Connect with us

Hi, what are you looking for?

သတင်း

ဖလမ်းက ခေါပွီချိပ်ရွာ စစ်တပ်လေကြောင်းတိုက်ခိုက်မှု ကလေးငယ် ၆ဦးအပါအဝင် သေဆုံးသူ ၇ဦးအထိရှိလာ

ချင်းပြည်နယ်၊ ဖလမ်းမြို့နဲ့ ရိဒ်ခေါ်ဒါမြို့ကြားက ခေါပွီချိပ်ကျေးရွာကို အာဏာသိမ်းစစ်တပ်က မေလ ၁ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သေဆုံးသူ ၇ဦးအထိရှိလာပြီး ကလေးငယ် ၆ဦး ပါဝင်တယ်လို့ ချင်းဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

ချင်းပြည်နယ်၊ ဖလမ်းမြို့နဲ့ ရိဒ်ခေါ်ဒါမြို့ကြားက ခေါပွီချိပ်ကျေးရွာကို အာဏာသိမ်းစစ်တပ်က မေလ ၁ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - VOC

မေ-၂၊ ၂၀၂၆။ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ ဖလမ်းမြို့နဲ့ ရိဒ်ခေါ်ဒါမြို့ကြားက ခေါပွီချိပ်ကျေးရွာကို အာဏာသိမ်းစစ်တပ်က မေလ ၁ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သေဆုံးသူ ၇ဦးအထိရှိလာပြီး ကလေးငယ် ၆ဦး ပါဝင်တယ်လို့ ချင်းဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ ခေါပွီချိပ်ကျေးရွာကို မနေ့က မွန်းလွဲပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

စစ်တပ်က တိုက်လေယာဉ် ၁စီးနဲ့ ဗုံးကြဲခဲ့လို့ ကလေးငယ် ၆ဦးအပါအဝင် ၇ဦးသေဆုံးကာ ၈ဦး ဒဏ်ရာရခဲ့ပြီး နေအိမ် ၁၀လုံး ပျက်စီးခဲ့တယ်လို့ သတင်းရင်းမြစ်က ခေါပွီချိပ်ရွာ ဗုံးကြဲခံရမှုအတွင်း ထိခိုက်သေဆုံး နောက်ဆုံးအခြေအနေတွေကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

” ဒီဟာကတော့ သူတို့ စစ်ရှုံးနေတဲ့အချိန်မှာ လက်တုန့်ပြန်တဲ့ပုံစံ၊ လက်စားချေတဲ့ ပုံစံနဲ့ ပြည်သူနေထိုင်တဲ့နေရာ စစ်ရေးပစ်မှတ် မဟုတ်တဲ့နေရာ ကျေးရွာတွေကို သူတို့ လက်စားချေ လက်တုံ့ပြန် လုပ်တာပဲဖြစ်ပါတယ်။ ဒီဟာကတော့ နိုင်ငံတကာ စံချိန် စံနှုန်းအရ War crime (စစ်ရာဇဝတ်မှု)ပေါ့နော် Crime against humanity (လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု)ဆိုတဲ့ နိုင်ငံတကာ ဥပဒေကိုလည်း ချိုးဖောက်ရာရောက်ပါတယ်” လို့ ချင်းဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ဟာ ဖလမ်းမြို့ ပြန်ရဖို့ထိုးစစ်ဆင်နေချိန် ၂၀၂၅ နှစ်ကုန်ပိုင်းကတည်းက ဖလမ်းမြို့နယ်က ကျေးရွာတွေကို မကြာခဏ လေကြောင်း တိုက်ခိုက်ခဲ့သလို ၂၀၂၆ ဧပြီနောက်ဆုံးပတ် ဖလမ်းမြို့ ပြန်လည်ထိန်းချုပ်အပြီးမှာလည်း လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

ဒါ့အပြင် ဖလမ်းကနေ ဟားခါးမြို့ဘက်ကို ဆက်လက်ထိုးစစ်ဆင်နေလို့ ချင်းတော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ဧပြီ ၃၀ရက် ဖလမ်း-ဟားခါးကြားတိုက်ပွဲမှာ စစ်တပ် အထိနာပြီး တပ်ပြန်ဆုတ်သွားတယ်လို့ ချင်းပြည်ကောင်စီ အဖွဲ့ဝင် ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

CNO/CNDFဟာ​တော်လှန်​ရေးကိုဆက်လုပ်ဆဲဖြစ်ပြီး အနာဂါတ်တွင်လည်းဆက်လက်​တော်လှန်မည်ဖြစ်သလို မကြာခင်သတင်းထုတ်ပြန်မည်ဟု ​တာဝန်ရှိသူအသိ​ပေး

သတင်း

အာဏာသိမ်းစစ်တပ်က သံတွဲမြို့နယ်၊ရွှေလှေ နဲ့ လင်းသီကျေးရွာတို့ကိုဒီက​​နေ့ ဂျက်ဖိုက်တာနဲ့ ဗုံးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့်အရပ်သားလူနေအိမ်ပေါ် တည့်တည့်ကျပြီး ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။