူး ပေါင်းတယ်။တဝက် လောက်က တော့ တပ်ပြေး အနေအထားမှာပဲရှိပါတယ်”လို့ TRIဗျူဟာရဲ့ တာဝန်ရှိသူက ပြောပါတယ်။
တပ်ပြေးသွားသူတွေထဲမှာ တပ်ဖွဲ့ပိုင်ပစ္စည်းယူကာ ပြေးသွားသူတွေရှိသလို စစ်တပ်နဲ့ မပူးပေါင်းပဲ မိသားစုဖိအား၊ချစ်သူ၊သမီးရည်းစားဖိအားတွေကြောင့်အပြင်မှာ လွတ်လွတ်လပ်လပ်နေလို၍ တပ်ကနေ ထွက်ပြေးသွားသူတွေလည်းရှိတယ်လို့ ဆိုပါတယ်။
“အရင်ကနယ် မြေရှိတော့ မိသားစုတွေကအိမ်မှာပဲ နေလို့ရတာကို။အိမ်မှာပဲနေလို့ရတော့ ကျွန် တော်တို့ရဲဘော် တွေက ဒီတော်လှန်ရေးကို မိသားစုကအဆင်ပြေနေ တော့ တော်လှန်ရေး လုပ်နိုင်တယ်။အခုနောက်ပိုင်းနယ်မြေတွေ ပြန်ပေးရတဲ့အခါမိသားစုကပါ ထွက်ပြေးတိမ်းရှောင်ရတဲ့အခါ စားဝတ်နေရေး အခက်အခဲဖြစ်စေတယ်။တချို့မိသားစုတွေကနယ် မြေတွေမှာပဲပြန် နေတဲ့အခါ စကစက ဖိအား ပေးတာမျိုး တွေလည်းရှိတာပေါ့။အဲတာ ကြောင့် သူတို့တွေက ပြေးကတာမျိုးတွေလည်းရှိပါတယ်”လို့ TRIဗျူဟာရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဒါ့အပြင် တပ်ပြေးသွားသူတွေထဲက စစ်တပ်နဲ့ ပူး ပေါင်းသွားသူတွေဟာ တပ်ရင်းနဲ့ပတ်သက်နဲ့တည် နေရာတွေကို စစ်တပ်ထံ ပေးတာ၊တပ်ဖွဲ့မှာ ကျန်ခဲ့သူတွေကို စစ်တပ်နဲ့ ပူးပေါင်းဖို့ မြူစွယ်တာ ၊ခြိမ်းခြောက်တာ ၊စစ်တပ်ဗုံးကြဲနိုင်ဖို့ တည်နေရာတွေပေးခြင်းစတာတွေကိုပါလုပ်နေတယ်လို့ဆိုပါတယ်။
၁၀၂၇စစ်ဆင်ရေး ပါဝင်ဆင်နွှဲခဲ့တဲ့ TRIဗျူဟာက ရဲဘော်၃၅ဦးဟာ ရှေ့တန်းစစ်မျက်နှာပြင်မှာ ရဲဘော်ရဲဘက်တွေကို စွန့်ခွာထွက်ပြေးခြင်း၊တပ်ပိုင်ပစ္စည်းတွေခိုးယူခြင်းနှင့် ငွေကြေးများအား အလွဲသုံးစားပြုလုပ်ခြင်း၊ရန်သူ့ထံသို့ လက်နက်ချအညံ့ခံခြင်း၊ လေကြောင်းတိုက်ခိုက်မှုပြုလုပ်နိုင်ရန် ပွိုင့်( Location)များ ပေးပို့ခြင်း နှင့် အခြားရဲ ဘော်များအား ရန်သူ့ထံ လက်နက်ချ အညံ့ခံရန် မြူစွယ်စည်းရုံးခြင်း စတဲ့ သစ္စာဖောက်မှု တွေကို ပြုလုပ်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထုတ်ပြန်ချက်မှာ ပါဝင်သူတွေကတော့ စဉ့်ကူးမြို့နယ်၊ကံတောင်ရွာက၁၀ ဦးအထိပါဝင်ပြီး လက်ပန်လှရွာက ၄ဦးပါဝင်ကာ၊ခူလယ်ရွာက၃ဦး၊မြစိမ်းရွာက၂ဦး၊စဉ့်ကူး၊၁ဦး၊ဆင် သေရွာ၁ ဦး၊ကျည်ထောက်ပေါက် ၁ဦး၊ကျောင်းဆိပ်၁ဦး၊ဇီးပင်ကုန်း ၁ဉီး စုစုပေါင်း စဉ့်ကူးမြို့နယ်ကတင် ၂၄ဦး ပါဝင်တာ တွေ့ရပါတယ်။
ဒါ့အပြင် သပိတ်ကျင်းမြို့နယ် ချောင်းကြီးရွာက ၂ဦး၊လမ်းလယ်ကျစ်ရွာက ၁ဦး ပါဝင်ပြီး မန္တလေးမြို့က၄ဦး၊အရာတော်မြို့နယ်က၁ဦး၊ကွတ်ခိုင်မြို့နယ်က၁ဦး၊မတ္တရာမြို့နယ်က၁ဦးနဲ့ ကလေးဝမြို့နယ်က ၁ဦး တို့ ပါဝင်ပါတယ်။
အခုလိုထုတ်ပြန်တာမှာ စစ်တပ်နဲ့ပူးပေါင်းသွားသူ၊တပ်ကပြေးသူအားလုံးကို မခွဲခြားပဲ ဓါတ်ပုံနဲ့တကွအချက်အလက်အသေးစိပ်တွေထုတ်ပြန်တဲ့အပေါ် ဝေဖန်မှုတချို့လည်းရှိနေပါတယ် ။ ဒီအပေါ်ဗျူဟာတာဝန်ရှိသူက တချို့ကို နမူနာထုတ်ပြီး PDF သင်တန်းခေတ္တတက်ပြီး အိမ်ထောင်ပြုသွားပြီး စစ်တပ်နဲ့ပူးပေါင်းသွားကာ စစ်တပ်လက်အောင်နန်းတွင်းမှနေ၍ ကျန်ရဲဘော်များ ကိုစစ်တပ်နဲ့ပူးပေါင်းဖို့ စည်းရုံးတာ ၊စည်းရုံးမရရင် တိုက်လေယာဥ်လွှတ် ဗုံးကြဲခိုင်းမယ်လို့ခြိမ်းခြောက်တာမျိုးတွေလုပ်ခဲ့ကြောင်းပြန်လည်ဖြေရှင်းထားပါတယ် ။
