Connect with us

Hi, what are you looking for?

သတင်း

၁၀၂၇စစ်ဆင်ရေးက စစ်သုံ့ပန်း ၁၀၀ခန့် TNLAပြန်လွှတ်ပေး

မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲခဲ့တဲ့ ၁၀၂၇စစ်ဆင်ရေးအတွင်းက ဖမ်းမိခဲ့တဲ့စစ်သုံပန်းတွေထဲက ၁၀၀ခန့်ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က စစ်တပ်ထံ ပြန်လွှဲပေးလိုက်တယ်လို့သတင်းရရှိပါတယ်။

(စစ်သုံ့ပန်းအဖြစ် TNLAရဲ့ ဖမ်းဆီးခံရတဲ့ ပခုက္ကူအခြေစိုက် ခြေမြန်တပ်မဌာနချုပ် အမှတ် (၁၀၁) တပ်မမှူး ဗိုလ်မှူးချုပ်မင်းမင်းထွန်း ဝန်ခံထွက်ဆိုနေစဉ်။ ဓာတ်ပုံ-TNLA Info)

မေ-၈၊၂၀၂၆။ဇော်ရမ်း/People’s Spring

မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲခဲ့တဲ့ ၁၀၂၇စစ်ဆင်ရေးအတွင်းက ဖမ်းမိခဲ့တဲ့စစ်သုံပန်းတွေထဲက ၁၀၀ခန့်ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က စစ်တပ်ထံ ပြန်လွှဲပေးလိုက်တယ်လို့သတင်းရရှိပါတယ်။

ဒီနေ့ မေလ ၈ရက်မနက်အစောပိုင်းမှာ ပြန်လွှတ်ပေးလိုက်တာဖြစ်ပြီး ကျောက်မဲမြို့နယ်မှာ စစ်တပ်က လက်ခံရယူခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

” အရာရှိတွေလည်းပါတယ်လို့ကြားပေမယ့် အရပ်စကားပဲကြားရတာပါ။ ကျောက်မဲကိုလာပို့သွားတာ။ စစ်တပ်က တပ်ရင်းတွေထဲမှာ လက်ခံတယ်ပေါ့”လို့ ကျောက်မဲမြိုဒေသခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

TNLA နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) ဟာ ၂၀၂၃ အောက်တိုဘာ ၂၇ရက်နဲ့ အာရက္ခတပ်တော်(AA)က နိုဝင်လာလ ၁၃ရက်မှာ ၁၀၂၇စစ်ဆင်ရေးဖော်ဆောင်ပြီး မြို့သိမ်းတိုက်ပွဲတွေ တိုက်ခိုက်ခဲ့ပါတယ်။

TNLAက ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းမှ သီပေါ၊ ကျောက်မဲ၊ နမ့်ဆန်၊ မိုင်းလုံ၊ မိုးမိတ်၊ မိုးကုတ်၊ မန်တုံ၊နမ္မတူ၊ ကွတ်ခိုင်၊ နောင်ချို၊နမ့်ခမ်းနှင့် မိုင်းငေါ့မြို့တို့ကို သိမ်းပိုက်ထိန်းချုပ်ခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိမှာတော့ သီပေါ၊ ကျောက်မဲ၊မိုးမိတ်နဲ့ မိုးကုတ်မြို့တွေကို စစ်တပ်က ပြန်လည်ထိန်းချုပ်သွားပါတယ်။

ကွတ်ခိုင်မြို့ကိုလည်း ပြီးခဲ့တဲ့မတ်လမှာ MNDAAက ပြန်လည်ထိန်းချုပ်သွားပါတယ်။

AAက ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တွေ၊ ကျောက်ဖြူနဲ့မာန်အောင်မြို့ကလွဲပြီး ရခိုင်ပြည်နယ်က ကျန်မြို့ တွေကို သိမ်းယူထားပါတယ်။TNLA နဲ့MNDAAက စစ်ကောင်စီနဲ့အပစ်ရပ်ထားပေမယ့်

AAကတော့ စစ်ကောင်စီနဲ့ဆွေးနွေးခြင်းမရှိသလို လက်ကျန်မြို့သိမ်းတိုက်ပွဲတွေဆက်လက်တိုက်ခိုက်နေပါတယ်။

လက်ရှိမှာလည်း စစ်တွေမြို့၊ ကျောက်ဖြူမြို့နဲ့ ဧရာဝတီ၊ပဲခူး၊ မကွေးတိုင်းတွေက ရခိုင်ပြည်နယ်စပ်ဒေသတွေမှာ စစ်ကောင်စီစခန်းတွေကိုဆက်လက်တိုက်ခိုက်နေပါတယ်။

စစ်ဆင်ရေးအတွင်းဖမ်းမိတဲ့စစ်သုံပန်းတွေကို သုံးဖွဲ့စလုံးက အသုတ်လိုက်ပြန်လွှတ်ပေးလေ့ရှိပါတယ်။ TNLAဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ရက်က (၆၃) နှစ်ပြည့် တအာင်းအမျိုးသား တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သုံးပန်း ၁၀၀ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါသေးတယ်။

တအာင်းအမျိုးသား တော်လှန်ရေးနေ့အထိမ်းအမှတ်အဖြစ် PSLF/TNLA ဥက္ကဌ တားအိုက်ဘုန်းရဲ့အမိန့်နဲ့ စစ်သုံ့ပန်း ၁၀၀ကျော်ကို ပြန်လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။

TNLA ဖမ်းဆီးထားတဲ့စစ်သုံ့ပန်းတွေထဲမှာ တပ်မ(၁၀၁) တပ်မမှူး ဗိုလ်မှူးချုပ်မင်းမင်းထွန်းလည်း ပါဝင်ပါတယ်။

နမ့်ဆန်မြို့သိမ်းတိုက်ပွဲအတွင်း TNLA က ဖမ်းဆီးခဲ့တာဖြစ်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် စစ်ဗိုလ်ချုပ်တွေ ပြည်သူလူထုအပေါ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေ ရပ်တန့်ဖို့ဗိုလ်မှူးချုပ်မင်းမင်းထွန်းက တောင်းဆိုခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

အသိအမှတ်ပြုမှုရပါက စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါမယ်လို့ TNLA ဘက်က ဆွေးနွေးထား

သတင်း

တအာင်းတပ်မတော်(TNLA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း TNLပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပါတယ်။