Connect with us

Hi, what are you looking for?

သတင်း

ပြင်းထန်နေတဲ့ ဝင်းတာပန်စခန်းသိမ်းတိုက်ပွဲ နှစ်ဖက်ထိခိုက်ကျဆုံးမှုများ

စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်းတွေနဲ့ပါ တိုက်ပွဲပြင်းထန်နေ

(​လေး​ကေစခန်းကို ​တော်လှန်​ရေးတပ်​တွေသိမ်းပိုက်ပြီးစဥ်။ ဓာတ်ပုံ-အထူးတိုင်းစစ်ဌာန)

မေ-၁၊၂၀၂၆။ဒလပန်း/People’s Spring

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်က ဝင်းတာပန်စခန်းသိမ်းတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

” အခြေအနေကတော့ တိုက်ပွဲပြင်းထန်ပြီး နှစ်ဘက် အကျအဆုံးများတယ်လို့ပဲ အကြမ်းဖျင်းပဲ ပြောလို့ရပါမယ် “လို့ နည်းဗျူဟာ (၂၇) ၊ P2-7801 တပ်ရင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဧပြီ ၁၂ရက်က ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာမှာ အခြေချထားတဲ့ လေးကေတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ၊PDF နဲ့ တော်လှန်ရေးပူး​ပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပါတယ် ။အဲဒီနောက် ဝင်းတာပန်စခန်းကို သိမ်းပိုက်နိုင်ဖို့ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြတာလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်က မြေပြင်ကနေလည်း ဝင်းတာပန်စခန်းကို အင်အားဖြည့်တင်းဖို့ စစ်ကူတွေစေလွှတ်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

အဲ့ဒီစစ်ကူလာတဲ့ စစ်ကြောင်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ပိတ်ဆို့ တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ နည်းဗျူဟာ (၂၇) ၊ P2-7801 တပ်ရင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“စကစဘက်ကလည်း စစ်ကူတွေ ထပ်ဖြည့်ပြီး ဝင်းတာပန်စခန်းရော စစ်ကူလာတဲ့ စစ်ကြောင်းတွေနဲ့ပါ တိုက်ပွဲ ပြင်းထန်နေပါတယ် “လို့ ပြောပါတယ်။

စစ်တပ်က ဝန်းတာပန်စခန်းမကျရေး မြေပြင်အင်အားဖြည့်တင်းတာတွေအပြင် လေကြောင်းကနေ ပါအပြင်းအထန် ခုခံနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်ရာမှာ စစ်တပ်က တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ အရပ်သား ပြည်သူနေထိုင်ရာနေရာတွေကိုပါ တိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်နေတာ ဖြစ်ပါတယ်။

စစ်တပ်က ဧပြီ ၂၃ရက်ညမှာ ဝင်းတာပန်ရွာ နဲ့ ဝင်းတာပန်အထက်ရွာတွေကို Y12 လေယာဉ်နဲ့ ၁၀ကြိမ် ကြဲခဲ့ပါတယ်။

ဧပြီ ဒုတိယပတ်နဲ့ တတိယပတ်အတွင်းမှာလည်း ဘီးလင်းမြို့နယ်ထဲက ဝင်းတာပန်၊ ဝင်းတာပန်အထက်ရွာ၊ ကျောက်ဖျာရွာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ဘုန်းကြီးကျောင်းနဲ့ ဆီဆိုင်တွေ၊ ပြည်သူလူထုနေအိမ်တွေအများအပြား ပျက်စီးခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။