Connect with us

Hi, what are you looking for?

သတင်း

မြန်မာနဲ့ နယ်စပ်တလျှောက် လုံခြုံရေး အားဖြည့်ဖို့ ထိုင်းရဲ့ အထူးတပ်ဖွဲ့တွေ ဖြန့်ကျက်

မြန်မာနိုင်ငံနဲ့ နယ်စပ်တလျှောက် လုံခြုံရေးကို ကူညီ အားဖြည့်ဖို့ ထိုင်းစစ်တပ်ရဲ့ နရစွမ် အထူးတပ်ဖွဲ့ကို ဖြန့်ကျက်သွားမယ်လို့ သိရပါတယ်။

ဧပြီ -၂၈ ၊၂၀၂၆

မြန်မာနိုင်ငံနဲ့ နယ်စပ်တလျှောက် လုံခြုံရေးကို ကူညီ အားဖြည့်ဖို့ ထိုင်းစစ်တပ်ရဲ့ နရစွမ် အထူးတပ်ဖွဲ့ကို ဖြန့်ကျက်သွားမယ်လို့ သိရပါတယ်။

ထိုင်းနဲ့ထိစပ်ရာ မြန်မာဖက်ခြမ်း နယ်စပ်မှာ အာဏာသိမ်း စစ်တပ်နဲ့ တော်လှန်ရေး အင်အားစုတွေကြား တိုက်ပွဲ ပြင်းထန်နေတဲ့နောက် ထိုင်းက ပဋိပက္ခတွေ ကူးစက်မလာစေဖို့အတွက် နယ်စပ်လုံခြုံရေးကို အထူးအလေးပေး ကိုင်တွယ်နေပါတယ်။

အခုအခါမှာတော့ ကရင်ပြည်နယ်၊ မြဝတီ မြို့နယ်ထဲက ဝေါလေမြိုင်နားမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထိုင်းဖက်ခြမ်းက တက်ခ်ပြည်နယ်၊ ဖော့ဖရားခရိုင် နယ်စပ်မှာ နရီစွမ် အထူးတပ်ဖွဲ့တွေကို အားဖြည့် စေလွှတ်ဖို့ စီစဉ်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

ထိုင်းစစ်တပ်ရဲ့ အမှတ် ၄၂၃ ခြေလျင်တပ် လက်အောက်ခံ နရစွမ် တပ်ဖွဲ့ရဲ့ ရာဂျက်ချ်နူ ယူနစ်ဟာ နယ်စပ် လုံခြုံရေး ကူညီအားဖြည့်ဖို့ လိုအပ်တဲ့ လက်နက် ဖြည့်တင်းမှုနဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

အဲဒီ ယူနစ်ဟာ နယ်စပ် လုံခြုံရေး တာဝန်ယူထားတဲ့ အာဏာပိုင်တွေကို သွားရောက် ကူညီပြီး ဒေသခံ ပြည်သူတွေရဲ့ လုံခြုံရေး တာဝန်တွေကိုပါ ရယူသွားမယ်လို့ ဆိုပါတယ်။

ထိုင်းစစ်တပ်ကတော့ နယ်စပ်ဒေသ လူ့အဖွဲ့အစည်းတွေရဲ့ လုံခြုံရေးအတွက် အစွမ်းကုန် ပြင်ဆင်ထားမယ်လို့ ကြေညာခဲ့ပါတယ်။

ထိုင်းအာဏာပိုင်တွေဟာ နယ်စပ်တစ်ဖက်ခြမ်းက အခြေအနေတွေကို အချိန်နဲ့ တပြေးညီ စောင့်ကြည့်နေပြီး ပြည်သူတွေ အနေနဲ့လည်း အလွန်အကျွံ စိုးရိမ်စရာ မလိုကြောင်း အသိပေးထားပါတယ်။

ဒေသခံ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း မြန်မာဖက်ခြမ်း တိုက်ပွဲတွေကနေ လက်နက်ကြီး ပစ်ခတ်သံတွေ ဆက်တိုက်ဆိုသလို ကြားနေခဲ့ရကြောင်းလည်း သိရပါတယ်။

ကိုးကား၊ ဓာတ်ပုံ – กองกำลังนเรศวร

ဆက်စပ်သတင်းများ