Connect with us

Hi, what are you looking for?

သတင်း

အရာတော်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရထားတဲ့ပျူစောထီးဇနီးနဲ့သမီးကို ​တော်လှန်​ရေးရဲ​ဘော်​တွေ ကယ်တင်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရပြီး ပိတ်မိနေတဲ့ ပျူစောထီးတစ်ဦးရဲ့ဇနီးနဲ့ ၎င်းတို့ရဲ့သမီးကို ကယ်တင်စောင့်ရှောက်ထားကြောင်း အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖက ထုတ်ပြန်ပါတယ်။

(ပျူစောထီးဇနီးအား ကယ်တင်ပြီး ဆေးဝါးကုသပေးနေစဥ်။ ဓာတ်ပုံ-အရာတော်ပကဖ)

ဧပြီ ၂၈၊ ၂၀၂၆။ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရပြီး ပိတ်မိနေတဲ့ ပျူစောထီးတစ်ဦးရဲ့ဇနီးနဲ့ ၎င်းတို့ရဲ့သမီးကို ကယ်တင်စောင့်ရှောက်ထားကြောင်း အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖက ထုတ်ပြန်ပါတယ်။

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ အရာတော်မြို့နယ်မှာ သလဲဘာကျေးရွာက ပြည်သူ့စစ်(ခ)ပျူစောထီးငလင်းရဲ့ ဇနီး မပိုတင်ဆိုသူဟာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု​ကြောင့် ရရှိတဲ့ ဒဏ်ရာတွေနဲ့အတူ တွေ့ရှိခဲ့ရပြီး ဆေးကုသပေးနေကြောင်း၊ ၎င်းအပြင် (၃)နှစ်အရွယ် သမီးကိုပါ စောင့်ရှောက်ထားကြောင်း အရာတော်ပကဖက အသိပေးပါတယ်။

ထပ်မံရရှိတဲ့သတင်းအရ အခုလိုကယ်တင်​ပေးတာမှာ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF )တပ်ရင်း​တွေ​ရော ၊ပကဖ ​တွေ​​ရော ပါဝင်တယ်လို့သိရပါတယ် ။

Public Service Announcement

Public Service Announcement

“တိုက်ပွဲတွင်း Y12 ကြဲတဲ့ ဗုံးထိ၊ ဒဏ်ရာရပြီး မထနိုင်ဖြစ်နေတာ။ ငါတို့ ရဲဘော်တွေကတွေ့လို့ မိုင်နဲ့ချီ နေပူကြီးထဲ ထမ်းလာရပြီး လုံခြုံတဲ့ တနေရာမှာဆေးကုပေးနေပါတယ်။”လို့ အရာတော်ပကဖရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒါ့အပြင် ၎င်းအမျိုးသမီးအတွက် အမျိုးသမီးလူနာစောင့်ကိုပါ စီစဥ်ပေးထားကြောင်း သိရပါတယ်။

“ငါတို့က လုံခြုံရေးအရ တနေရာကနေ တနေရာရွေ့ရင် သူ့ခမျာသူ့ကို သတ်မယ်ထင်ပြီး ကြောက်နေရှာတာ။ ငါတို့က လူကိုလူလို တန်ဖိုးထားတယ်၊ ဘာမှမဖြစ်စေရဘူး၊ တတ်နိုင်သလောက်ကုသပေးမယ်လို့ ပြောထားရတယ်။”လို့ အရာတော်ပကဖက ဆိုပါတယ်။

လက်ရှိ တိုက်နေတဲ့စစ်ပွဲဟာ အမုန်းတရားကြောင့်မဟုတ်ဘဲ လွတ်လပ်မှုနဲ့ ပြည်သူကိုချစ်တဲ့စိတ်နဲ့ တိုက်ပွဲဝင်နေတဲ့ တရားသောစစ်သာဖြစ်ကြောင်း အရာတော်ပကဖက ထပ်မံအသိပေးပါတယ်။

“မင်းတို့ကို ရွာကာကွယ်ဖို့အတွက် ဆိုပြီး စစ်တပ်က ပြောထားတယ်တဲ့။ အခု သူတို့ကိုယ်တိုင် ကိုယ်လွတ်ရုန်းပြီး သွားချင်ရာသွားတော့ဆိုပြီး လူသားဒိုင်းအဖြစ် စစ်ပွဲထဲလွတ်လိုက်တဲ့ ပြည်သူတွေကိုလည်း တယောက်မကျန် ငါတို့က ကူညီစောင့်ရှောက်နေပါတယ်။ မင်းတို့ကာကွယ်ချင်ပါတယ်ဆိုတဲ့ ပြည်သူကို အခု ငါတို့က ကာကွယ်ပေးနေပါတယ်။”လို့ အရာတော်ပကဖက ရေးသားပါတယ်။

ပျူစောထီးတွေအနေနဲ့ အသက်ကိုရင်းပြီး တကယ်တမ်း ကာကွယ်‌နေရတာ ဘယ်သူ့အတွက်ဆိုတာကို ပြန်စဥ်းစားကြဖို့ အရာတော်ပကဖက တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