ဧပြီ – ၂၉ ၊၂၀၂၆ ၊ ဆိုင်းမင်း/People’s Spring
စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ်အတွင်းကို အာဏာသိမ်း စစ်တပ် က အင်အားအလုံးအရင်းသုံးပြီး ဧပြီလ ၂၈ ရက်မှာ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဒေသခံပြည်သူ ၈,၀၀၀ ကျော် ဘေးလွှတ်ရာကို စစ်ဘေးရှောင်နေရတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။
ယင်းမာပင်မြို့နယ် ၊ ဘန့်ဘွေးပျုစောထီးတပ်စခန်းကနေ အင်အား ၃၀၀ လောက်ပါတဲ့ စစ်ကြောင်းက ဧပြီလ ၂၈ ရက်မှာ ကနီနဲ့ ယင်းမာပင်နယ် အစပ်ရှိ ကျေးရွာတွေဆီ စစ်ကြောင်းထိုးလာတာပါ။

ကနီမြို့နယ်ထဲက ချောင်းမ-ကနီလမ်း ၊ မုံရွာ-ယာကြီး-ကလေးဝကားလမ်း အနီးရှိ ကျေးရွာ ၁၀ ရွာ ရှိ အိမ်ထောင်စု ၁,၉၃၀ ကျော်က ပြည်သူတွေထွက်ပြေးနေရပါတယ်။

Public Service Announcement
စစ်ကိုင်းမြို့အခြေစိုက် တပ်မ (၃၃) က အင်အား ၃၀၀ ကျော်ကိုသုံးပြီး ကနီမြို့နယ်နဲ့ ယင်းမာပင်မြို့အစပ် ကျေးရွာ နဲ့ ယာကြီး ကလေးဝလမ်းပိုင်းကို စိုးမိုးဖို့ ပြင်ဆင်နေပြီး လက်ရှိ ကနီနယ် ချောင်းမရွာ ၊အောင်မင်္ဂလာ ရွာမှာ တပ်စွဲထားတယ်လို့ ကနီမြို့နယ် သတင်းနဲ့ပြန်ကြားရေးကလည်းအသိပေးပါတယ်။
စစ်တပ် တပ်စွဲထားတဲ့ ချောင်းမရွာ နဲ့ အောင်မင်္ဂလာ ရွာရှိ ဒေသခံအားလုံးထွက်ပြေးနေရသလ်ို အနီးနားကရွာတွေလည်း စစ်ရှောင်နေရပါတယ်။
ပြည်သူလူထု အနေနဲ့ စစ်ကြောင်းထိုး တပ်စွဲထားတဲ့ စစ်တပ်နဲ့ သုံးမိုင်ခန့်အကွာလောက်အထိ ဝေးဝေးနေပေးကြဖို့ လည်းတော်လှန်ရေးတပ်တွေက အသိပေးထားပါတယ်။
ဓာတ်ပုံ – ပြည့်အောင်နိုင်

















































