Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမှာ စစ်တပ်က မင်္ဂလာဆောင်ပွဲ မီးရှို့ဖျက်ဆီး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆင်ချောင်းကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး မင်္ဂလာဆောင်ပွဲအခမ်းအနားပြုလုပ်ထားတဲ့ မဏ္ဍပ်နဲ့ နေအိမ် ၅ဝ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် မင်္ဂလာဧည့်ခံပွဲအတွက် ချက်ပြုတ်ထားတဲ့ အစားအသောက်တွေလည်း ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေ-၂၊ ၂၀၂၆။ဟာနာဆန်/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆင်ချောင်းကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး မင်္ဂလာဆောင်ပွဲအခမ်းအနားပြုလုပ်ထားတဲ့ မဏ္ဍပ်နဲ့ နေအိမ် ၅ဝ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် မင်္ဂလာဧည့်ခံပွဲအတွက် ချက်ပြုတ်ထားတဲ့ အစားအသောက်တွေလည်း ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က မေလ ၁ ရက် မနက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်က မြင်းခြံမြို့နယ်ရှိ ဆင်ချောင်းကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၅၆ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း CDSOM အဖွဲ့မှ ကိုနွေဦး (မြောင်)က ပြောပါတယ်။

ဒါ့အပြင် ကျေးရွာအတွင်း ကျင်းပဖို့ ပြင်ဆင်ထားတဲ့ မင်္ဂလာဆောင်မဏ္ဍပ်ကို မီးရှို့ဖျက်ဆီးတဲ့အပြင် ဧည့်ခံဖို့ချက်ထားတဲ့ ဝက်သားအချိန် ၁၀၀ကျော်ကိုပါ စားသောက်သွားကြောင်း၊ မင်္ဂလာဆောင်မှာ အသုံးပြုတဲ့ အသံချဲ့စက် (စောင်းဘောက်)တွေနဲ့ ​ပြည်သူတွေရဲ့ အဖိုးတန်ပစ္စည်းတွေကိုပါ ယူဆောင်သွားခဲ့ကြောင်း ကိုနွေဦး(မြောင်)က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“မင်္ဂလာဆောင်က အကုန်ထွက်ပြေးရတာပါ။ မြင်းခြံကနေ တလုပ်၊တောပုကနေဆင်ချောင်း၊ညောင်တို၊ရန္တဗို၊ကိုင်း၊ဂင့်ဂဲဘက်တွေ စစ်ကြောင်းထိုးနေတာ။ အင်အား ၃၀၀ခန့်ပါတယ်”လို့ ကိုနွေဦး(မြောင်)က ပြောပါတယ်။

အဲဒီ စစ်တပ်စစ်ကြောင်းဟာ PDFတွေ အလင်းဝင်ကြပါဆိုတဲ့ စာတွေရေးသားခဲ့ကြောင်း သိရပါတယ်။

​ဆင်ချောင်းကျေးရွာ မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်တပ်စစ်ကြောင်းဟာ ဒီကနေ့ မေလ ၂ ရက်မှာတော့

ဧရာဝတီမြစ်ကမ်းဘေးအတိုင်း ဆက်လက်ထွက်ခွာသွားပြီး ရန္တပိုကျေးရွာနဲ့ ကိုင်းကျေးရွာဘက် ဆက် စစ်ကြောင်းထိုး ဝင်ရောက်လျက်ရှိကြောင်း သိရပါတယ်။

​လက်ရှိမှာ စစ်ကြောင်းဝင်ရောက်မှုကြောင့် မြစ်ကမ်းဘေးရှိ ကျေးရွာအချို့မှ ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာ တိမ်းရှောင်နေကြရကြောင်း သိရပါတယ်။

မြင်းခြံမှာ စစ်တပ်က မင်္ဂလာဆောင်ပွဲ မီးရှို့ဖျက်ဆီး မေ-၂၊ ၂၀၂၆။ဟာနာဆန်/People's Spring မန္တလေးတိုင်း၊…

Posted by People's Spring on Saturday 2 May 2026

(ဆင်ချောင်းရွာမင်္ဂလာဆောင်အား မီးရှို့သွားစဥ် ရုပ်သံ-Ko Nway Oo – Myaung )

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်ကို ရဲကွန်မန်ဒိုဆိုပြီး စစ်ကြောင်းထိုးလာတဲ့စစ်တပ်လက်​အောက်ခံလက်နက်ကိုင်အဖွဲ့​တွေဟာ ပြည်သူ​တွေရဲ့နေအိမ်တွေက အင်္ကျီ၊လုံချည်၊ထဘီ တွေကိုပါခိုးယူနေတာမို့ စစ်ဘေးရှောင်ပြည်သူတွေအခက်အခဲဖြစ် နေတယ်လို့ ​ဒေသခံပြည်သူ​တွေ နဲ့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ် ရေးအဖွဲ့(ပကဖ)က ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းနဲ့ စစ်တပ်ပေါင်းပြီး ဒေသခံ ၁၁ဦးကို စစ်သားစုဆောင်းဖို့ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာ​ပြည်သူ ၉ဦး​ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

Facebook