ဧပြီ-၂၈၊၂၀၂၆။ရှိန်း/People’s Spring
စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့တဲ့မတ္တရာမြို့နယ်မှာတိုက်ပွဲတွေဖြစ်စဉ် စစ်တပ်မီးရှို့ဖျက်ဆီးခဲ့တဲ့အိမ်တွေကို စစ်တပ်ကလျော်ကြေးငွေတဝက်ပြန်ပေးမယ် PDFတွေကမီးရှို့တာလို့ပြောခိုင်းစည်းရုံးပြီး အိမ်စာရင်းတွေလစတင်ကောက်ယူနေတယ်လို့ဒေသခံတွေကပြောပါတယ်။
မတ္တရာမြို့နယ်အရှေ့ခြမ်း နဲ့ မြို့နယ်အတွင်းကကျေးရွာအများစုကို မန္တလေးPDF နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ရှမ်းမန်းစစ်ဆင်ရေး (၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်း)မတိုင်ခင် နဲ့ အပြီးမှာထိန်းချုပ်နိုင်ခဲ့ပါတယ် ။စစ်တပ်က ဆုံးရှုံးထားတဲ့နယ်မြေတွေကို ပြန်ထိန်းချုပ်နိုင်ဖို့ ၂၀၂၅ သြဂုတ်လကစပြီး တန်ပြန်ထိုးစစ်ဆင်ချိန်မှာကျေးရွာပေါင်း မြောက်များစွာကို လေယာဉ်နဲ့ ဗုံးကြဲခဲ့သလို အကြိမ်ကြိမ်မီးရှို့ဖျက်ဆီးတာ တွေလည်းပြုလုပ်ခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။
မတ္တရာမြို့နယ်ကို ၂၀၂၅ခုနှစ် အောက်တိုဘာလမှာ စစ်တပ်ကပြန်ထိန်းချုပ်နိုင်သွားပြီးတဲ့နောက် ဒေသခံ တွေကိုကျေးရွာအတွင်းပြန် ဖို့အမျိုးမျိုးစည်းရုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

Public Service Announcement
အဲဒီနောက် ဧပြီလ၂၈ ရက်နေ့မှာ စစ်ပွဲတွေအတွင်း မီးလောက်ဖျက်ဆီးခံခဲ့ရတဲ့အိမ်တွေကို နေအိမ်ရဲ့ တန်ဖိုးတဝက်ပြန် ပေးမယ် ဒါပေမယ့် အိမ်တွေကို PDF တွေက မီးရှို့သွားတာလို့ပြောပေးရမယ်ဆိုပြီး စာရင်းစလုပ် နေတယ်လို့ ဒေသခံ တွေကပြောပါတယ်။
မန္တလေး- မတ္တရာလမ်းပေါ်မှာပဲရှိတဲ့ ရေနံ့သာရွာကို စစ်တပ်က ဧပြီ ၂၈ ရက်မှာ မီး လောင်တဲ့နေအိမ်စာရင်းစတင် ကောက်ယူပြီး PDF၊ပကဖနဲ့ တော်လှန်ရေးအဖွဲ့အစည်း တွေက နယ်မြေ စွန့်ခွာချိန်မှာ မီးရှို့သွားတာလို့ ပြောရမယ်လို့ ဒေသခံ တွေကို စည်းရုံးထားတယ်လို့ ဒေသခံအချို့ကပြောပါတယ်။
“မတ္တရာအရှေ့ခြမ်းမှာလည်း ကျေးရွာတချို့ ဒီနေ့စပြီးစာရင်း ကောက်တယ်လို့ ပြောတယ်။ ငွေတဖက်ပြပြီး တဖက်က လက်နက်နဲ့ ခြိမ်းခြောက် နေတယ် “လို့ ဒေသခံတဦးကပြောပါတယ်။
စစ်တပ်က မန္တလေး မြို့နဲ့အနီးဆုံး မတ္တရာမြို့နယ်မှာ စည်းရုံးရေး တွေဆက်တိုက်လုပ်နေသလို လက်နက်ကြီးအထိုင်စခန်းတချို့ကိုလည်းအခိုင်အမာလုပ်နေတယ်လို့ စုံစမ်းသိရပါတယ်။
စစ်တပ်က မတ္တရာမြို့နယ်မှာအခုလို စည်းရုံးနေတဲ့အပြင် အိမ်ပြန်နေတဲ့ ပြည်သူတွေကို ပြီးခဲ့တဲ့လက အမျိုးသား၃၀ကျော်လောက် ရုတ်တရက် ပေါ်တာဝင်ဆွဲတာ တွေလည်းပြုလုပ်ခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။




















































