ဧပြီ-၂၈၊ ၂၀၂၆။ထားမြတ်/People’s Spring
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့လုံခြုံရေးနှင့်ကာကွယ်ရေးကောင်စီတို့ ဧပြီ ၂၇ရက်က တွေ့ဆုံခဲ့ပြီး လက်ရှိ နိုင်ငံရေးအခြေအနေတွေ မြေပြင်စစ်ရေးဆိုင်ရာတွေကို ပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်ခဲ့ဟု CRPHက ထုတ်ပြန်ပါတယ်။
တွေ့ဆုံမှုကို ဧပြီ ၂၇ရက်က ပြုလုပ်ခဲ့ပြီး ယာယီသမ္မတ ဒူဝါလရှီးလ၊ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
၄နာရီကြာမြင့်ခဲ့တဲ့ တွေ့ဆုံမှုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့အခက်အခဲများ၊ လိုအပ်ချက်များ၊ ပသုံးလုံး ယန္တရားနဲ့ ပတ်သက်တဲ့ တွေ့ရှိချက်များ၊ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုများ၊ မြေပြင်အခြေအနေများမှာ ပြည်သူလူထုတွေ့ကြုံခံစားနေရတဲ့ စိန်ခေါ်မှုများကို အကြံပြုတာ ဆွေးနွေးတာ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

Public Service Announcement
ထို့အပြင်လွှတ်တော်ကဏ္ဍအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်များနဲ့ အစိုးရတို့အကြား ပူးပေါင်းဆောင်ရွက်သင့်တဲ့ ရှေ့လုပ်ငန်းစဉ်တွေကိုလည်း ဆက်လက် ပူးပေါင်းလုပ်ဆောင်ဖို့၊ စဉ်ဆက်မပြတ် တွေ့ဆုံကြဖို့လည်း တိုင်ပင်ခဲ့တယ်လို့ အသိပေးပါတယ်။
NUGအနေနဲ့စစ်အာဏာရှင်သိမ်းမှုကို ပြင်းထန်စွာကန့်ကွက်ပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ဖို့ ကြိုးပမ်းလျက်ရှိရာအခက်အခဲ စိန်ခေးမှု အကန့်အသတ်များစွာ ရှိနေဆဲဖြစ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ဧပြီ ၁၇ရက် NUG ဖွဲ့စည်းမှု ၅နှစ်ပြည့်နေ့မှာ အသိပေးပြောကြားထားပါတယ်။ ဒါပမေဲ့ အခက်အခဲ အတားအဆီး ဘယ်လောက်များသည်ဖြစ်စေ အားလုံးအတူလက်တွဲပြီး စစ်အာဏာရှင်စနစ် ကင်းစင်တဲ့ လွတ်လပ်ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းသစ်ဆီ မရပ်မနားဆက်လက်ချီတက်ကြဖို့လည်း ယာယီသမ္မတက တိုက်တွန်းထားပါတယ်။


















































