Connect with us

Hi, what are you looking for?

သတင်း

ကနီ မှာ စစ်ကြောင်းထိုးလို့ ပြည်သူ ၈,၀၀၀ ကျော် စစ်ဘေးရှောင်နေရ

စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ်အတွင်းကို အာဏာသိမ်း စစ်တပ် က အင်အားအလုံးအရင်းသုံးပြီး ဧပြီလ ၂၈ ရက်မှာ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဒေသခံပြည်သူ ၈,၀၀၀ ကျော် ဘေးလွှတ်ရာကို စစ်ဘေးရှောင်နေရတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

ဧပြီ – ၂၉ ၊၂၀၂၆ ၊ ဆိုင်းမင်း/People’s Spring

စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ်အတွင်းကို အာဏာသိမ်း စစ်တပ် က အင်အားအလုံးအရင်းသုံးပြီး ဧပြီလ ၂၈ ရက်မှာ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဒေသခံပြည်သူ ၈,၀၀၀ ကျော် ဘေးလွှတ်ရာကို စစ်ဘေးရှောင်နေရတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

ယင်းမာပင်မြို့နယ် ၊ ဘန့်ဘွေးပျုစောထီးတပ်စခန်းကနေ အင်အား ၃၀၀ လောက်ပါတဲ့ စစ်ကြောင်းက ဧပြီလ ၂၈ ရက်မှာ ကနီနဲ့ ယင်းမာပင်နယ် အစပ်ရှိ ကျေးရွာတွေဆီ စစ်ကြောင်းထိုးလာတာပါ။

ကနီမြို့နယ်ထဲက ချောင်းမ-ကနီလမ်း ၊ မုံရွာ-ယာကြီး-ကလေးဝကားလမ်း အနီးရှိ ကျေးရွာ ၁၀ ရွာ ရှိ အိမ်ထောင်စု ၁,၉၃၀ ကျော်က ပြည်သူတွေထွက်ပြေးနေရပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းမြို့အခြေစိုက် တပ်မ (၃၃) က အင်အား ၃၀၀ ကျော်ကိုသုံးပြီး ကနီမြို့နယ်နဲ့ ယင်းမာပင်မြို့အစပ် ကျေးရွာ နဲ့ ယာကြီး ကလေးဝလမ်းပိုင်းကို စိုးမိုးဖို့ ပြင်ဆင်နေပြီး လက်ရှိ ကနီနယ် ချောင်းမရွာ ၊အောင်မင်္ဂလာ ရွာမှာ တပ်စွဲထားတယ်လို့ ကနီမြို့နယ် သတင်းနဲ့ပြန်ကြားရေးကလည်းအသိပေးပါတယ်။

စစ်တပ် တပ်စွဲထားတဲ့ ချောင်းမရွာ နဲ့ အောင်မင်္ဂလာ ရွာရှိ ဒေသခံအားလုံးထွက်ပြေးနေရသလ်ို အနီးနားကရွာတွေလည်း စစ်ရှောင်နေရပါတယ်။

ပြည်သူလူထု အနေနဲ့ စစ်ကြောင်းထိုး တပ်စွဲထားတဲ့ စစ်တပ်နဲ့ သုံးမိုင်ခန့်အကွာလောက်အထိ ဝေးဝေးနေပေးကြဖို့ လည်းတော်လှန်ရေးတပ်တွေက အသိပေးထားပါတယ်။

ဓာတ်ပုံ – ပြည့်အောင်နိုင်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းမှာ သံချပ်ကာတပ်ရဲ့ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ဖမ်းဆီးခံရပြီးနောက် စစ်ကိုင်းမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ရက်သတ္တပတ်ကျော်ကြာ စစ်ကြောင်းထိုးနေလို့ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ သပိတ်အင်အားစုဝင်တွေက ဒေသခံတော်လှန်ပြည်သူတွေနဲ့ ပူးပေါင်းပြီးသံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်ရှိရေးအတွက် ထောက်ခံတဲ့လှုပ်ရှားမှုကို ဒီကနေ့ (အောက်တို့ဘာ ၂၂) မှာ ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

ကရင်နီဒေသက စစ်ဘေးရှောင်ကလေးငယ်တွေရဲ့ ပညာရေးအတွက် ထောက်ပံ့ပေးမယ့် "Keep Their Dreams Alive Thadingyut Charity Concert 2026" ပွဲကို အွန်လိုင်းကနေ ပြုလုပ်သွားမှာဖြစ်ပြီး တော်လှန်အနုပညာရှင် ဂီတအဖွဲ့ သုံးဖွဲ့က ပါဝင်တင်ဆက်သွားမှာပါ။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ဒီနေ့ အောက်တိုဘာ၂၂ရက် နေ့လယ်ပိုင်းက အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ ဒေသခံနှစ်ဦး သေဆုံးခဲ့ပါတယ်။