ကျန် ၁ ဦးမှာလည်း PDF လုပ်လိုကြောင်းအတင်းပြောဆိုလာရောက်သင်တန်းတက်ပြီး နောက်တန်းရုံးမှာ တပ်ထောက်အဖြစ် တာဝန်ပေးပေမယ့် ၇ လခန့်အကြာ တော်လှန်ရေးတပ်တွေကထိန်းချုပ်နယ်မြေအချို့ စွန့်ရတဲ့အချိန်မှာ မိဘတွေဆီပြန်ကြောင်း ၊မိဘတွေဆီပြန်တာနားလည်ပေးနိုင်သေးသော်လည်း သူ့ကိုအပ်ထားတဲ့တပ်ပိုင်း ဆိုင်ကယ်အသစ် နဲ့ ကျပ်သိန်းဆယ်နဲ့ချီ ခိုးယူသွားကြောင်းသူကဆက်လက်ရေးသားထားပါတယ်။
စဉ့်ကူးမြို့နယ်က တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက တော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး “အခုပြေးတယ်ဆိုတဲ့ ရဲဘော် တွေက အရင်တည်းက တော်လှန်ရေးမှာ ပါဝင်လာကြတဲ့သူတွေမဟုတ်ဘူး။၁၀၂၇
စတဲ့အချိန် တော်လှန်ရေး အား ကောင်းလာတာရယ်၊စစ်မှုထမ်းကိစ္စရယ်နဲ့ ရောပြီး ရောက်လာကြတာ။အခုနယ်မြေ ဆုံးရှုံးတဲ့အချိန် စကစ ဆီကူးတယ်။အရင်တော်လှန်ရေးအစထဲကပါဝင်လာကြတဲ့ ရဲဘော်တွေက မပြေးကြပါဘူး”လို့ ပြောပါတယ်။
စစ်တပ်ဘက်ကလည်း PDF ၅၀၀ကျော်အလင်းဝင်တယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ မန္တလေးမြို့၊အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ အခမ်းအနား၂ကြိမ်လုပ်ပြီးဝါဒဖြန့်ပါတယ်။ စစ်တပ်နဲ့ ပူးပေါင်းသွားသူတွေပါဝင်သလို စစ်တပ်က ပျူစောထီးတွေ ၊စစ်တပ်နဲ့ နီးစပ်သူတွေ စတဲ့သူတွေကို တော်လှန်ရေးအဖွဲ့အယောင်ဆောင်ခိုင်းပြီး လိမ်လည်ဝါဒဖြန့်တာများစွာပါဝင်နေတယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
စစ်တပ်နဲ့ ပူးပေါင်းသူတွေကိုစစ်တပ်က ထိန်းချုပ်ပြီးဖုန်းတွေကနေ တဆင့် ကျန်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေကို ခြိမ်းခြောက်တာ၊စစ်တပ်နဲ့ ပူးပေါင်းဖို့ မြူစွယ်တာတွေလည်း ဆက်တိုက်လုပ်နေတယ်လို့ တပ်ဖွဲ့တွေဆီက သိရပါတယ်။
ဒါအပြင်စစ်တပ်နဲ့ပူးပေါင်းသွားသူတွေကို စစ်အုပ်စုက ခေတ္တသာ ကြိုဆိုတယ်ဆိုပြီး ဝါဒဖြန့်ဘက်ပြောင်းသွားတဲ့ တော်လှန်ရေးရဲဘော်တွေ လှည့်ဖြားဖမ်းဆီးခံနေရပြီး လက်ရှိ ပခုက္ကူအကျဉ်းထောင်ထဲမှာ အကျဥ်းချခံထားရကြောင်း
ထောင်မှ ပြန်လည်လွတ်မြောက်လာသူတစ်ဦးရဲ့ ပြောပြချက်ကိုကိုးကားပြီး မကွေးတိုင်း၊ ရေစကြိုမြို့နယ်အခြေစိုက် Southern YSO PDF အဖွဲ့ တာဝန်ခံ ကိုအောင်မောင်းက ပြောထားပါတယ်။
စစ်ကောင်စီဟာ သူတို့နဲ့ပူးပေါင်းတယ်ဆိုသူတွေကို တောင်ကြီးနဲ့ မန္တလေးမြို့ကြီးတွေမှာ ကြိုဆိုဧည့်ခံပွဲတွေ ပြုလုပ်ပေးကာ နေအိမ်မှာ ခေတ္တပြန်နေခွင့်ပြုခဲ့ပေမဲ့ စောင့်ကြည့်မှုတွေ ပြုလုပ်ခဲ့ကြောင်း၊ အဲဒီနောက် အချိန်တိုအတွင်း ပြန်လည်ဖမ်းဆီးကာ ထောင်သို့ ပို့ဆောင်ခဲ့တာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။


















































